နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 28 August 2010

မင်္ဂလာပါ…



အားလုံးပဲ မင်္ဂလာပါ…။ ဒီတလော စာမေးပွဲဖြေနေတာနဲ့ ဘလော့ဂင်း မလုပ်ဖြစ်တာ တော်တော်ကြာသွားတယ်…။ ဇေ က တတ်နိုင်သလောက် မအားတဲ့ကြားက ဘလော့မှာ ပိုစ့်လေးတွေ တင်ထားပေးလို့သာ ကျွန်မဘလော့လေး ဒီလောက်ရပ်တည်နေနိုင်တာပါ..။ အရင်ဆုံး ဇေတာရာကို ကျေးဇူးတင်ရမှာပေါ့…။ ကျေးဇူးတင်ပါတယ် ဇေရေ…။ အင်းးးခု အားနေပြီဆိုတော့ ပိုစ့်အသစ်တွေ ရေးမယ်ဆိုတော့ ဘာရေးလို့ရေးရမှန်းမသိဘူးးးး..။ ဇေ ရေးထားတာတွေကလဲ ကောင်းလွန်းနေတယ်ဆိုတော့ သူရေးသလောက် မကောင်းတောင် အဆင်ပြေသလောက်ကောင်းအောင်ရေးမှ ဖြစ်မယ်လေ…။သိတဲ့အတိုင်း ကိုကိုဇေက သူ့လောက်စာရေးတာ မကောင်းရင် လူကို သိပ်နှိမ်ချင်တာ…။ ဘာမှမရေးဖြစ်သေးခင် ဘလော့တွေလိုက်လည်ဖြစ်တယ်…။


အော်… စာမေးပွဲ အခြေအနေကတော့ ရှယ်ပဲ..။ ဖြေနိုင်တယ်… တော်တော်ဖြေနိုင်တယ်လို့ပြောရင် ကြွားရာရောက်မယ်…။ တကယ်တော့ ကံကောင်းသွားတာ… ကျက်တဲ့ အပုဒ်တွေပါလာတာပေါ့…။ နောက်တနှစ်ကိုဘယ်လို ဖြတ်သန်းရအုံးမလဲမသိဘူးးး ကျောင်းတက်ရတာ စိတ်ညစ်လာပြီ..။ ဒါပင်မဲ့ကျောင်းသား ဘ၀ကိုတော့ မက်မောမိတယ်…။ အပူအပင်ကင်းတယ်လို့ ခံစားမိတယ်..။

စာမေးပွဲဖြေတော့ သူငယ်ချင်း ၂ ယောက်ခြစ်ချသွားတယ်…။ စိတ်မကောင်းဖြစ်သွားတယ်..။ ဘာလို့ ဒီလိုမိုက်ရူးရဲဆန်ကြတာလဲပေါ့…။ ကျွန်မဘ၀မှာ အဲလိုလုပ်ဖို့တခါမှ မစဉ်းစားဖူးဘူး…။ သူတို့ကို သတ္တိရှိတယ်လို့ပဲ ပြောရမလားးး..။


ဒီပိုစ့်လေးကတော့ ဘာရေးရမှန်းမသိသေးလို့ ဟိုရေးဒီရေးရေးမိတာပါ…။ ကုန်ကြမ်းတွေရှာနေပါတယ်..။ အသစ်တွေပေးချင်ပါတယ်။။။ စာအုပ်တွေ လက်လှမ်းမှီသလောက် လိုက်ဖတ်နေပါတယ်…။ စာမေးပွဲပြီးပင်မဲ့ လက်တွေ့ပရောဂျက် ရှိပါသေးတယ်..။

စာမေးပွဲရက်အတွင်း ကျွန်မကို အသေးစိတ်လိုက်စိတ်ပူပေးနေတဲ့ အဖေ နဲ့ အမေ ကိုကျေးဇူးတင်ပါတယ်…။ ညတိုင်းဖုံးဆက်ပြီး အားပေးတဲ့ သူငယ်ချင်းးး…။ မနက် စာမေးပွဲနောက်ကျမှာစိုးလို့ အိပ်ရေးပျက်ခံနိုးပေးတဲ့ သူငယ်ချင်းးး။ နားမလည်တဲ့စာတွေကို အချိန်ပေးရှင်းပြပေးတဲ့ သူငယ်ချင်း…အားလုံးကိုကျေးဇူးတင်ပါတယ်…။

 

ပြီးတော့ ကျွန်မတို့ ဘလော့လေးကို စောင့်ရှောက်ပေးထားတဲ့ ဇေတာရာ..။ wordpress နဲ့ .tk ကိုပြောင်းပေးဖို့ကူညီနေတဲ့ ကိုမာန်နတ်…။ Blog အတွက် Template လှလှလေးတွေ ဖန်တီးပေးတဲ့ နတ်ဆိုးလေး …။ ကျွန်မတို့ဘလော့လေးမှာ ကျွန်မနဲ့ ဇေ ပိုစ့်တွေတင်ချင်တာ တင်ပင်မဲ့ စိတ်မပျက်ပဲ လာဖတ်ပေးကြတဲ့ ဘလော့ဂါမောင်နှမ တွေအားလုံးနဲ့…၊ Cbox မှာမအော်၊ ကွန်မန့်မပေးပင်မဲ့ အပြင်မှာ နင့်ဘလော့က ဘာလိုတယ်..ဘာဖြစ်တယ်ဆိုပြီး အားမနာတမ်းဝေဖန်ပေးတဲ့ sclient reader သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောရင်း ကျွန်မနှင်းမိုးမိုး ပြန်လာပါပြီလို့…..။

7 comments:

Zay Tar Yar said...

အင်း ပြန်လာရင်လဲ ကောင်းကောင်းနေဟေ့ ဟိုအော်ဒီအော် မလုပ်နဲ့ မျက်စိနောက်တယ် စာမေးပွဲဖြေ တာများဗျာ ၊ အဆန်းလုပ်လို့ သူကျမှ သောက်ကြီးသောက်ကျယ် ဘာသာစုံဂုဏ်ထူးထွက်လာတဲ့ကောင်ပါ ၊ တနိုင်ငံလုံး ဒုတိယ ရလာတာ ဘာစာမှမကျတ်ဘူး ယုံရင်ယုံမယုံရင်နေ
သူများလို အရပ်ကယ်ပါလူဝိုင်းပါ မလုပ်ပါဘူး အေးဆေးပါ အခုတော့ဗျာ ဟွန်း

:P said...

ညီမရေ...

စာကြောင်းတွေ တစ်ကြောင်းနဲ့ တစ်ကြောင်းထပ်နေလို့၊ font ကို သေးကြည့်ပေမယ့်လည်း ဖတ်လို့ အဆင်မပြေသေးဘူး၊

အချိန်ရရင် စာကြောင်းလေးတွေ ချဲပေးပါဦးနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်း ပြန်လာပြီဆိုတော့ ကြိုဆိုပါတယ်နော်
စာမေးပွဲဖြေနိုင်တယ်ဆိုလို့လဲ ၀မ်းသာပါတယ်...
နှင်းကို နှိပ်သလိုလိုနဲ့ ဇေက တစ်နိုင်ငံလုံး ဒုတိယ ရတာ ထည့်ကြွားသွားတယ်း))
ကိုကိုကြွားး)

Anonymous said...

စိတ်ဝင်စားလို့ တစ်ခုလောက်မေးချင်လို့.. အခုဖြေတာ ဘာစာမေးပွဲလဲ.. ၁၀-တန်းလား.. အစက တက်ကသိုလ် (sorry.. I have problem in my keyboard) တက်နေတာထင်လို့.. သူငယ်ချင်း ၂-ယောက်ခြစ်ချခဲ့တယ်ဆိုတော့ နဲနဲနားမလည်ဘူး ဖြစ်သွားတယ်.. နောက်ပြီး အခုချိန်က ၁၀-တန်း စာမေးပွဲအချိန်လား.. ကျေးဇူးပါ..

ကိုကိုးအိမ်(မန္တလေး) said...

အော် ကိုအနားနီးမတ်စ်ရေ နှင်းအစား ကိုးပဲရှင်းပြပေး မယ်နော်။ နှင်းတက်နေတာ နည်းပညာတက္ကသိုလ်ပါ။ နည်းပညာက ဒုတိယနှစ်မှာ ဂုဏ်ထူးထွက်မှ ဘီတက်ခ်ျ ဆက်တက်ရပါတယ်။ ဘီတက်ခ်ျဒုတိယနှစ်မှာ ဂုဏ်ထူး ထွက်မှ ဘီအီးဆက်တက်ရပါတယ်။ ဘီအီးမှာ ဂုဏ်ထူးထွက်မှ အမ်အီးဆက်တက်ရပါတယ်။ အဲတော့ ဂုဏ်ထူးမထွက်လောက်ဘူးထင်ရင် မဖြေဘဲခြစ်ချခဲ့ကြ တာပါ။ နောက်နှစ်ဂုဏ်ထူးထွက်ရင် ဆက်တက်လို့ရ မယ်လေ။ အောင်ရုံဆို ရပ်ပစ်လိုက်ရတဲ့ကျောင်းပါ။ ဒါကြောင့် ခြစ်ချတယ်လို့ပြောတာပါခင်ဗျာ..
ဟုတ်ကဲ့ ကျွန်တော် ကိုကိုးအိမ်ပါ... ဟဲဇေ့စတိုင်လ်

ခင်မင်လျှက်
ကိုကိုးအိမ်

Anonymous said...

အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ.. ကိုကိုးအိမ်.. :D

ကောင်းမွန်ဝင်း said...

စာမေးပွဲတစ်ခုကို ရှယ်ဖြေနိုင်ခဲ့တာသိရလို့ ၀မ်းသာပါတယ်။
အောင်စာရင်းထွက်ရင်ပြောဦးနော်။
ပိုပျော်ရတာပေါ့။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...