နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 11 May 2010

တေးထပ်ဆိုတာ…


ကျွန်မ ခုတလော တေးထပ်တွေကို ဇေ အကူအညီ နဲ့ လေ့လာဖြစ်ပါတယ်…။ တေးထပ် အကြောင်းကို ကျွန်မနားလည်သလောက်ပြောရမယ်ဆိုရင်…
တေးထပ်ဆိုတာ ၁၈ကြောင်းရှိတယ် အပိုဒ်ကြီးအနေနဲ့၃ ပိုဒ်ပါပါတယ်
အထဲမှာ အခံအအုပ်ဆိုတဲ့ အပိုဒ်ငယ်လေးတွေ၂စုံစီပါတယ်။အပိုင်ငယ်လေးတွေ၂စုံစီပါတယ် ဒါကိုစလေဦးပုညကတေးထပ်နဲ့ဗုံထောက်သံမှားမှာဆိုးလို့…
တေးထပ်ကိုညာဏ်စတော့၊
ကြံကြတော့စပ်ပုံ၊
ဆယ့်ရှစ်ပိုဒ်ပြည့်စုံလျှင်၊
အလုံးစုံပြည့်မြဲ ။
အစမှာခြောက်လုံးဖြာသည်၊
ဆုံးလေပြီခုနှစ်နဲ့ဘဲ ။
လို့တေးထပ်ရေးခဲ့တယ်… ဆိုလိုတာကအပိုဒ်ကြီးတပုဒ်စတိုင်းဟာ ၆လုံးနဲ့စပြီး
အဲအပိုဒ်ဆုံးရင်တော့ ၇ လုံးနဲ့ဆုံးရတယ် ။
ဒါလေးက တေးထပ် ဘယ်လို စပ်ရတယ်ဆိုတာ ကို တေးထပ်ရေးပြီးပြောပြထားတာပါ…
ဘယ်လောက်တော်လိုက်တဲ့ ပညာရှင်တွေ ပါလိမ့်…။
နောက် ပိုစ့်တွေမှာ တေးထပ်တွေကို ဇေ နှင့်ကျွန်မလေ့လာပြီးသမျှ  အလျင်းသင့်သလို ရေးကြည့်ပါ့မယ်…။


2 comments:

မြစ်ကျိုးအင်း said...

ကောင်းတယ်ဗျာ
ဗဟုသုတ ရ မှာ သေချာတယ်
အားပေးပါတယ်

မိုးခါး said...

စိတ်ဝင်စားဖို့ကောင်းတယ်နော် ..
ရေးတတ်ချင်တယ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...