နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 5 May 2010

ယုံကြည်မှုဆိုတာ….

ကျွန်မ တို့တွေရဲ့ ဘ၀မှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူတွေကို ကြုံဖူးပါလိမ့်မယ် ။ ပြီးတော့ ကျွန်မတို့ကိုယ်တိုင်ကရော သူတပါးကိုယ့်အပေါ်ထားရှိတဲ့ ယုံကြည်မှုကို ချိုးဖောက်ဖူးပါသလား..။ ဒီဖြစ်ရပ် ၂ခု ကိုကြုံတွေ့ရတဲ့ အခါဘယ်လိုခံစားရပါသလဲ…စာဖတ်သူလဲကိုယ့်ကိုကိုယ် မေးကြည့်ပါ…

ကျွန်မကတော့ ကျွန်မသူတပါးအပေါ် အလွန်ယုံကြည်တတ်သူတဦးပါ… ကျွန်မ သူငယ်ချင်းတွေက ကျွန်မ ကို “နင် သူများတွေကို သိပ်မယုံနဲ့..နင်ခံသွားရမယ်..နင်အလိမ်ခံရမယ် “ လို့ပြောကြပါတယ်…ပြီးတော့ ပြောကြတယ် Believe ဆိုတဲ့စာလုံးမှာတောင် အလယ်မှာ lie ဆိုတဲ့စာလုံးပါတယ်တဲ့…စာတွေထဲမှာလဲ ဖတ်ဖူးတယ်ပေါ့..

ကျွန်မ ခံယူထားတဲ့ ယုံကြည်မှုဆိုတာ
ကိုယ့်တာဝန်ကိုယ်ကျေအောင်ဆောင်ရွက်တာလို့ နှလုံးသားထဲမှာ မှတ်ယူထားပါတယ်…ယုံကြည်မှုဆိုတာနှစ်ဦးနှစ်ဘက်လုံးနဲ့ဆိုင်တဲ့တာဝန်ယူမှုပါ..။လူတိုင်းကိုယုံကြည်ပေးပါ.. ယုံကြည်ပေးရမှာက ကိုယ့်တာဝန်ပါ…ယုံကြည်အောင်လုပ်ပေးရမှာက သူ့တာဝန်ပါ..လိမ်တာဆိုရင်လဲ သူ့အပိုင်းပါပဲ…ကိုယ့်တာဝန်ကျေအောင် သူတပါးကို ယုံကြည်ပေးပါ… သူတို့လဲ သူတို့တာဝန်ကို ကျေအောင်လုပ်ပါလိမ့်မယ်…. အမှန်တရားက ဘယ်တော့မှ အမှောင်ထဲမှာ ချည်းမနေပါဘူး..။
ကျွန်မတို့တန်ဖိုးထားတဲ့ ချစ်ခြင်းမေတ္တာရဲ့ ယုံကြည်မှုကိုတွေ အလွဲသုံးစားလုပ်သွားတဲ့ အခါ ကျွန်မတို့နှလုံးသားတွေအလွန်ပဲနာကျင်ခံစားရပါတယ်…

ကျွန်မတို့ကရော သူတပါးကိုယ့်အပေါ်ထားရှိတဲ့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မိလိုက်ပါသလား…။

ကဲ…ကျွန်မတို့ရှေ့ဆက်ရမဲ့ ဘ၀တာ တိုတို လေးထဲမှာ သူတပါးကို ယုံကြည်ပေးကြမယ်…ပြီးတော့ သူတပါးက ပေးတဲ့ ယုံကြည်မှုကိုလဲ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရင်း ဘ၀ကိုအဓိပါယ်ရှိရှိနေသွားကြရအောင်နော်…

ကျွန်မတို့တွေ ကိုယ့်တာဝန် ကိုယ်ကျေအောင် ဆောင်ရွက်ကြပါစို့လား…

1 comment:

Anonymous said...

့်ု် "Believe ဆိုတဲ့စာလုံးမှာတောင် အလယ်မှာ lie ဆိုတဲ့စာလုံးပါတယ်တဲ့…"အဲဒါလေးကိုကြိုက်တယ်....ခဏခဏခံနေရလို့လေ...ဟီး....

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...