သွေမဖောက်ခုနော် ။
လင်ငါးယောက်ခုပေါ်စေ
ကျွန်တော်ကမလွဲ ။
တစ်သက်လုံးလင်ငယ်နေပါ
သည်မေကိုရိုးပြာကျစွဲ ။
ချစ်လှလို့သည်းညည်းခံတယ်
ဆဲရေးသံကိုလည်း
အငြိမ့်သံဇာတ်ပွဲလို
စိတ်ထဲကထင်တယ် ။
ကွာမည်ကိုမဆိုလိုက်နဲ့
မယ်ရိုက်ရင်ဘုန်းခံပါ့မယ် ။
ဖိနပ်နဲ့အရပ်လည်မှာ
မပြတ်ကွယ်ရိုက်စေတော့
နာလိုက်တဲ့စိတ်ကယ်နော်
ရွေးမျှမပေါ် ။
ခင်လေးကကြင်ရေးမျှော်လျှင်
ထမီလျှော်ခိုင်းပါတော့လေး ။ ။
ဒီတေးထပ်လေးကတော့ ဦးပုည တေးထပ်လေးပေါ့..။ ဒီထဲက ဇာတ်ကောင် ကတော့ တော်တော် အချစ်ကြီးတဲ့သူလို့ထင်ပါတယ်…။ ဒါမှမဟုတ် တော်တော်တုံးတဲ့ သူပေါ့နော်..။ ဒီခေတ်မှာ ဒီလိုယောက်ကျား မျိုးလဲ ရှိတော့ပါဘူးရယ်…။
အားလုံးပဲ တေးထပ်လေးကို ဖတ်ပြီး ပြုံးမိသလိုလို ဖြစ်သွားကြမယ် ထင်ပါတယ်..။
အားလုံးပဲ ဘ၀အမောတွေ ပြေကြပါစေ…..။ ။

4 comments:
အဲလိုယောကျာင်္းရ ရင်တော့ယူလိုက်နော် ဆရာမနှင်း
တိုင်ပင်မနေနဲ့ ခပ်သွပ်သွပ်လေးသာလှုတ်ရှားသိလား
တေးထပ်ကိုတော့ခိုက်သွားပီ...
ကူးယူပီး သွားပြရမယ်.. ဟားဟား
လိုက်ရှာမယ်
လိုက်ရှာမယ်
ဒီလိုလူမျိုး ရှာဦးမှာ
အင်း ဒီတစ်သက် တွေ့မယ်တော့မထင်း)
အိ ..
ဘာပြောရမှန်းတောင် မသိတော့ဘူး .. :D
Post a Comment