နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 3 May 2010

တခြားစီ

ပြောစေချင်တာ တခြား ၊ပြောပြနေတာတခြား
ဖြစ်စေချင်တာတခြား ၊ဖြစ်နေရတာ တခြား
မြင်နေချင်တာတခြား ၊မြင်နေရတာတခြား
ပြဒါးတစ်လမ်း ၊ကံတစ်လမ်းမှာ
ကံက ကြမ်းတော့၊ အတူလှမ်းနေရ
လွမ်းနေချင်တာတခြား ၊ နမ်းနေရတာတခြား
တွယ်နေချင်တာတခြား ၊သွယ်နေရတာတခြား
ဘယ်ရေစက်အားကြောင်း
ဘ၀..နာ…၊ ခါးနေရ
တောင့်တနေတာတခြား ၊ကြောင့်ကြနေတာတခြား
မရေရာ ဝေဒနာခပ်များများမှာ
လောကဓံ ထိုရှစ်ပါးအနက်
မနှစ်သက်သူဘေးမှ ကင်းဝေးစေရာ
ဤမှတပါး
ပြည့်ဝရပါလို ၏..အရှင်ဘုရား…။

No comments:

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...