နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 22 August 2010

ပြည်တော်ဝင်!!!!!!!!!!!!!!!!!!!!!!!



ပြည်တော်ဝင် သီချင်းဟာ စစ်အတွင်းက သီချင်းတပုဒ်ပါ ဂီတပညာရှင်ကြီ အေ၀မ်းဆရာညှာ ရေးစပ်သီကုံး ခဲ့တဲ့သီချင်းလေးပါ ၊ အေ၀မ်ဆရာညှာ ဆိုတာက အရဟံဂုဏ်တော် ၊ ဇွဲ ၊ နဲ့ အများကြားဘူး ကြတဲ့ မြန်မာ့အသံက သတင်းလာခါနီးလေးမှာ တီးတတ်တဲ့ စံတော်ချိန်လို တီးလုံးမျိုးတွေကို ဖန်တီးတီထွင်ခဲ့သူပေါ့ ၊ ဆရာညှာ ဟာနှဲအမှုတ်အင်မတန် ကောင်းတယ်လို့လဲ မှတ်သားထားဘူးပါတယ် သူ့ရဲ့နှဲနဲ့ (ကြတ်ဖတိန်ညင် တောကိုဝင် ) ဆိုတဲ့ကဗျာ ကိုမှုတ်တာ ကဗျာကိုလူဆို နေသလိုဘဲတဲ့ခင်မျာ ၊ အဲလောက်တော်ခဲ့ င်္ဂီတပညာရှင်ကြီး တွေရဲ့သမိုင်းကို အင်တာနက်မှာတောင် ရှာမရတော့တာတော့ ၀မ်းနည်းဘို့ အရမ်းကောင်းပါတယ် ၊ ဆရာညှာဟာ ငယ်စဉ်ကတည်းက ၊ မျက်မမြင်ဖြစ်ပါတယ် သီချင်းရေးတော့မယ်ဆိုရင် ပါးစပ်က နုတ်တိုက်ဆိုပေး ပြီး တပည့်တစ်ယောက်က လိုက်ရေးရပါတယ် ၊ (စိတ်အလိုဆန္ဒမှာ အားလုံးသိကြဘွယ် ၊ ကိုယ့်ကိုကိုယ်ကြိုးရှာ အမျိုးသားများတို့ရယ် )လို့အရဟံဂုဏ်တော်သီချင်းမှာဖွဲ့ဆိုခဲ့လေရဲ့၊ အဲလိုသီချင်းမျိုးကို တထိုင်ထဲမှာ ရေးသားစပ်ဆို နိုင်တဲ့ ပညာရှင်ကြီးရယ်ပါ ၊ အခုပြည်တော်ဝင်သီ ချင်းဆိုတာကလဲ တခြားမဟုတ်ပါဘူး ၁၉၄၂ က ၁၉၄၅အထိ ဒုတိယကမ္ဘာစစ်ဖြစ်တော့ မြို့မအသင်းသားတွေ အတော်များများစစ်ကိုင်းတောင်ရိုးမှာ စစ်ခိုလှုံကြတယ် ၊ သူတို့နဲ့အတူ မန္တလေးမြို့သူမြို့သား အများပြားလဲ အတူတူစစ်ခိုလှုံကြပါတယ် ၊ စစ်ကြီးပြီးလို့ မန္တလေးကိုပြန်ဘို စုရုံးချိန်မှာ ဆရာညှာက ဒီပြည်တော်ဝင် သီချင်းကိုစပ်ဆိုရေးသား ပေးလိုက်ပါတယ်တဲ့ ၊ စစ်ကြီးပြီးခြင်းရဲ့ အထိမ်းအမှတ် ၊ ကိုယ့်ဋ္ဌာနေမဟုတ်တဲ့နေရာမှာ ရောက်နေသူတွေ ဋ္ဌာနီဋ္ဌာနပြန်ရတော့ မဲ့အထိမ်းအမှတ် အဆိုးတွေပျောက် အကောင်းတွေရောက်ဘို့ အထိမ်းမှတ်နဲ့ဒီပြည်တော်ဝင် သီချင်းကိုရေးသားစပ်ဆိုခဲ့ကြ မဟုတ်ပါလား ၊ ယခုလဲ (မြန်မာအလင်းနဲ့ကြေးမုံအလိုအားဖြင့်) ခေတ်မှီငြိမ်းချမ်းသော ပြည်ထောင်စုသမ္မတနိုင်ငံ တော်ကြီးဆီသို့ ချီတတ်နေပြီဆိုတော့ အဆိုးပျောက်ပြီး အကောင်းရောက်လာပြီမဟုတ်လား ခင်မျာ ၊ အဲဒီတော့ ဒီပြည်တော်ဝင်သီချင်းလေးနဲ့ ရွှေပြည်လွမ်းတဲ့ နိုင်ငံသားသမီးတို့ဋ္ဌာနီဋ္ဌာန ပြန်ကြရဘို့ ပြည်တော်ဝင် သီချင်းလေး နဲ့ကြိုဆိုလိုက်ပါရစေလားခင်မျာ…..။

ပြည်တော်ဝင်
တေးရေးသူ = အေ၀မ်းဆရာညှာ

ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ x နေ့တိုင်းပဲ သတိရတယ်လေ x
ကျုပ်တို့မြို့မ x အသင်းသားများတွေ x တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ x x
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ x ရွှေမန်းသူမေ မေးလိုက်သံတွေ x
သြော် ကျန်းမာကြပါရဲ့လို့ ကျွန်တော်တို့ မြို့မမောင်တွေ x ရွှေမန်းသူမေ ပြောလိုက်ပါလေ x
စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည် x တစ်ခါတလေတော့ မျှော်မှန်း လွမ်းမိတဝေေ၀ x
ပြန်ချင်ဇောတွေ x ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ x x

အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ x

မန္တလေး ရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကား ဟိုတုန်းခါကလေ x
အဲဒါတွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x
မန္တလေး ရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကား ဟိုတုန်းခါကလေ x
အဲဒါတွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x
မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x
သြော် မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x
လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်ကြလေ x
အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x မြို့မအသင်းကပြောပေ x
အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x ကျုပ်တို့အသင်းကပြောပေ x
ဖြစ်ဟဲ့ဆို .. ဖြစ်ရမယ်တဲ့ x ခေတ်သစ်လူများ အားအင်တောင့်တင်းပေ x x

အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ x



ဦးဝင်းဦးရဲ့ ပြည်တော်ဝင်သီချင်းကို ဒီမှာဒေါင်းလုပ်ယူနိုင်ပါတယ်....
http://www.mediafire.com/?1teimimk1t2



 ဒါကတော့ စံတော်ချိန်တီးလုံးကီးလေးတွေ ဆရာညှာရဲ့ဖန်တီးမှုပေါ့ ဂီတာနဲ့ ပြန်လည်ဖန်တီးထားတာ




ပြည်တော်ဝင်သီချင်းစာသားကို မြို့မရဲ့တရားဝင်ဝက်ဆိုက်ကနေကူးယူဖော်ပြတာပါ ၊အောက်က စံ တော် ချိန်တီးလုံးနုတ်တွေကတော့ ဂီတာနိုင်ဇော် (ခ) ဦးနိုင်ရဲ့ဆိုဒ်ကပါစစ်တွင်းက သီချင်းဖြစ်တယ်လို့ ဦးသန့် ဇော် (မြို့မတူရိယာ) ကဖြေကြားပေးတာပါ...........။

2 comments:

ညိမ်းနိုင် said...

ဇေရေ....ဒေါင်းလို့ရဘူးဗျို့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇေတို့အရွယ်က ဒီသီချင်းတွေလဲ သိနေတာဘဲနော်..
တော်လိုက်တာအေ..
ချီးကျူးပါရဲ့...
သီချင်းလေးရဲ့ အဓိပ္ပါယ်လေးက သိပ်ကောင်းတာဘဲ.. နားလဲ နားထောင်ခဲ့ဖူးပါတယ်လေ.. ဒါပေမဲ့ မေ့နေတာကြာပြီ ခုမှ ပြန်အမှတ်ရသွားတယ်
ကျေးဇူး..

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...