နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 3 May 2010

စကားလေးတခွန်း

ကျွန်မ ၁၀ တန်းဖြေထားပြီး သင်တန်းတွေလိုက်တက်နေတဲ့ အချိန်မှာ ကျွန်မ နားထဲမှာ အနာစိမ်းပေါက်ပါတယ်..။ ပြင်ပခန္ဒာကိုယ် မှာအနာစိမ်းပေါက်ရင်တောင် တော်တော်ခံစားရတာ…ခုတော့မမြင်နိုင်တဲ့ နားထဲမှာဆိုတော့ တော်တော်ခံစး၇ပါတယ်..။ ဆေးခန်းသွားပြရတော့တာပေါ့..နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီး Drဦးမောင်မောင် ဆီမှာပြပါတယ်..။အဲဒီမှာဆရာဝန်ကြီးက ကျွန်မနားကို ကိုင်မယ်လုပ်တော့ ကျွန်မ အော်တာပေါ့..ဆရာဝန်ကြီးက ပြုံးပြီး ကျွန်မကို
သမီး ဒီ လောက် လေး နာ တာ ကို အော် နေ ရင် ဒီ ထက် မ က နာ တဲ့ ဒါဏ် ရာ တွေ ဆို သမီး ခံနိုင်ရည်မရှိပဲ ဖြစ်သွားလိမ့်မယ်..။ ဘ၀ မှာ ဒီထက်မက နာကျင်စရာတွေ သမီး ကြုံရအုံးမှာ…နာကျင်စရာတွေ ကြုံတိုင်း အော်ဟစ်ငြီးတွားနေခဲ့ရင် ဘ၀ မှာ ရှေ့ ဆက် မဲ့ အား အင် တွေ ကုန် ခန်း သွား လိမ့် မယ်…ဒီ ထက် ပို ကြီး တဲ့ နာ ကျင် စ ရာ တွေ ကို သမီး ရင် မ ဆိုင် နိုင် ပဲ ဖြစ် သွား လိမ့် မယ်…သမီး ခံ နိုင် ရည် ရှိ အောင် ကြိုး စား ကြည့် ပါ နော်…. “
ဆိုပြီးပြောသွားတာ.. အဲတုန်းကကျွန်မခံစားနေရတဲ့ ဝေဒနာကိုကြိတ်မှိတ်ခံစားလိုက်ပါတယ်..
ခုတော့ကျွန်မ တခါတလေ နာကျင်စရာတွေ ကြုံတဲ့အခါ ဘယ်သူမှကြားအောင် မငြီးတွားတော့ပါဘူး..။ လောက ကပေးတဲ့နာကျင်မှုတွေ၊ ကံကြမ္မာရဲ့နောက်ပြောင်မှုတွေ ၊ အချစ်ကပေးတဲ့နာကျင်ခြင်းတွေကို ကျွန်မခံနိုင်ရည်ရှိအောင် ကြိုးစားဖြတ်သန်းနေပါတယ်..။ကြိတ်မှတ်ခံစားနေတာတော့ မဟုတ်ပါဘူး..။အဲလိုနာကျင်စရာတွေနဲ့ကြုံလာတိုင်း ဒီကိစ္စလေးကတော့ အသေးအဖွဲလေးပါ..ဒါထက်ပိုပြီးကြီးမားတဲ့ ပြဿနာတွေကြုံလာရင်များ…ဆိုပြီး…ကိုယ့်ကိုကိုယ် နှလုံးသွင်းလိုက်ပါတယ်…
ခုတော့ ကျွန်မ ဘာကြောင့်ပဲ ခံစားရ ခံစားရ…ပိုပြီးတိတ်ဆိတ်စွာ ရင်ဆိုင်ဖြတ်သန်းနေပါတယ် ။ ။
ကျွန်မ Dairy ကိုပြန်ရှာဖတ်ကြည့်ပြီး ဟိုအရင်က အဖြစ်အပျက်လေးကို new version ခံစားထားတာပါ..

1 comment:

Anonymous said...

တကယ့် အဖြစ်လား? ဒါပေါ့ ညဉ်းတိုင်းမကောင်းဘူးလေ
နောက်ဆို ခံနိုင်ရည်မရှိ ဖြစ်သွားမှာ ဒီ post လေးကိုတော့ ကြိုက်သွားပြီ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...