နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday, 9 May 2010

ကြောက်ပါပြီဖေဖေ


ဖေဖေကိုကျွန်တော်အရမ်းကြောက်ပါတယ်။ ဖေဖေ့မျက်နှာညိုနေရင် ကျွန်တော်တို့ညီအကိုသုံးယောက် နေစရာနေရာမရှိသလို လုပ်စရာအလုပ်လဲနည်းပါးသွားတတ်ပါတယ် ။ဖေဖေဟာလူဆိုးကြီးတော့မဟုတ်ပါ ။ ကျွန်တော်တို့ညီကိုယ်တွေ ဘောလုံးကန်ရင် သူကဂိုးသမားပါ။  စက်ဘီးထွက်စီးရင်လဲ သူလိုက်စီးပါတယ် ။ ပြေးရင်လဲဖေဖေက  စတီးခရာတခုနဲ့ ကပ္ပတိန်လုပ်ပါတယ်။ အားကစားမျိုးစုံကို သူတယောက်ထဲ ဒိုင်လူကြီးလုပ်ပါတယ်။ ဇာတ်ကားကြည့်လဲ သူဦးဆောင်ပါတယ်။ စာအုပ်အ
ကြောင်းဆိုလဲသူနဲ့မကင်းပါဘူး ။သန့်ရှင်းရေးလဲသူအမြဲတမ်းနီးပါးလောက်ဝင်လုပ်ဆောင်တတ်ပါတယ်။ ကျွန်တော်တို့ညီကိုယ်သုံးယောက်အတွက် ဖေဖေဟာ ပဲခူးဆားပမာတော်တော်လေးခရီးပေါက်မြောက်ပါတယ် ။ အကြံညာဏ်ပေးလဲဖေဖေဟာ
ဝါသနာထုံပါတယ်။  အလုပ်အကိုင်ကိုက ကုမ္မဏီတခုရဲ့အကြံပေးအရာရှိပါ ။ ကောင်မလေးတွေအကြောင်းတိုင်ပင်ရင် မင်းမေမေနဲ့တုန်းကပေါ့လို့ အစချည်ပြီးပြောတတ်သလို  ဟိုကောင်မလေးကို ဇေကြိုက်လို့စာပေးမလို့ဖေဖေ လို့ပြောလိုက်ရင်
တော့ ဒို့တုန်းကသူများသွားရေးခိုင်းရတာဗျ ဇေမင်းကံကောင်းတယ် ဖေဖေကြည့်ပေးမယ်လို့ပြောပြီး တဟားဟားနဲ့အခြောက်တိုက်ရီနေတတ်ပါတယ် ။တယောထိုးရင်လဲသူနဲ့မလွတ်သလို ပီယာနိုခေါက်နေရင်လဲ သူက၀င်သီချင်းဆိုခြင်း လက်ခုပ်အလကားတီးပေးခြင်းစသော အားပေးရာအားပေးကြောင်းကိစ္စအ၀၀ကို ကိုယ့်စရိတ်ကိုယ်စားပြီးတာဝန်ကျေထမ်းဆောင်လေ့ရှိပါတယ်။ အဲလောက်ချစ်စရာကောင်းလှပြီး လူဆိုးမဟုတ်ပါသော ဇေဖခင်ကြီးကိုကြောက်ရခြင်းမှာ ဒီလိုပါ….
       
         ဟိုနှစ်ကောင်လာခဲ့အုံးလို့အကြီးကောင်ကြီးက သံပြတ်နဲ့ခေါ်ပါတယ် ။  ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ကထူးတယ်ဟေ့ဆိုပြီး သူ့အခန်းထဲကိုသွားပါတယ်။ ဘာတုန်း ရူးတိုးတိုး ငါဒီနေ့ သူငယ်ချင်းကပြောတယ် အေးရှားပလာဇာ အောက်ထပ်မှာ night club ရှိသတဲ့ အဲဒါမင်းတို့သိလား.. သိဘူး အေး အဲဒါသွားမလို့လိုက်မလား အာလိုက်မှာပေါ့ လိုက်ရင်ငါပြောတဲ့အတိုင်းလုပ် ကြားလား…။ ဟုတ်ကဲ့ဆရာ… ကျွန်တော်တို့ညီအကိုတွေ တီးတိုးတိုင်ပင်ပြီး ဝေး…လို့အော်လိုက်ပါတယ် ။ကိုယ့်အတွေး
နဲကိုယ်မအိပ်ကြပါဘူး။ ဖေဖေဟာ ညကိုးနာရီထိုးရင် သူ့အခန်းထဲကို မေမေပါတပါးတည်းခေါ်ဆောင်ပြီး မိုးမလင်းမချင်းပြန်ထွက်မလာတတ်တော့ပါ။ ကျွန်တော်တို့ညီအကိုကိုယ့်တာဝန်နဲ့ကိုယ်ခွဲဝေထားတဲ့အတိုင်း ကျွန်တော်ကဖေဖေ့အခန်းကို မီးမှိတ်မမှိတ်သွားချောင်းပါတယ်။ မှိတ်ပြီဆိုပြီး အချက်ပြလိုက်တော့ ဟိုနှစ်ကောင်ဆင်းလာပြီး အလတ်ကောင်က သော့သွားခိုးပါတယ် ။ကျွန်တော်က ခြံသော့ယူပြီး တံခါးကိုသာသာလေးဖွင့်ပါတယ်။  အကြီးကောင်ကကားဂိုထောင်ကိုသွား
ပါတယ်။ ကျွန်တော်လဲတံခါးဖွင့်ပြီးရော ဟိုနှစ်ကောင်ကားကိုတွန်းထုတ်လာပါတယ် ။ ပြီးတော့ကျွန်တော်ကခြံတံခါးကို ပြန်ပိတ်ပါတယ်။ ကျွန်တော့်တသက်မှာ ညီအကိုသုံးယောက်ဒီတခါလောက်ညီညွတ်တာတခါမှမကြုံခဲ့ဘူးပါ… အကြီးကောင်က
ခြံနဲ့ခတ်ဝေးဝေးမှာ စက်နှိုးပြီးစောင့်နေပါတယ။် အလတ်ကောင်ကကျွန်တော့ကိုလာကြိုပါတယ် တက်..တက်..သွားမယ်ဟုဆိုခါကားလေးမောင်းထွက်သွားသောအရသာမှာဒီတသက်စီးဘူးသောကားတကာကားတို့ထဲတွင် မည်သည့်ကားနဲ့မျှမတူပါ ။ထို့နောက် ကလပ်မှာ အကြီးကောင်က ၀ိုင်တပုလင်းတိုက်ပါတယ်။
 သူကတော့ဘာတွေသောက်လဲမသိဘူး။ ကပါတယ်.. အကြီးကောင်ကဆော်တပွေနဲ့စကားပြောပါတယ်။ ညတချက်ထိုးလောက်မှာ ပျော်ရွှင်စွာညီအကိုသုံးယောက် ပြည်တော်ပြန်ခရီးစတင်ပါတယ။် အဲဒီညမှာ ကျွန်တော်တို့ညီကိုယ်သုံးယောက်တယောက်ကိုတယောက် ကြည်ညိုခြင်းလေးစားခြင်း၊  အချင်းချင်းတိုင်ပင်ညီညွတ်ကြခြင်း၊ကတောက်ကစမများခြင်း၊တယောက်ကိုတယောက်ပက်ပက်စက်စက်ထောက်ခံကြခြင်း ၊ မိမိယူထားသောတာဝန်များကိုအသီးသီး မခိုမကပ်တပြေးညီလုပ်ဆောင်ကြလျှက် ညီညွတ်ရေးမင်္ဂလာကို သရုပ်သကန်ပေါ်လွင်သည့်တိုင်ကြီးစွာသောညီညွတ်ခြင်းကို ညီညွတ်လျှက် အကြီးကောင်ကြီးကုတင်ပေါ်တွင် တခေါခေါနှင့် သုံးယောက်ညီညီညွတ်ညွတ်အိပ်ကြပါတယ်။

     နောက်နှစ်ရက်ကြာသောအခါ........ကောင်လေးတွေထမင်းစားမယ်ဟေ့။ စောလိုက်တာ..။ မစောဘူးဟဲ့ ဂျီးမများနဲ့ မြန်မြန်လာခဲ့ကြ ဇေမင်းဖေဖေကိုသွားခေါ် လှည့်   ပါးထမင်းမယ်............အေးမစားဘူး မင်းအမေကိုပြောလိုက် ထမင်းမစားတော့ဘူးလို့  အာ..ဘာလို့လဲ တူတူစားမဲ့ဟာ ကို  "တောက်"ကျွန်တော်တော်တော်ထိန့်လန့်သွားပါတယ် ။ ညစာပါစားချင်စိတ်ပျောက်သွားပါတယ် ။ ဖေဖေတခါမှတောက်မခေါက်ဘူးပါ။ သွားတော့ဇေမင်းမေမေကိုပြောလိုက် ပါးမစားတော့ဘူးလို့ (ဟုတ်)..။အဲဒီတခွန်းနဲ့ဘဲ ကျွန်တော်အောက်ထပ်ကိုပြေးဆင်းလာပါတယ်..။ မေမေဖေဖေတောက်ခေါက်တယ်။ ထမင်းလဲ မစားဘူးတဲ့ မေမေတို့ရန်ဖြစ်ထားလား ။ အကြီးကောင်က ဟိုခွေးမသားလေးအသာနေတာမဟုတ်ဘူး လူကြီးကိစ္စတွေဝင်မပါနဲ့ အလတ်ကောင်ကလဲ ဟုတ်ပ..မင်းအဲကြောင့်မို့ သောက်သုံးမကျတာ..။ ကဲတော်ကြတော့စား မေမေလဲမသိဘူး မနက်ကလဲထမင်းသိပ်ပြီးမစားဘူး။ နေပါအုံးမေမေသွားမေးအုံးပါမယ် ။ ဖေကြီးဖေကြီးရှင်ထမင်းဘာလို့မစားတာလဲ။ အဲအသံနောက်ဘာသံမှမကြားရတော့ပါ … မေမေခေါင်းငိုက်စိုက်ဆင်းလာပါတယ်..။ ကဲမင်းတို့စားတော့မေမေနောက်မှစားမယ်..။ အာဗျာ သုံးယောက်သားသံပြိုင်ထွက်သွားပါတယ်..။ အကြီးကောင်မစားတော့ဘဲထသွားပါတယ်..။ အလတ်ကောင်က အကြီးကောင်ပုဂံထဲကဟင်းကိုပါသူဆယ်ယူစားပါတယ်..။ ကျွန်တော်ကတော့ဗိုက်ဝသည့်အထိစားလိုက်ပါတယ်..။ ထို့နေ့ညတအိပ်လုံးတိတ်ဆိတ်နေပါသည်။ ခါတိုင်းဒီအချိန်ဆိုရင် အသံမျိုးစုံထွက်နေသောကျွန်တော်တို့အိမ်ဟာ တအားတိက်ဆိတ်လွန်းအားကြီးလို့ အိမ်မြောင်များကပင် ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာပြုသည့်အလားတစုတ်စုတ်နဲ့သာစုတ်ထိုးနေပါတော့တယ်..။  ဟေ့ကောင်ဖေဖေဆင်းလာတယ်အကြီးကောင်ကပြောပါတယ်..။
သားတို့လာအုံး ဖေဖေမင်းတို့ကိုပြောစရာရှိတယ် ။
ဟုတ်..။
မင်းတို့ကို ဖေဖေဆုံးမခဲ့တယ်နော်..ဟုတ်လား ?
ဟုတ်ကဲ့ (သံပြိုင် )..
မညာနဲ့မလိမ်နဲ့ပွင့်ပွင့်လင်းလင်းပြော လို့ဖေဖေဆုံးမဘူးခဲ့တယ်မလား …။
ဆုံးမဘူးပါတယ်
ဒါဆိုသားတို့ကိုဖေဖေမေးမယ် မင်းတို့ဖေဖေမသိဘဲဘာလုပ်ခဲ့လဲ ?
 ဘာမှမလုပ်ပါဘူး
 အကြီးကောင်ကြီးပါးမျက်နှာကိုကြည့်ပြောစမ်းဘာလုပ်ထားလဲ
မလုပ်ထားပါဘူး
အိုကေ အလတ်ကောင် ပါးမျက်နှာကိုကြည့်ပြောစမ်း မင်းဘာလုပ်ထားလဲ
မလုပ်ပါဘူး
အိုကေ ဇေပါးကိုကြည့်စမ်း မင်းဘာတွေလုပ်ထားလဲ
ဟုတ်ဘာမှမလုပ်ပါဘူး
အိုကေ ဒါဆိုပါးပြောမယ် ပါးသိပ်ဝမ်းနည်းတယ် မင်းတို့ကို ဖေဖေဟာ သူငယ်ချင်းလိုသဘော
ထားပြီးအရာရာကိုအလိုလိုက်ထားခဲ့တယ် ။
ဖေဖေ့မျက်ဝန်းတွေဟာ ရီဝေပြီးအဝေးကိုငေးကြည့်နေပါတယ်။ အသံဟာထွက်ဘို့မနဲကြိုးစားပြောနေရတဲ့အသံမျိုးပါ ။
မင်းတို့ဒီအရွယ်ထိလိမ်မာကြတယ် ဖေ့ဖေစကားကိုနားထောင်ခဲ့တယ်လို့ဖေဖေဟာ
အမြဲတမ်းဂုဏ်ယူမိတယ် ကိုယ့်ကိုယ်ကိုအထင်လဲကြီးမိတယ် ။ ငါ့သားတွေကိုငါဘက်ပါအောင်ငါစည်းရုံးနိုင်ခဲ့တယ်ပေါ့..မနက်ကကိုအေးမင်းစီက ဖုန်းဆက်လာတယ် ။ မင်းတို့ညီကိုယ်သုံးယောက်ကို အာရှပလာဇာမှာ ည၁၀နာရီလောက်တွေ့ခဲ့တယ်တဲ့ 
မင်းတို့ဖေဖေကိုညာတယ်..။  မင်းတို့ကိုမညာဘို့ဆုံးမခဲ့ပေမဲ့ ဖေဖေတာဝန်မကျေဘူး ။ ဒါကြောင့်ဖေဖေ့ကိုယ်ဖေဖေဒဏ်ခတ်မယ် ။ ဒီနေ့ကစပြီးဖေဖေထမင်းမစားဘူး။
 ဖေကြီးကလဲတော်မဟုတ်တာ ခလေးတွေစိတ်ညစ်နေပါ့မယ်။
မေကြီးမင်းတခွန်းမှဝင်မပြောနဲ့ဟုဖေဖေကမားကိုလှမ်းပြောပါတယ်။ မားထံကတစုံတရာတုန့်ပြန်သံမကြားပါ ။ ငါ့ဘက်ကဘာတွေဝတ္တရားမကျေသလဲ ဘာတွေလိုအပ်နေသလဲပြောကြပါ ။ဟားဟား..နဲ့ဖေဖေဟာ မျက်ရည်တွေကျပြီး ရီပါတယ်။ ဒီအသံဒီမြင်ကွင်း ဒီစကားလုံးများနဲ့ကျွန်တော်တို့
ညီအကိုတွေတော်တော်စိမ်းခဲ့ပါတယ် ။တခါမှမမြင်ဘူးမကြားဘူးခဲ့ပါ ။  အဲအချိန်မှာ အကြီးကောင်က အလတ်ကောင်ကို လက်တို့ပါတယ် ။အလတ်ကောင်က ကျွန်တော့ကိုလက်တို့ပါတယ်။  ညီအကိုသုံးယောက်တပြိုင်နက်ထပြီး ဖေဖေ ခြေသလုံးတွေကိုင်လိုက်ပြီး ပါးစပ်ကသားတို့မှားပါတယ်ဖေဖေလို့ တညီတညွတ်ထဲ တိုင်ပင်ထားသလို ပြိုင်တူထွက်သွားပါတယ။်  ဒါပေမဲ့ဖေဖေဟာ လုံးဝမကြည့်ဘဲ အတင်းရုံးပြီး အပေါ်ကိုထပ်ကို ပျင်းရိလေးကန်စွာနဲ့ တတ်သွားပါတယ် ။....ဒီမြင်ကွင်းဟာပြီးဆုံးသွားပေ
မဲ့ယနေ့တိုင်းကျွန်တော့မျက်စိထဲမှာမြင်ယောင်နေပါတယ် ။ကျွန်တော်တို့ညီကိုယ်သုံးယောက်လုံးဒီမြင်ကွင်းဒီအသံဒီပုံရိပ်တွေကိုနောက်မမြင်လိုကြတော့ပါဘူး။  

 ဒါကြောင့်အံကိုတင်းအောင်ကြိတ်ပြီးကြောက်ပါပြီဖေဖေလို့စိတ်ထဲကပြောနေမှိပါတော့တယ်..............................။

9 comments:

Anonymous said...

ဘ၀မှာ..တခါတော့ မှားတတ်ကြပါတယ်..
ခုကော..ဖေဖေ စကားနားထောင်တဲ့သားလိမ္မာလေးလား..?
း)

c said...

ဒါဆို သူတို့အပါး ထမင်းမစားရတော့ဘူးပေါ့
တနားပါတယ်နော............ :D

Anonymous said...

a yual nae ma like ag soe tar koo zay ga.zay a ko tway ga lae zay nae nyi a ko lo ma pyaw ya bu,1 pon san hte par lar...:P
ku yaw lain mar p lar?

ချမ်းလင်းနေ said...

သားသုံးယောက် ဖခင်ရဲ့ ပဲ့ကိုင်မှုက အတုယူစရာကောင်းတဲ့ ဇာတ်လမ်းလေးဗျာ။
သားတွေမွေးထားတော့ အဖေရဲ့ ပြတ်သားမှုက အတုယူစရာပဲဗျာ။

ဖိုးစိန် said...

အဖေ့မျက်နှာကို ပြေးမြင်မိတယ်။

သားဆိုးနှစ်ယောက်ရဲ့ အဖေ ဖြစ်ခဲ့တဲ့ အဖေ့ကို တွေးရင်း...

ရေတမာ said...

ဘာသာပြန်တပုဒ်ဖတ်ဘူးတယ် သားကို မလိမ်တတ်အောင် သားလာခေါ်တဲ့ကားနဲ့ မလိုက်ဘဲ အလုပ်ကနေ အိမ်ထိအောင် ခြေလျင်ပြန်တဲ့ ဇာတ်လမ်းလေး။

စာတွေ alignment ပြန်စီရင်ကောင်းမယ်။
စကားပြောတွေ ကော်မာ အဖွင့်အပိတ်လေးနဲ့ပြရင် ပိုကောင်းမယ်။

TT said...

ဇာတ်လမ်းကောင်းလေးတပုဒ်ပဲ ...
ဇာတ်လမ်းထဲမှာ ဇေ နောင်တရသလို လက်တွေ့ဘ၀မှာလဲ ...........
အခုရော ပါးကို ညာနေသေးလားလို့
တွေးကြည့်ဦး .

မဗေဒါ said...

သြေ် သားဆိုးအဖေ တပေပေ ပဲ..။

သနားစရာ ဖေဖေကြီး ခမျာ ကြေကွဲ နေရပါ့..။

ပျော်ရွင်ပါစေ.. အဖေကို ချစ်တဲ့သူများ ဖြစ်နိုင်ပါစေလို့ .. ဇတ်ကောင်လေးတွေ အတွက်ဆုတောင်းရင်း..

မဗေဒါ

nweoo2 said...

zay,u are good writer!

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...