နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 26 May 2010

တွတ်ပီနဲ့ဘုန်းကြီး

ယိုးဒယားလူမျိုးတွေ နတ်အယုံအကြည်ရှိတယ် ။ အင်း ၊ အိုင် ၊ ခလှဲ့ ၊ လက်ဖွဲ့၊ ဗေဒင် ၊ ယတြာ ဓာတ်ရိုက် ၊ ဓာတ်ဆင် ၊ သိပ်ဝါသနာပါကြတယ် ။ လူတိုင်းဗေဒင်မေးကြတယ် ။ ဦးအောင်ဇေယျရဲ့ ဘာဆိုလား (အဲဒါလေးလဲ) ဆောင်ကြတယ် ။ မဆောင်ရင်ဘာဖြစ်တုန်းဆိုရင် ခေါင်းကိုက်နာစေး အစရှိတဲ့ စမ်းသပ်လို့မရတဲ့ ရောဂါတွေဖြစ်တယ်တဲ့ ။ အဲကိုရောက်တဲ့ မြန်မာတွေလဲဓာတ်ကူးတာ နဲ့တူတယ် ။ ဦးအောင်ဇေယျရဲ့ ဟ၀ါကို ဆောင်ကြတယ်လေ။ ခါးမှာချီထားရတာ...ကျွန်တော်တို့ကတော့ လူငယ်တွေဆိုတော့ ရှက်တာကိုး မဆောင်ပါဘူး။ အော် တနေ့ကျတော့ သူငယ်ချင်းတယောက်က သတင်းထူးပါလာတယ်ဆိုလို့ ဘာလဲလို့ မေးကြည့်တော့ ချင်းမိုင်မှာ ထိုင်း အခေါ် လုံဖော မြန်မာလိုဆိုရင် ဘုန်းကြီးပေါ့။ ဗေဒင်မှန်တဲ့ ဘုန်းကြီးတပါးရှိသတဲ့ ။ တို့သွားမေးကြမယ်ဆိုပြီး လူတွေစုလိုက်ကြတာ တရုံးရုံးဘဲ ။ အဲဒါနဲ့ ဘန်ကောက်ကနေ ချင်းမိုင်ရောက်ပြီဆိုကြပါတော့ဗျာ ။ ဘုန်းကြီးနဲ့တွေ့ပြီ ဒါပေမဲ့ ဘုန်းကြီးက လူတွေများလို့ ပြန်လို့လဲမဖြစ်တော့တာမို့ ဟိုတယ် ပေါက်စလေးတခုမှာ တည်းလိုက်ပြီး မနက်စောကြီးထသွားကြတယ် ။ အဲဘုန်းကြီးဆီကို ကျွန်တော်တို့ အထဲမှာ တွက်ပီက ထိုင်းစကားတတ်တယ် ။ ထမင်းစား ရေသောက် တင်မကဘူး ရေးနိုင်ဖက်နိုင်တဲ့ အနေအထားထိရှိတယ် ။ ဗေဒင်ကလဲ တော်တော်လေးဝါသနာထုံပါတယ် ။ အိမ်မြောင်စုတ်ထိုး ရင်တောင် သူနဲ့မလွတ်ဘူး ၊ ညဘက်စုတ်ထိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ် ။ နေ့ဘက်ထိုး တော့ဘယ်လို ၊ မျက်ခုံးလှုတ်ရင် ဘယ်ကလှုတ်ရင် မကောင်းဘူး ညာကလှုတ်ရင် ကောင်းတယ် ။ ဘာညာ သူကအခါတော်ပေး...အဆောင်မှာတော့ ။ သူက အရင်ဆုံးဘုန်းကြီးကိုမေးတယ် ။ ယိုးဒယားလို သူပြန်ပြောပြပုံလေးကို အခုရေးပြပါမယ်………..

ဘုန်းကြီးး ဘာသိချင်လဲဒကာလေး

တွတ်ပီး ဗေဒင်မေးချင်လို့ပါဘုန်းဘုန်းဘုရား

ဘုန်းကြီးး ဘာအကြောင်းမေးမှာလဲ

တွတ်ပီး တပည့်တော် စာမေးပွဲအကြောင်းပါ

ဘုန်းကြီးး အောင်မယ်ဒကာ

တွတ်ပီး တပည့်တော်ကြီးပွားမဲ့လူလား

ဘုန်းကြီးး ငါမပြောသေးဘူး

တွတ်ပီး ဒါဆို မကြီးပွားဘူးလားဘုန်းဘုန်းဘုရား

ဘုန်းကြီးး အဲလိုငါမပြောဘူး ချမ်းသာဆင်းရဲဆိုတာမင်းရဲ့ကြိုးစားမှုနဲ့သာဆိုင်တယ်

တွတ်ပီး မှန်လှပါတယ်ဘုရား

ဘုန်းကြီးး ဘာမေးအုံးမလဲ

တွတ်ပီး တပည့်တော် ကျမ်းမာရေးသိချင်ပါတယ်

ဘုန်းကြီးး မင်းဟာ ရေတာဝအောင်မသောက်ရပေမဲ့ သေရင်တော့ရေနစ်သေမယ်…

တွတ်ပီး ဘုန်းဘုန်းတပည့်တော်ကြောက်လိုက်တာဘုရားကယ်ပါအုံး

ဘုန်းကြီးး ငါအဆောင်ပေးလိုက်မယ် မင်းအဲဒါလေးတသက်လုံးလည်ပင်းမှာဆွဲထားရမယ်

တွတ်ပီး စွဲပါ့မယ်ဘုရား ကျေးဇူးတင်ပါတယ်ဘုရား (ဦးသုံးကြိမ်ချ)

ဘန်ကောက်လဲပြန်ရောက်ရော အဲဒီတွတ်ပီဆိုတဲ့ ငနဲတော်တော်နာမည်ကြီးသွားတယ် ။ သူကရေ ရှားတဲ့ အရပ်မှာ မွေးတာကိုး ။ ကျောက်ပန်းတောင်းမှာ သူ့ကိုမွေးခဲ့တာ ၊ ကြီးတော့ သူက ရန်ကုန် မှာ ၊ ဟေ့ ရေ၀အောင်မသောက်ရပေမဲ့ ရေနစ်သေမဲ့ကောင် ထမင်းစားမယ်ဟေ့ ၊ ဟို ရေနစ် သေမဲ့ကောင် ဘောသွားကန်မယ်ကွာ ၊ ဟိုရေနစ်သေမဲ့ကောင် ရေချိုးရအောင်ဟေ့ ၊သူ့ကို အကုန်လုံး ရေနစ်သေမဲ့ မသာလောင်းလို့ဘဲ စနေကြလို့ တစ်ပတ်လုံး စကားမပြောဘူး သူကစိတ် ကောက်တယ် ၊ အဲဒါနဲ့ မစကြတော့ဘူးလို့ အားလုံးညှိနှိုင်းလိုက်တော့မှ သူကစိတ်ကောက်ပြေတယ် ။ တနှစ်လောက်ကြာမှ ၊ ပြန်ပေါ်လာတယ် ဟိုရေတအားငတ်နေတဲ့ မုံရွာဘက်မှာမိုးသက်လေ ပြင်းတွေကျတော့အိမ်တွေတောင်ပြိုတယ်လို့ သတင်းတွေကို ဒေါက်တာလွဏ်းဆွေဘလော့မှာ ဖက်ရတာကိုး အဲဒါနဲ့ ပေါသွပ်နဲ့ပေါတိက သူ့ကိုစတယ် ။ ဟိုဘုန်းကြီးဟောတာ မှတ်မှိသေးလားဟ ဘာတုန်း ရေသာဝအောင်မသောက်ရတာ သေရင် ရေနစ်သေမယ်ဆိုတာလေ ။ တော်ခွေးမသားတွေ ဘာညာနဲ့ တဟီးဟီး တဟားဟားနဲ့ ရီမောနေတုန်း တပတ်တောင်မပြည့်သေးဘူး ။ ဟဲဟဲ ဟိုမင်္ဂလာဈေး မီးလောင်ပါရောလား။ ရန်ကုန်ကလူတွေတော့ လျှပ်စစ်မီးမမှန်ဘူးကြားတာဘဲ။ ကံကြမ္မာများဆန်းကျယ် လိုက်တာ လျှပ်စစ်မီးသာမမှန်တာ xxxxxxxxxxxxxxxxxxxx အဲလိုနဲ့တူတယ်နော် အော် ဘုန်းကြီး တွတ်ပီကို ဟောခဲ့တဲ့ ဗေဒင်လေးကို သတိရမိလို့ပါ ။ ဒါလေးကို တွေးမိလို့ ရေးလိုက်မှိပါတယ် နှင်းရေ…………………..။

အဂ္ဂိတောဝါ- လျှပ်စစ်မီးပျက်ခြင်းဘေး ၊ လောင်မီးဘေးမှကင်းဝေးကျပါစေသတည်း။

2 comments:

နတ်ဆိုးလေး said...

ဟဟ တော်တော် တရားကျဖို့ကောင်းတာပဲ..
ရေ ၀အောင်သာ မသောက်ရချင်နေမယ်... သေရင် ရေနစ်သေမယ်..ဆိုပါလား..
ဟုတ်တော့လဲ ဟုတ်တယ်..
မီးက မလာ... လာပြန်တော့လဲ... အင်းးးးးး
မီးမျှော်ရတာလဲ လွယ်ဘူးနော်..
မီးလာတိုင်းလဲ မကောင်းဘူးဗျ..
ဒါနဲ့ စကားမစပ် မန်လေးမှာ မီးမှန်နေတယ်နော..

minphay said...

ကိုဇေ ရေ မင်းစာ က တော် တော် မိုက် တယ် ကွ
ခန နော်
ငါ ရယ် လိုက် ဦး မယ်................
ရ ပြီ ပြန်ပြောမယ် ... မင်း စာ က အရမ်းရယ်ရ တယ် ဟ သိလား ခန နော် .... ငါ ရယ် လိုက် ဦးမယ်..... ရ ပြီ .. ဆက် ပြောမယ်နော်..
မင်း ကတော့ တကယ် ပဲ တော်တော် ကို ကပ်သီးကပ်သပ် ရေး တက် တယ် ဟာသ ဓာတ် ခံ ရှိတာ ကိုး ရေးနိုင်မှာပေါ့ ခန နော် ရေအိမ် သွား လိုက် ဦး မယ်.................

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...