နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 4 August 2010

ကြေညာစာတမ်း (ရ+၈+၉+၁၀)

လူသားအားလုံးသည်အလုံးစုံတူညီသည်ဖြစ်၍ ၊ အခွင့်အရေးနှင့် ပြစ်ဒဏ်တူညီရမည်ဖြစ်ရာ မည် ကဲ့သို့သောအကြောင်းအရာတို့နှင့်မျှ ၊အခွင့်ရေးပိုမိုရရှိခြင်း ၊ ပြစ်ဒဏ်ပေါ့လျှော့ခြင်းမရှိစေရ အား လုံးတပြေးညီသာဖြစ်စေရမည် ၊လူ့အခွင့်ရေးကြေညာစာတမ်းပါ အကြောင်းအရာအချက်လက်တို့ မည်သည့်အဖွဲ့အစည်း ၊ မည်သည့်အုပ်စု ၊ သို့တည်းမဟုတ် တစုံတယောက်၏ အမိန့်အရသရော်ဖီဆန်မလုပ်စေရ ထိုသို့သောအချက်တို့ကိုရီရွယ်ပြီး ၊ ကျေညာချက်၏ သတ္တမအပိုဒ်တွင် ဤကဲ့သို့ ရေးသားထားသည် ။ 


Article (7)
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။  


နိုင်ငံဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ၊ တခြားသောဥပဒေများတွင်လည်း ကောင်းပြဋ္ဌာန်းထားသောလူတိုင်းအတွက်အခြေခံအခွင့်အရေးများကို တစုံတယောက် ၊ အုပ်စုတခု အဖွဲ့စည်းတရပ်က ချိုးဖောက်ခဲ့သော်ထိုကိစ္စအတွက်နိုင်ငံတော်တရားရုံးမှ နစ်နာမှုကို ကြားနာစစ် ဆေးသက်သာစေရမည် ၊ (ဒီနားလေးစကားမစပ်)၁၉၄၈လောက်ကပေါ့ဗျာ အာရှတိုက်မှာမြန်မာ နိုင်ငံရဲ့တရားစီရင်ရေးကို ခေတ်အမှီဆုံးတရားစီရင်ရေးရှိတဲ့နိုင်ငံလို့တောင်သမုတ်ကြသတဲ့ ၊အဲဒီ ခေတ်အဲဒီအခါတုန်းကတော့တရားစီရင်ရေးဋ္ဌာနကိုဘယ် အာဏာပိုင်ကမှ ၀င်ရောက်စွက်ဖက်လို့ မရအောင်ကို အခြေခံဥပဒေကကန့်သက်ထားပေးသပေါ့ ၊ တရားရုံးတော်ကလဲဘယ်လောက် လက်စောင်းထက်သလဲဆိုရင် ၊ ၁၉၄၀နှောင်းပိုင်းတွေမှာ အစိုးရကိုလက်နက်ကိုင်ပုန်ကန်နေတဲ့ ရောင်စုံသူပုန်တွေကို ဟိုဟာတွေကဖမ်းကြလွန်းလို့၊ ရုံးတော်က မည်သူတဦးတစ်ယောက်ကိုမျှ တရားမ၀င်ဖမ်းဆီးခြင်းမရှိစေရလို့ တရားရုံးက ရဲကိုအမိန့်ထုတ်လိုက်တာကို သတင်းစာဟောင်း တွေမှာဖက်ဖူးသေးသပေါ့ တရားရုံးဆိုတာအဲလောက်အာဏာရှိပါတယ် ၊ နောက်ကျတော့တဖြေး ဖြေးတရားရုံးသြဇာကျလာလိုက်တာ သွားလေသူခေါင်းဆောင်ကြီးလက်ထက်မှာ တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင်ဒဏ်၆နှစ်အပြစ်ပေးရာကနေစလိုက်တာယနေ့တိုင်တရားရုံးဟာ ဗောင်း တော်ငြိမ့်စိတ်တော်သိ အဆင့်ကိုဒလက်မန်းကြမ်းကိုထိုးကျသွားပါတော့တယ် ၊ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ Human Rights Watch အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရွှေပြည်ကြီးရဲ့ တရားရေးဋ္ဌာနဟာ အေးချမ်းဖြိုးအဖွဲ့ရဲ့ အကျိုးကိုသာသယ်ပိုးတဲ့ဋ္ဌာနဖြစ်ပါသတဲ့ ၊ အဲလိုအ ကြောင်းအရာတွေကိုတားမြစ်သောအားဖြင့် ၊ ကြေညာချက်ရဲ့ အဋ္ဌမအပိုဒ်မှာ ဒီလိုလေးရေးသား ထုတ်ပြန်ထားပါတယ်။ 

 
Article (8)
Every one has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.
အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာ ခွင့်ရနိုင်စေရမည်။  


လူတစ်၏ယုံကြည်ချက်အရလုပ်သင့်သည်ဟုယူဆသောအလုပ်ကိုလုပ်သောအခါ ၊ ထိုလူ၏လုပ် ဆောင်ချက်သည် တိုင်းပြည်သို့လည်းကောင်း၊ လူမျိုးသို့လည်းကောင်းထိခိုက်နစ်နာမည်ဆိုပါက ထိုသူသည်ရာဇ၀တ်မှုမြောက်သည်ဟုယူဆဘွယ်ရာရှိကြောင်း ရာဇသက်ကြီးတွင်ဆိုပါတယ် ၊ ထို သို့မဟုတ်ပါဘဲလျှက် ၊ လူတစ်ယောက်၏ပြောဆိုရေးသားမှုသည် မကောင်းမှုလုပ်နေသောလူတစ် ယောက် ၊ မကောင်းမှုမျိုးစုံကိုကျုးလွန်နေသောအဖွဲ့စည်းတရပ်ရပ်အား ၄င်းတို့လုပ်ဆောင်နေ သောမကောင်းမှုကို မီးမောင်းထိုးပြသကဲ့သို့ ထင်သာမြင်သာအများပြည်သူသိရှိသွားသည်ဆိုပါ ကထိုမီးမောင်းထိုးပြသောလူသည်ရာဇ၀တ်မူထိုက်သူမဟုတ်ပေ ၊ ထိုကြောင့်ထိုသူသည် ဥပဒေကို လေးစားလိုက်နာသူသာဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ကို ဖမ်းဆီးအကျဉ်းချခြင်းခြင်း ၊ နိုင်ငံတော်ပုန်ကန် မှုကဲ့သို့သော ပုဒ်ထီးပုဒ်မတပ်ခြင်းများသည် တရားဥပဒေအရသော်လည်းကောင်းလူ့အခွင့်ရေးအ ရသော်လည်းကောင်းတရားဝင်သောဖမ်းဆီးခြင်းများမဟုတ်ချေ လူ့အခွင့်ရေးကြေညာစာတမ်း တွင်ထိုထိုအကြောင်းတို့ကိုရီရွယ်၍ န၀မမြောက်အပိုဒ်တွင်ဤကဲ့သို့ဖော်ပြထားပါသည်..။ 

 
Article (9)
No one shall be subjected to arbitrary arrest. detention or exile.
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။  


မည်သည့်တရားခံမဆို တရားရုံးတော်တွင် လူ့အခွင့်ရေးတာဝန်ဝတ္တရားအရ ကမ္ဘာကျော်လူသက် ကောင်ဆမ်ဒမ်ဟူစိန်သည်ပင် ၊ရှေ့နေငှားရမ်းခွင့်ကိုရရှိခံစားနိုင်သည် ၊ လူများရှေ့မှောက်တွင် ရုံး တင်စစ်ဆေးခံယူနိုင်ခွင့်ရှိသည် ၊ အထူးတရားရုံးဟူ၍ ထောင်တွင်းတွင်ဖွဲ့စည်းခြင်း ၊ တိက်တဆိတ် တံခါးပိတ်ဆုံးဖြတ်ခြင်း ၊ ရုံးတော်မှပြစ်ဒဏ်မချရသေးဘဲ ၊ ထောင်ဘယ်နှစ်နှစ်ဟူ၍ ရှေးပြေးသ တင်းထွက်ခြင်း ၊ ထိုကဲ့သို့လူကိုလူမဆန်စွာရိုင်းပြသောအမူအကျင့်စရိုက်တို့ကိုတားပြစ်သောအား ဖြင့်ကြေညာစာတမ်း၏ ဒဿမအပိုဒ်တွင်ဤကဲ့သို့ဖော်ပြသည်...။ 

 
Article (10)
Every one is entitled in full equality to a fair and public heauing by an independent and impartial tribunal,in the determination of his rights and of any criminal charge against him.
အပိုဒ် ၁ဝ
အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။  


ဆက်လက်ဖော်ပြပါမည်........................။

4 comments:

Anonymous said...

[url=http://cyclosporine.webs.com]cyclosporine levels for aplastic anemia
[/url] sandimmun infarmed
ciclosporina laboratorio
ciclosporina colite ulcerosa

Anonymous said...

[url=http://www.microgiving.com/profile/ribavirin]purchase virazole online
[/url] order ribavirin online
virazole 200 mg online
ribavirin 100 mg

Anonymous said...

[url=http://buy-methylprednisolone.webspawner.com/]depo medrol sciatica
[/url] medrol methylprednisolone tablets
solu medrol reviews
methylprednisolone im

Anonymous said...

http://biaxin-buy.webs.com/ buy clarithromycin online no prescription
http://sustiva-efavirenz.webs.com/ order Generic Sustiva 200 mg online
http://asacol-mesalamine.webs.com/ Rowasa buy
http://www.freewebs.com/pentasa-mesalamine/ mesalamine

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...