နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 29 May 2010

အိမ်သာစာ...


Latrine; toilet; lavatory; water closet.





အိမ်သာစာဆိုတာကြားဘူးကြလားတော့မသိဘူး ။ အများစုကတော့ ခေါင်းလောင်းမှာရေးကြ၊  နောက် ဘုရားစေတီတွေ မှာရေးကြ ၊ အင်းယားလိုနေရာမှာလဲ အပန်းဖြေဘို့ လုပ်ထားတဲ့ ထိုင်ခုံလေးတွေ ရှိကြတော့ အဲလိုနေရာတွေ ရေးကြတယ် ။ တချို့ကတော့ ဘက်စ်ကား ထိုင်ခုံမျိုး၊ ဘူတာထိုင်ခုံလေး တွေမှာလဲ ရေးတတ်ကြတယ်လေ ။ စာလေးတွေက ၀မ်းနည်းစရာလေးတွေ ရေးခဲ့ကြသလို ၊ ၀မ်းသာစရာလေးတွေ ၊ အမှတ်တရလေးတွေ  ရေးကြတယ် ။ ရွှေတိဂုံပေါ်မှာရေးခဲ့တဲ့ စာလေးတခုကြတော့ (၂၁ . ၈ ၂၀၀၃ သူနဲ့လာချိန်းတွေ့တယ် ပျော်လိုက်တာ) တဲ့အဲလိုလေး...။ အင်းယားက ထိုင်ခုံတခုမှာကြတော့ (ကျော်ကျော်ဖာဂေါင်း) တဲ့။ နောက် စိမ်းလန်းစိုပြေထဲက ခုံတစ်ခုမှာ ဖတ်လိုက်မိတာကြတော့ ၀မ်းနည်းစရာလေးဘဲ (ချစ်သောသူငယ်ချင်းများနဲ့ နောက်ဆုံးစားသောက်ပျော်ပါးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် တဲ့) အဲလိုလေးတွေပေါ့လေ ။ လွမ်းမောစရာလေးတွေ ၊ ပျော်ရွင်စရာလေးတွေ ၊ ၀မ်းနည်းစရာလေးတွေပေါ့ ။ အဲလိုစာမျိုးလေးတွေကို မြန်မာနိုင်ငံ အရပ်ရပ်က စေတီပုထိုးတွေ ၊ ထိုင်ခုံတွေ ၊ ခေါင်းလောင်းတွေမှာ ရေးတတ်တယ်ကြတယ်လေ ။ အများစုကတော့ အမှတ်တရနဲ့ ရေးကြတာပါ ။ ဘုရားမှာရေးခဲ့ရင် ဘုရားစာပေါ့ ၊ ခေါင်းလောင်းမှာရေးရင် ခေါင်းလောင်းစာ လေ ၊ ထိုင်ခုံမှာရေးတော့ ထိုင်ခုံစာ ၊ အိမ်သာမှာရေးတော့ အိမ်သာစာဖြစ်ကရော......။

အခုရေးမဲ့ဟာက အိမ်သာစာအကြောင်းပါ ။ အိမ်သာစာရေးရင် ကျွန်တော့အကြောင်းပါ အရင်ပြောမှဖြစ်မှာမို့ နဲနဲပြောပါရစေ ။ ကျွန်တော့်မှာ ရောဂါတခုရှိတယ် အိမ်မှာနေရင် တနေ့တခါဘဲ ရေအိမ် ၀င်တယ် ။ အပြင်သွားရင် ခဏခဏ ရေအိမ်သုံးတတ်ပါတယ် ။ ဘယ်လိုသဘောလဲမသိပေမဲ့ ဒါကအကျင့်လိုကို ဖြစ်နေပါပြီ ။ မရမ်းကုန်းမြို့နယ် တလွှားမှာတော့ ကျွန်တော်မသုံးဘူးတဲ့ အိမ်သာမရှိပါဘူး လို့ပြောရင်တောင် လွန်မယ်မထင်ပါ... junction8 ကအိမ်သာဆိုရင် သက်စေ့တောင်မကတော့ပါဘူး ၊ Ocean ကအိမ်သာဆိုလဲ မဆိုးပါဘူး သက်စေ့လောက် တက်ခဲ့ဘူးပါတယ် ။ မြိုင်ဟေ၀န်  ပန်းခြံထဲက စည်ပင်သာယာအိမ်သာလဲ တတ်ဘူးပါတယ် ။ ကမ္ဘာအေးဘုရားဝင်းထဲက စည်ပင်သာယာ အိမ်သာ ဆိုလဲမလွတ်သလို ၊ ဂမုန်းပွင့် ၊ ပန်းဆိုးတန်းလမ်းက ဂျေနိုးနပ် ၊ ကုန်တိုက်တခုကို ရောက်သွားရင် မ၀ယ်ဘဲသာပြန်လာတာရှိရမယ် အီးအီးမပါဘဲနဲ့တော့ ဘယ်တော့မှပြန်မလာဘူး ။ အော် လမ်းမတော်လမ်းက စည်ပင်သာယာအိမ်သာကြီးလဲ တတ်ဘူးပါရဲ့ ။ ဟိုစိမ်းလန်းစိုပြေထဲက အိမ်သာဆိုရင် လူကိုတောင် အဲက ဘွားတော်ကမှတ်မှိနေပြီ ။ ဟိုအတွင်းထဲက ဆိုင်ကပြောတာမ ဟုတ်ဘူးနော် ။ အင်ယားထဲဝင်သွားရင် အရင်ဆုံးတွေ့ရတဲ့ ဆိုင်.. အဲဆိုင်က တခါတက်မှ ၂၀လားရယ် တန်တယ် နဲနဲတောနံသပေါ့ ။  နောက်ပြည်သူ့ရင်ပြင်အိမ်သာ ၊ ဟတ်ပီးဝေါ ၊ နောက် မန္တလေးရောက်တော့ မဟာမြတ်မုနိဘုရားကြီးထဲက အိမ်သာ ၊ မန်းတောင်ပေါ်က အိမ်သာ ၊ နန်းတွင်းထဲက အိမ်သာ တော်တော်စုံပါပြီ ။ ဒီတော့ အိမ်သာကျွမ်းကျင် (သို့မဟုတ်) အိမ်သာအတွေ့အကြုံရင့်ကျက်သူ လို့ပြောရင်လဲရပါတယ် ။


အိမ်သာဆိုတာ ဆိုင်တဲ့လူဘဲတတ်ရတာလေ ။ နေရာတိုင်းမှာ ကျား ၊ မ နဲ့ ရေးထားတာကိုး ။ မ အိမ်သာတော့ တခါမှမတက်ဘူးလို့မသိဘူး ။ ကျား အိမ်သာကတော့ စာပေသမားတွေ ကျက်စားတဲ့ နေရာလို့ ပြောလို့ရတယ် ။ တခါတခါ တွေးတောင် တွေးမိသေးတယ် စာရေးဆရာဆိုတာ အိမ်သာထဲကများဖြစ်သလားလို့ ။ ဘယ်နေရာက အိမ်သာကိုတက်တက် စာကတော့ရှိတယ် ။ တချို့ကျတော့လဲ စာကို ရေးကလဲရေးချင် အောက် ကလဲ ကြွေပြားကဒ်ထားတာဆိုတော့ ရေးလို့မရတော့ အိမ်ကနေပြီး ကပ်ခွာလေးတွေ ယူလာပြီး ရေးကပ်ခဲ့တယ် ။ အိမ်သာစာဆိုလို့ပေါ့တော့တော့ တော့မထင်လိုက်နဲ့နော် ။ ငိုစရာ ၊လွမ်းစရာ ၊ ဆွေးစရာ ၊ စိတ်မကောင်းစရာ တခုမှ မပါဘူး ။ တရားသဘောနဲ့ စပ်ယှဉ်တာတွေ ၊ ရီစရာကောင်း တာလေးတွေ သာရေးတတ်ခဲ့တာ… အခု အဲအိမ်သာတွေထဲမှာ ရေးထားတဲ့စာလေးတွေကို မှတ်မိသလောက် ရေးပြသွားပါမယ်……။
( စားတော့ပြုံးပြုံး ၊ စွန့်တော့မုန်း ၊ အသုံးမကျ ၊အာဟာရ )  တဲ့ ။ အဲကဗျာလေးက တရားသဘောကို တအားသက်ဝင်သပေါ့ ။ ဟုတ်သားဘဲ စားတုန်းကတော့ သူပြောသလို စွန့်တော့မှ မုန်းစရာကြီး ။
နောက်တတခုက တာဝန်ဝတ္တရား ကျေပွန်ဘို့ သတိပေးထားတဲ့ စာမျိုးလေး………………
( ထသွားပြန်ကြည့် ၊ သတိရှိ ၊ သင်၏ချီးတုံးလူတိုင်းမုန်း ) အဲဒါကတော့ ရေမလောင်းသွားတဲ့ လူ တွေ တနည်း တာဝန်မကျေတဲ့ လူတွေအတွက် သတိပေးထားတဲ့ သံပေါက် ။ ဟုတ်တယ်တချို့က  အကျင့်မကောင်းဘူး  ရေလောင်း မသွားတတ်ဘူး။
ဒါလေးကြတော့ ကျမ်းမာရေးကိုသတိပေးထားတဲ့ စာလေး (မန္တလေးအိပ်သာတခုမှ) …………..
( စောစောစီးကွယ် ၊ရေကိုသောက်လို့ ၊ ရူးရူးပေါက်ပြီးအီးယိုမယ်။
နေ့စဉ်သာကွယ် ၊ မှန်မှန်လုပ်ရင် ၊ကျမ်းမာရေးတွက်ကောင်းပါတယ်။
လုပ်ကွယ်၊လုပ်ကွယ် ။)
နောက်တခုက ကဗျာလဲမဟုတ်ဘူး ရေးသွားတဲ့ လူက လူနောက်ဖြစ်မယ် ။
ကျွန်တော် အိမ်သာတက်ဖို့ တံခါးလဲပိတ်လိုက်ရော တံခါးမှာ ရေးထားတယ် နောက်ကိုကြည့်ပါတဲ့ ကျွန်တော်လဲကြောင်ပြီး နောက်ကိုကြည့်လိုက်တာပေါ့ ၊ နောက်ကနံရံမှာ ဘာရေးထားသလဲဆိုတော့ အထက်ကို ကြည့်ပါတဲ့ ၊ ကျွန်တော်လဲ စာထဲကအတိုင်း အထပ်ကိုမော့ ကြည့်တာပေါ့ ဘယ်လိုရေးထား တယ်မှတ်လဲ  ( -ီးကြည့်တာလား ) တဲ့ ။ ကျွန်တော် တော်တော်လေး လေသွားတယ် ။ ဒီလူ့ကို တော်တော်လေး သဘောကျမိတယ် ။ သူများကိုပြောင်ဖို့ နောက်ဖို့အတွက် သူ့ခမျာ ကြိုးစားပမ်းစား အိမ်သာခေါင်မိုးမယ် တတ်ရေးရတယ်လို့ ။
အဲလိုလေးတွေလဲ ရေးတတ်သလို ၊ တချို့ ယောကျာင်္းမကျ မိန်းမမကျတွေကတော့ လဲ ၊ အိမ်သာမှာဘောပင်နဲ့ရေးပြီး လိပ်စာကိုချီးမြင့်တတ်တယ် ။ ကျန်တဲ့ နေရာသာ မိန်းမလုပ်လို့ ရတာလေ ။ အိမ်သာကို မညာနဲ့ဆိုသမို့လား ။ အိမ်သာကြတော့ ညာလို့မရဘူး။ သိတော်မူတဲ့ အတိုင်း ယောကျာင်္းလေးအိမ်သာဘဲ သုံးရတယ် ။ အဲတော့ သူတို့လဲ ကြုံတုန်းလေး ကြော်ငြာဝင်ကြတာနဲ့တူပါတယ် ။ ဆက်သွယ်ရန်ဆိုပြီး သူတို့လိပ်စာလေးတွေရေးရေးသွားတတ် တယ် ။
နောက်တခုကျတော့ လူပြောင်တွေလေ သူတို့က အပြိုင်အဆိုင်ကြော်ငြာဝင်ကြတာ ။ တခါတခါ ကြော်ငြာသင်ပုန်းလို သဘောထားပြီး ကြော်ငြာကြတာ ၊ ဇေကတော့ အိမ်ကအိမ်သာမှာ တော့ စာအုပ်တအုပ်နဲ့ဝင်သွားတတ်ပါတယ် ။ ပြင်ပအိမ်သာတွေမှာတော့ မဖတ်ဖြစ်ဘူး ။ အဲတော့ ပျင်းတာနဲ့ တောင်ကြည့် မြောက်ကြည့်နဲ့ တွေ့တာတွေလျှောက်ဖတ်တာပါ ။ ကောင်းတဲ့ဟာလေးတွေ ဆိုလဲရေးမှတ်ယူလာခဲ့ရတာပေါ့ ။ တချို့အိမ်သာစာလေးတွေဆိုရင် မှတ်သားစရာလေးမို့လို့ နောက်တခါ အိမ်သာကိုပြန်ဝင်ပြီး တောင်ကူးယူခဲ့ရသေးတယ် ။ ဒါကပြောပြထားတာပါ တော်ကြာ အိမ်သာစာနဲ့ thesis တင်နေတယ်ထင်မှာဆိုးလို့ ။ ကြိမ်းသေတာ တခုကတော့ အိမ်သာစာဟာ အခြား ခုံစာတို့ ၊ ခေါင်းလောင်းစာတို့ ၊ ဘုရားစာတို့နဲ့ မတူဘဲ ရီရွင်ဖွယ်ရာ လေးများကိုသာ ရေးသားထားတတ်တာကို အများအားဖြင့် တွေ့ရတတ်လို့ …. သူငယ်ချင်းတွေလဲ ရီချင်မောချင် ပျော်ရွင်ချင်ရင်ဖြင့် ၊ ဒီတခါ ပြင်ပအိမ်သာတက်ဖြစ်ခဲ့ကြရင် အိမ်သာစာလေးတွေ ဖတ်ပြီး တတ်ကြပါလို့ အိမ်သာ အတွေ့အကြုံများသူ တယောက်အနေနဲ့ တိုက်တွန်းလိုက်ပါတယ် ………။
ဟုတ်ကဲ့ကျွန်တော် ဇေတာရာပါ ခင်မျာ…………………။

                                                                                        


1 comment:

Flower said...

ဇေ့နှယ်အေ
ကြံကြံဖန်ဖန်ရေးတတ်ပါ့
အိမ်သာစုံအောင် တက်ဖူးတာကိုလဲ ၀င်ပြီး ကြော်ငြာသွားသေးတယ်
အံ့ရောအံ့ရော
တော်ကြာ အိမ်သာဝန် လာခန့်နေပါဦးမယ်
ဘာဘဲပြောပြော ရယ်ရယ်မောမောဖတ်သွားတယ်ကွယ်..

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...