နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 12 May 2010

နွေရာသီတေးထပ်

ခုတလော ရန်ကုန်မှာတော်တော်ပူပါတယ်…. ။ ပူတာမှ နေပူထဲထွက်ရင် အသားတောင် စပ်ပါတယ်…။နေပူတော့ အိမ်ထဲ မှာပဲ အောင်းနေရတော့တာပေါ့..။ အဲမှာ…နွေရာသီ ပူတာကို ဖွဲ့ထားတဲ့ တေးထပ်တပုဒ်ကို ဖတ်လိုက်ရပါတယ်…။ တေးထပ်ဆိုတာက ခေါင်းစဉ် ဆိုပြီး မယ်မယ်ရရ ရှိတာ မဟုတ်ဘူးဆိုတော့ ခုတေးထပ်ကို နွေရာသီ တေးထပ်ဆိုပြီး ကျွန်မကပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်…။

ဒီရာသီနွေပေါက်ရင် ၊

သေမလောက်အောင်ကြောက်တယ် ။

ဖေတယောက်အားငယ်ကို ၊

ထောက်တွယ်လို့ ရှုစမ်း ။

နေခြည်ပြောက် တပွင့်ပူလျှင် ၊

ခင့်လူမှာ သုံးနှစ်မလန်း ။


သဉ္ဖာကြွ စက်ညောင်ညာ ၊

မှေးမျက်တောင်ယှက်သန်း ။

တကိုယ်ရေဆောင်ခန်းမှာ ၊

လောင်ခမန်းအိုက်တယ် ။

နေမရွင် ဖေခင်လူးရ ၊

ရွှေသင်ဖြူးပေါက်ပါတော့မယ် ။


ချွေးဥနဲ့ ဆွေးမှုကြွယ်တယ် ၊

လေးပုမယ် ရင်မလို့ ။

ဆင်သတဲ့ ဖဲနုငုဝါ၊

ဆွဲခွင့်မသာ ။

ငိုလုလုမျက်နှာကို ၊

သက်သာအောင် ယပ်လှဲ့ပါတဲ့လေး ။

3 comments:

မြစ်ကျိုးအင်း said...

တေးထပ်ဆိုတဲ့ ဖွဲ့ဟန်လေးကြောင့်
ဖတ်ရတာ ချောချောမွေ့မွေ့ရှိတယ်။
စာသားတွေ ကျစ်ကျစ်လစ်လစ်နဲ့ အဓိပ္ပါယ်လည်း လေးနက်တယ်နော်။

မောင်မောင် said...

သြော် ကဗျာလေးတွေ လဲ ဖွဲ့ ဆို နေပြီ ပဲနော်။
ကောင်းလိုက်တဲ့ ကဗျာလေး
ကြိုက်တယ်ဗျာ။

စကားမစပ် ဆရာလုပ်တာ ဟုတ်ဖူးနော်။
Verification ကို ဖြုတ်ပစ်လို့ ရတယ်။ Customize ကနေ သွားလိုက်ပါ။

Harry said...

ဒီ တေးထပ်ဟာ တောင်သမန်လယ်စား မောင်ဖေငယ် ဖွဲ့ဆိုခဲ့တဲ့ တေးထပ်ဖြစ်ပါတယ် ... ရတနာပုံခေတ်က အချုပ်တန်းဆရာဖေ၊ ဦးပုည တို့နဲ့ ခေတ်ပြိုင် စာဆိုတော်ပါ ... "နေခြည်ပျောက် တပွင့်ပူ" လို့ အချုပ်တန်းဆရာဖေ ကဗျာပေါင်းချုပ် စာအုပ်ထဲမှာ ခေါင်းစဉ်တပ်ထားပါတယ် ...
စာသား ကွဲလွဲမှု အနည်းငယ်ရှိပါတယ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...