နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday, 22 May 2010

ပဉ္ဇင်းအမ............

အော် ကျောင်းကပြန်လာတော့ပျင်းတာနဲ့ မီဒီယာတွေလျှောက်ကြည့်မိတော့ ရှပ်နီလက်နှက်ချပြီ တဲ့လေ ရှပ်နီခေါင်းဆောင် ၇ဦးလက်နှက်တွေချ ခေါင်းဆောင်တွေပြိုပြီဆိုတော့နောက်လိုက် တွေလဲ အော်တို လက်နှက်ချကြတာပေါ့ ထူးထူးခြားခြား ရှက်နီတွေနဲ့ရောဆန္ဒပြတဲ့ဆရာတော် ကြီးနှစ်ပါးလဲ အဖမ်းခံရတာကို ရုပ်မြင်သံကြားကနေမြင်လိုက်ရတော့ မျက်ရေတော့ ၀ဲချင်သလိုလိုဘဲ။ ဇေက ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ဘုန်းကြီးတွေကို အဲလိုမြင်လိုက်ရရင် မျက်ရေသိပ်ဝဲ တာဘဲ။ လူကလဲနဂိုကတည်းက ပျော့တော့တော့လေ။ ဒါနဲ့ စိတ်မကောင်းဖြစ်ပြီး သီချင်းလေးဘာ လေးညီးအုံးမှ ဆိုတော့ ခါတိုင်းလို နှင်းပျောက်တဲ့နွေတို့ ဘာတို့ ပေါ်မလာဘူးလေ ။ ခေါင်းထဲဝင် လာတဲ့သီချင်းက ဘဘရွှေတိုင်ညွန့်ရေးခဲ့ပြီင်္း ဘွာဘွားဒေါ်ကြည်အောင်ရဲ့ပဉ္ဖင်းအမသီချင်းလေ မဆိုတာ ကြာလို့နဲနဲတော့မေ့တေ့တေ့ဖြစ်နေပါပြီ လက်ကွတ်တွေလဲပျောက်လုပေါ့ ဒါပေမဲ့ ခတ်တော့ခတ်သားဘဲအနုပညာဆိုတာ အာရုံခံစားမှုအပေါ်မှာ မူတည်တာ ပီယာနိုပေါ်လက်တင် ထားလိုက်တော့ လက်တွေကအလိုလိုရွေ့သွားလို့ သီချင်းလေးလဲရုပ်လုံးပေါ်သွားပါတယ် ဘယ် လောက် အာရုံကကျက်စားသွားသလဲဆိုရင် အဲသီချင်းလေးကို ငြီးနေတုန်းမှာဘဲ ဇေ့စိတ်တွေဟာ

အတိတ်ကိုပြန်ရောက်သွားလိုက်တာ……………………………………………………………………။

မေကြီးရေ ကိုပဉ္ဖင်းခံမလို့ကွာ သင်္ကန်းနဲ့လိုအပ်တာလေးတွေ ၀ယ်ထားပေးပါ တဲ့ဖေဖေက မားကို လှမ်းပြောတာလေ အဲချိန်မှာဖေဖေက မေ့မေ့ကိုကျောပေးစာဖက်နေတဲ့ ကျွန်တော့်ကို လဲ ဇေ မင်းကိုရင်လေးလုပ်မလားလို့ မေးလာပါတယ် ကျွန်တော်ကလဲ မလုပ်ချင်ကြောင်းပြန်ပြော လိုက်တာပေါ့

သာသနာ့အမွေခံ ရည်သန်ပါတဲ့ ပျိုစိတ်ထားမြတ်စွာဘုရား၏ သားတပည့်သံဃာတော်၊ ပရိက္ခရာအစုံသပိတ်သင်္ကန်းရယ်နဲ့၊ လှူဒါန်းခဲ့ပြီနော်၊ ဗျောသံကြားရင် တရားတရားနာ ကြွလှည့်ပါမောင်တော်။ ပြည်နိဗာန်နန်း ရည်မှန်းကာမျှော်၊ (သာသနာတော် အတွင်း)2
သွတ်သွင်းတဲ့ အလှူတော်၊ ဒါနကိုအထူးပျော်၊ ပကာသနမပါဘူးနော်၊ ပဉ္ဖင်းအမနဲ့တူပျော်ပျော်၊ အထူးသဒ္ဒါပေါက်သော်၊ အလှူ့ဒကာမောင့်ကိုမျှော်။
(စေတနာကောင်းနဲ့တော်၊ မနောကြည်ဖြူလှူပါသနော်၊ ပျိုစိတ်ထားမြတ်တဲ့ ပရမတ္တထေရ်ရှင် သံဃာတော် ရည်မျှော်)2။

သီချင်းတပိုဒ်ပြီးသွားပေမဲ့ ကျွန်တော်ရဲ့လက်တွေဟာ တစထက်တစမြန်လာသလို အတွေးပုံရိပ်တွေကလဲ တစထက်တစ မြန်ဆန်လာပါတော့တယ။် ရဟန်းခံတာ ရှင်ပြုတာကို အလှုလို့ခေါ်ကြ တယ်မို့လား။ စည်တွေ ဗြောတွေနဲ့ လူတွေရှုတ်ယှက်ခတ်နေတာလေ။ ဒါပေမဲ့ဖေဖေကို ဘုန်းကြီး ၀တ်ပေးတုန်းကတော့ ဘာစည်ဘာဗြောမှမပါသလို လူတွေလဲများများမပါပါဘူး။ အိမ်နဲ့ ကျောင်းက မျက်ဆောင်းထိုးလေးမှာကိုး။ ဒါမို့လို့ သင်္ကန်းတွေ ဘာတွေကို နေ့လည်က ကိုရင်တွေကလာသယ် သွား ဖေဖေက မှာစရာတွေရှိတာကို မေ့မေ့ကိုမှာ...ညနေကြတော့ ကျောင်းကိုလမ်းလျှောက်သွား ။ မှတ်မှတ်ရရ ဖေဖေရယ် ဇေရယ် မေမေရယ် ရုံးကဖေဖေ နဲ့လုပ်ဖော်ကိုင်ဖက် ၄ဦင်္းလောက်ရယ်ပါ ဘဲ ။ကျောင်းကိုသွားကြတာပေါ့ ။ ကျောင်းရောက်တော့ ဖေဖေရယ် မေမေရယ် ဧည့်သယ်တွေရယ် က တရားနာ ဇေကအိမ်ကိုပြန်ပြီး ခေါင်းရိုတ်တဲ့ဂျူတ်ဗူးပြန်ယူ ကျောင်းပြန်ရောက်တော့ ဖေဖေရဲ့ ခေါင်းမှာ ဆပ်ပြာတွေဖွေးလို့ပေါ့။ ဖေ့ဖေ့ ကိုခေါင်းရိတ်တော့ ဇေကတဘက်မေမေကတဘက် သဘက်ကြီးနဲ့ခံတယ် ။ မေမေက မျက်ရေတွေ စို့လို့ပေါ့ ။ ဒီညငါနဲ့သူ တူတူအိပ်လို့မရတော့ဘူးလို့ များတွေးနေတာလား။ ငါတို့ အိမ်ဦးနတ်ကြီး မြင့်မြတ်တဲ့ ဘုန်းကြီးဖြစ်သွားလို့လား ။ လူတွေများရင် မသိသာပေမဲ့ နဲသွားရင်သိသာတယ်လေ ။ အိမ်ဆိုတာ နောက်ပြီးတော့လျှော့တာကလဲ ကိုကိုတို့ ဇေတို့လို ကိုးလလွယ် ဆယ်လဖွား သားများမဟုတ်ကြဘူးမို့လား။ ငယ်ကချစ်နှစ်တရာ ပုဆိုး တန်းတင်အကြင်လင်မယားရယ်လို့ ဖြစ်လာခထဲ ခရီးထွက်တဲ့အချိန်ကလွဲရင် ညကိုးနာရီ ဆို ပုံမှန် ရွှေလက်တွဲပြီး အိမ်ခန်းထဲဝင်ခဲ့ကြတဲ့ အကြင်လင်မယားလေ ။ အိမ်ထောင်ကျခါစက လင်နဲ့မယားပေါင်းမှ ငွေ၆၀၀သာရှိခဲ့ပြီး ဒိုးတူဘောင်ဖက် ဒီလိုဘ၀ရောက်အောင်ရုန်းကန်လာပြီး လှပတဲ့ အိမ်ထောင်တခု ပြုစုပြိုးထောင်လာတဲ့ အိမ်ထောင်ဘက်လဲဖြစ်တော့ မခွဲစဘူးအခွဲထူးသို့ ။ မေ့မေ မျက်နှာဟာ ရီတာလဲမဟုတ် ငိုတာလဲမကျ ပြုံးတယ်လဲမခေါ် ဘာလိုသော်နှိုင်းလို့မရ ပြုံးစစလေး လို့ဘဲ ပြောရမလား။ ဒါမှမဟုတ် ဖေကြီးနှယ်တော် ဘယ်လိုကြောင့် အိမ်ကခလေးတွေမရှိတဲ့ အချိန်ကျမှဘာ စိတ်ရှုးထပြီး ဘုန်းကြီးဝတ်ချင်ရတာတုန်း ကျမကိုကျတော့ ထားခဲ့တယ်.. လို့များတွေးပြီး ဒေါသရောင်သန်းနေတဲ့ မျက်နှာလေးလို့ ပြောရမလား ။ ဒါလိုမှမဟုတ် သိပ်ကြာကြီး မ၀တ်နဲ့နော် အိမ်မှာကလူရှိတာ မဟုတ်ဘူး ဖေကြီးလဲသိရက်နဲ့ အိမ်မှာက ဖေကြီးရှိမှပျော်စရာ ကောင်းတာ ဖေကြီးမရှိရင် အိမ်ကခြောက်တောက်တောက်ကြီးတော့ ကုသိုလ်လုပ်တာကိုတား တာတော့မဟုတ်ပါဘူးတော် သိပ်အကြာကြီးတော့မလုပ်နဲ့ပေါ့လို့ မှာချင်နေတဲ့ မာချင်ဇောနဲ့ များမျှောနေတဲ့ပုံရိပ်လေလား ….လား……လား…..လား ။ အဲနေ့က လား မျိုးစုံတဲ့မေမေ့ပုံရိပ်……


(ခေမာပြည်ရည်ဆောင်သနော်၊ ကြည်အောင် ကုသိုလ်တော်)2 ၊
အမျှဝေပါတယ်နော်၊ ပေါင်းသဟာတစု သာဓုသာဓုသာဓု ခေါ်စေသော်။
(သဒ္ဒါတရားပွားများခဲ့သနော်၊ အလှူအတန်း ပေးကမ်းဘို့မျှော်၊ မောင်ရတဲ့ငွေတွေ မလစ်ဟင်းပါစေနဲ့တော်)2
(အလှူရေစက်လက်နဲ့မကွာစေရန် ကုသိုလ်ပြုပါသော်)2 ၊
သာသနာအမွေခံ ဧကန်မှန်သော် ပျို့မောင်တော်။

သီးချင်းလေး ဆုံးခါနီးလေ အတိက်ကပုံရိတ်တွေက ရုပ်ရှင်ပြကွက်တွေလို သိပ်မြန်လာလေ… ပီယာနိုပေါ် တင်ထားတဲ့လက်တွေကလဲ မြန်ဆန်လာသလို ကျွန်တော့ရဲ့ရင်ထဲမှာလဲ စို့လာပါတယ် ။ ဖေကြီးစံချကြီးလို့ သင်္ကန်းဝတ်လိုက်တော့ ဘယ်လိုကြီးမှန်း မသိတော့ဘူးလေ ။ စိတ်ထဲ မှာလဲ ဖေဖေခေါ်ရမှာလား ဘုန်းဘုန်းကြီး လို့လား ဒါမှမဟုတ် ဦးပဇင်းကြီးလား ဘယ်လိုခေါ်ရမှန်း မသိဘူး လေ ။ နေ့တိုင်း ဖေကြီး ဖေဖေ ပါးလို့ ခေါ်နေတဲ့ ဒီပါးစပ်ဟာ ဒီမိသားစုအတွင်း တခါမှ ရင်းနှီးမှု့မရှိတဲ့ ဝေါဟာရသစ်ကို မိတ်ဆက်ဘို့ ၀န်လေးနေမှိတယ် ။ စိတ်ထဲကတော့ဘုန်းဘုန်း လို့ခေါ်မယ်လို့ ရီရွယ်လိုက်ပေမဲ့ တကယ်တန်းခေါ်ဖြစ်တော့ ထုံးစံတိုင်း ဖေကြီးရယ်လို့ပေါ့ ။ အရင်က ကစားဖော် ကစားဘက် ရန်ဖြစ်ဖော်ရန်ဖြစ်ဘက် ဖေဖေ့ကို ဒီသင်္ကန်းဆိုတာကြီးရယ် အစိမ်းရောင်သန်း နေတဲ့ ဦးပြေးကတုံးကြီးရယ်က သားဖနှစ်ယောက်ရဲ့ချစ်ချင်းကို မြစ်တစင်းခြား လိုက်သလိုဘဲ ။ ဘာဆိုဘာမှ ပြောမထွက်တော့သလို ခပ်ငယ်ငယ် အရုပ်နဲ့ဆော့နေတဲကဘ၀ တုန်းက ကိုယ့်အချစ်ဆုံး အရုပ်ခလေးကိုသူများလုသွားသလို ဒါမှမဟုတ်ပျောက်သွားသလိုမျိုးနဲ့ တူတဲ့ခံစားချက်ကြီးက ရင်ထဲမှာ တစ်ဆို့ဆို့ကြီးလေ ။ အခုအိမ်ပြန်ရင် မေမေနဲ့ဇေ ၊ ဇေနဲ့ မေမေသာ ရှိတော့မယ် ။ သူအိမ်ကို ပြန်လိုက်မလာတော့ဘူးလေ။ ဟိုအရင်ခရီးတွေသွားတုန်းက ခရီးထွက်တယ်လို့ သိထားတော့ သူကိုလဲမမြင်ရ ဘာမှမဖြစ်ခဲ့ပါဘူး။ ခုလို အိမ်ရှေ့တံခါးဖွင့်လိုက် တာနဲ့ သူသတင်းသုံးမဲ့အခန်း သူအိပ်မဲ့နေရာကိုမြင်တွေ့နေရ မီးရောင်မှုန်ပြပြလေးမှာ ငြိမ်သက်တဲ့ ကြည်လင်စွာထိုင်နေတဲ့သူ့ပုံရိပ်ဟာ ဟိုမေမေပြောတဲ့ မင်းဖေဖေကတရားထူးသိ သွားရင် မေမေတို့မိသားစုကိုထားခဲ့တော့မှာ…လို့ပြောတဲ့စကား နားထဲပြန်ကြားမှိတော့ အဲလို ကြီးတကယ်သိသွားရင် ဘယ်လိုလုပ်မလဲ။ ဟိုငေးဒီငေး ဟိုတွေးဒီတွေးနဲ့ ပါးစပ်ကရုက်တရုက် ဖေဖေ ဘယ်လောက်ကြာမှာလဲဟင်လို့ မေးလိုက်တော့ ၇ ရက်တဲ့ဟာ ဖေဖေကလဲ ကြာလိုက် တာဗျာ တရားတွေရသွားရင် ဘယ်လိုလုပ်မလဲ။ ဇေတို့က အိမ်ကိုပြန်ခေါ်မှာနော်လို့ ပြန်ပြောလိုက် တော့ ဦးဇင်းလို့ခေါ်ရတယ်တဲ့ ဘာလို့ခေါ်ရမှာလဲ ကိုယ့်ဖေဖေဟာ ဖေဖေပေါ့ ဒါပေမဲ့ သူက ပြုံးပြီး ဦးဇင်းပြန်ကြွလာမှာပါတဲ့ ။ ၃ရက်ဘဲဝတ်နော် သိလား ဖေ့ဖေ့နဲ့ ဦးရေခဲလမ်းက မုန့်ဟင်း ခါးကို ညဘက်သွားစားမယ်လေ ဟုတ်တယ်မလား မေမေကြီး လို့ မေ့မေ့ကိုလှည့်တိုင်ပင်တော့ မေမေက တဟင့်ဟင့်နဲ့ရှိုတ်နေပြီလေ ။ဇေကနဂိုကတည်းက ငိုချင်ပါတယ်ဆို ဘေးကမေမေက အလိုက်မသိတော့ ရောငိုလိုက်မှိပါတာပေါ့ ။ ဟိုအရင်တွေငိုခဲ့တာတွေနဲ့ မတူဘူးဘယ်လိုငိုချင် တာကြီးမှန်းကို မသိပါဘူး ငိုချလိုက်တော့ အင်းအင်းတဲ့ ၃ရက်ဘဲဝတ်မယ်ဇေရယ် ငရဲတွေကြီးပါ့ ပါ့မယ်တဲ့ ။ မေမေက ဇေ့ကို ဖေဖေကို ကန်တော့ဘို့ အရိပ်အကဲပြတော့ သားမိနှစ်ယောက် ထိုင်ဝတ်ချလိုက်တာပေါ့ ။ ပါးစပ်က ဘာတွေဆုပေးနေမှန်းမသိပေမဲ့ ဖေဖေမျက်လုံးတွေ ကြည့်လိုက် တော့ သူကတော့ရင်ထဲကငိုနေပြီလေ။ ပါးလဲဘယ်ခွဲချင်ပါ့မလဲ လို့ ပြောခွင့်သာရမယ်ဆိုရင် သူလဲ ပြောချင်မယ်ထင်ပါတယ် ။မေမေက ဦးဇင်းကြီးတပည့်တော်တို့သားမိပြန်အုံးမယ်နော် ဇေ့ ကိုပြောတဲ့ရက်လောက် ဘဲဝတ်ပေါ့တဲ့ ။မေမေ့လက်ကိုစွဲပြီး ပြန်လာရပေမဲ့ ခန္ဓာကိုယ်ကြီးမပါ ဘဲလေထဲမြောက်နေသလိုကြီးလေ…..။

(ကြည်အောင် မောင့်ကိုပြောမယ်နော်၊ ရဟန်းဘ၀ကိုရနိုင်ရန်ခဲတဲ့ ပျို့မောင်တော်)2
(မောင်လဲဘဲ သာသနာ့ဝန်ထမ်းသင်္ကန်းဝတ် ၀တ်မယ်ဆိုသော်) 2
(ချစ်ပေမယ်လို့ မခွဲချင်ပေမယ်လို့ တရားနဲ့သာပျော်၊ မဖျက်ဆီးတယ် မင်္ဂခရီးသည် ရက်အနည်းခယ် ခွင့်ပြုနိုင်မယ်တော်) 2
စေတနာကောင်းနဲ့တော်…………………………။…………………………………သာဓုခေါ်စေသော် ။

သီချင်းလေးလဲ ဆုံးရော ဇေ့မျက်လုံးတွေဟာ နံရံမှာချိပ်ဆွဲထားတဲ့ ဖေဖေရဲ့ဓာတ်ပုံလေးကို ငေးတိငေးငိုက်ကြီးနေမိပြီး အော် ငါမျက်ရေတွေကျနေပါလား… လို့ သတိ ထားမှိလိုက်ပါတော့ တယ်……၊ အော် ငါဘယ်လိုဖြစ်ပါလိမ့် အော်သိပြီ ဟိုရှပ်နီ ဆရာတော် နှစ်ပါးလုပ်တာ နဲ့ ဟီဟိ ရှက်တာ ဘယ်သူမှမသိအောင် မျက်ရေလေး ခိုးသုတ်လိုက်အုံးမ ဟိုကောင် တွက်ပီ ကလာစနေအုံးမယ်…အဟမ်း အဟမ်း ….ဟင်းချက်မယ်ဟေ့ တွက်ပီတို့ ပေါတိ တို့ ဘယ်မှာတုန်း ဂီတဆိုတာကလဲ သိတော်မူတဲ့အတိုင်းဘဲလေ ပီယာနိုပေါ်မှာ လက်မရှိတော့ရင်အရင်တိုင်းဘဲ……ပျော်ပျော်ပါးပါး ဆူဆူညံညံပေါ့ဗျာ..အခုတော့ငိုထားမှန်းမ သိအောင် ဟန်ဆောင်ပန်ဆောင်လေးနဲ့ အသံကုန်ဟစ်ထားအုံးမှ ဟေ့ကောင်တွေ ဟင်းချက် မယ် ခွေးမသားတွေ...စားခါနီးမှ ငတ်နေတာလိုလို မစားရတာလိုလို မလုပ်ကြနဲ့ဗျား လုပ်စရာရှိတာ ကူကြ အဲလို အသံကောင်းဟစ်ပြီး တဆောင်လုံးမှာ ဆရာကြီး လုပ်နေပါတော့တယ်ခင်မျာ....။

2 comments:

Anonymous said...

hee..:D koe ngo p mha shat yan ga lae yan till tal....:P

ချော (အစိမ်းရောင်လွင်ပြင်) said...

မောင်လေး
အဲဒီခံစားချက်ကို ကိုယ်ချင်းစာတယ်သိလား
အစ်မ အမေကလေ ရာသက်ပန်
သီလရှင်ဝတ်သွားတာ ၁၀နှစ်ကျော်ခဲ့ပြီ..
စ၀တ်တဲ့အချိန်တုန်းက ငိုခဲ့တာ အသက်တောင် ရှူလို့ မ၀ခဲ့ဖူး.. တစ်ရက်နှစ်ရက် တစ်လနှစ်လလဲ မဟုတ်ဘူး
ရာသက်ပန်ဝတ်မယ်ဆိုတော့ စဉ်းစားကြည့်ပေါ့နော်.
အိမ်ပြန်ရောက်တော့လဲ နေရာတကာ အမေ့အရိပ်တွေချည်းဘဲ
ဒီအရိပ်တွေကို နောက်ဆို အိမ်မှာ ပြန်မတွေ့နိုင်တော့ဘူးလို့ စဉ်းစားတိုင်း ၀မ်းနည်းလိုက်ရတာ..
ငိုခဲ့ရတာ မျက်ရည်တောင် မကျန်သလောက်ပါဘဲ..
ဒါကြောင့် ကိုယ်ချင်းစာမိပါတယ်လို့

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...