နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 16 May 2010

အဖေဖြစ်ပြီ



ဒီနေ့ ကျွန်မ ယောင်းမက ကျွန်မအကို အတွက် သားလေးတယောက် မွေးပေးပါတယ်… ။ ကျွန်မ အကိုက သိပ်ပျော်နေတာပေါ့…။ ပြီးတော့ သူက ကျွန်မ ကြွားပါသေးတယ်…

“မီးမီး…ငါအဖေဖြစ်ပြီဟ”

“အေးလေ…သိပါတယ် ကိုကြီး အဖေဖြစ်တာ… အမေဖြစ်လို့မှ မရတာကြီးကို တကူးတက လာကြွားနေတယ်နော်..ခက်ပြီ..။”

“ဟီးဟီး ပျော်လွန်းလို့ ပါဟ…။ သားလိုချင်တာ သားရတော့ အတိုင်းအထက် အလွန်ပေါ့ဟာ…။”

“ကိုကြီးက အဖေ ဖြစ်ပြီဆိုတော့ အဖေ ကို သတိမရဘူးလား…။ကိုကြီးလဲ ခုထိသားပဲလေ…။”

“အေးနော်… ငါလဲ အဖေအပေါ် ဆိုးခဲ့တာပဲ…။ အဲဒါကို အဖေက ခွင့်လွှတ်နိုင်တယ်… ။ငါ့တော့ဝဋ်လည်မလား မသိဘူးနော်…။”

“အဟဲ.. ကောင်းတဲ့ ၀ဋ်လည်ခြင်းပဲ ကိုကြီးရ…. ။လည်ပေ့စေ.. ကောင်းတယ်… ။”

“ခွေးမလေး… ။ နင်သိပ်အပြောမကြီးနဲ့.. ။ နင်လဲတနေ့ ယောက်ကျားယူ ကလေးမွေးအုံးမှာ ပါ..။ ဟဲဟဲ.. အဲချိန်ကြမှ ငါပြောအလှည့်ပေါ့..။ ခုတော့ နင်ပြောထားဦးပေါ့… ။”

ကျွန်မအကို ပျော်နေတာကို ကြည့်ပြီး အမည်မသိ စာရေးဆရာ တယောက်ရေးထားတဲ့ စာပုဒ်လေးကို သတိရမိပါတယ်…။

တစ်ညမှာ အဖေက သားဖြစ်သူ ဘုရားသခင်ထံ ဆုတောင်းတာကို ခုလိုကြားလိုက်ရတယ်.. “အရှင်ဘုရား တပည့်တော်ကို အဖေ့လိုလူတစ်ယောက်ဖြစ်အောင် ဖန်ဆင်းပေးတော်မူပါ..” ။ အဲဒါကိုကြားလိုက်ရတဲ့ အဖေလုပ်သူက အခုလိုဘုရားသခင်ဆီမှာ ပြန်ုဆုတောင်းတယ်… “ချစ်သော ဘုရားသခင် တပည့်တော်ကို သားဖြစ်စေချင်တဲ့ လူမျိုးဖြစ်လာအောင် ဖန်ဆင်းပေးတော်မူပါ..” တဲ့။

ကျွန်မ အကို ကိုအဲဒီ စာပုဒ်လေးပြောပြတော့ ..

အင်းနော် အဖေလဲ… ဒီလိုဆုတောင်းခဲ့မယ်ထင်တယ်…။ ငါလဲခုချိန်က စပြီးဒီလိုဆုတောင်းရတော့မယ်…။

အမေ တွေကို သားတွေက ပိုချစ်ကြပါတယ်…။ အဖေ ဆိုတာကတော့ သားတွေ အတွက် စံပြဟီးရိုးကြီးပါပဲ..။

ကျွန်မတို့ သားသမီးတွေအတွက် အဖေက စူပါမန်း ပါ..။ ကျွန်မ တို့ကို ကာကွယ်ပေးပါတယ်..စောင့်ရှောက်ပါတယ် ။ လိုချင်တာတွေ ကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါတယ်..။ ကျွန်မတို့ ဆိုးသမျှကို အနွံတာခံပါတယ်…။ အဖေ့ရဲ့ ဂုဏ်သတ္တိတွေက ရေးမကုန်..၊ ပြောမကုန်ပါပဲ…။

ဖေဖေ ဟာလဲ သားတွေအတွက် အဖေကောင်းတယောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်..။ ကျွန်မ ကိုကြီးလဲ သူ့သားအတွက် အဖေကောင်းတယောက်ဖြစ်အောင် ပြင်ဆင်နေပါတယ်…။ အဖေ ချစ်သောသားများ အဖေဖြစ်လာတဲ့ အခါမှာ… အဖေပီသ နိုင်ကြပါစေ…။ အဖေ ကျန်းမာပါစေ……. ။

မှတ်ချက် ။ ။ ဒီပိုစ့်လေးက ကျွန်မရဲ့ အသစ်စက်စက် တူလေးအတွက်..၊ အဖေကိုချစ်သော ကျွန်မဘလော့ရဲ့ ပင်တိုင် စာရေးဆရာလေး ကိုဇေတာရာအတွက်.. ၊ အဖေကိုချစ်သော သားတွေအတွက်… ကျွန်မခံစားမိသမျှကို မရေးတတ်ရေးတတ်ဖြင့်ရေးထားခြင်းဖြစ်ပါကြောင်း….။ ။


5 comments:

မဗေဒါ (ခ) အိုင်ခေး said...

ညီမရေ ..

အချိန်မတော်ကြီး မိန်းမအိမ်လည်ချိန် ရောက် ခဲ့ပသေး.. မောင်ဇေထံတော့ ဝင်မရဘူး..။

အဖေတွေအတွက် အမေတွေအတွက် နောက် တိုင်းပြည်အတွက် သားကောင်းတွေ ဖြစ်ပါစေလို့.. ။ မောင်ဇေကိုလည်း ပြောပါ ရေမျှောကမ်းတင် မဗေဒါ မနက်ဖြန် ကြီးကြီးကျယ်ကျယ်တွေ လုပ်စရာရှိနေတယ် လို့ အသစ်မတင်ဖြစ်သေးဘူး..။

မဗေဒါ (ခ) အိုင်ခေး ( လောလောဆယ်အမည် ဟဲ)

ကိုကိုးအိမ် said...

အဟဲ ကျွန်တော်လည်း အဖေဖြစ်ကြည့်ချင်တယ်
ဒါပေမယ့် မိန်းမမရသေးတာခက်တယ်
အော် ဒါနဲ့ ညီမလေးရေ ဇေကြီးကို ပြောလိုက်ပါ ကိုယ်ပိုင်ဘလော့အသစ်လေးတစ်ခုလည်း ဖတ်ချင်ပါတယ်လို့
နှင်းမိုးမိုးနဲ့ ဇေကြီးကို အမြဲအားပေးနေပါတယ်

ခင်မင်လျှက်
ကိုကိုးအိမ်

Flower said...

ဝမ်းသာပါတယ်ညီမလေးရေ
အဒေါ်ဖြစ်တော့မယ်ဆိုတော့ ၀မ်းသာနေတယ်ပေါ့နော်
အစ်မလဲ ညီမနဲ့ထပ်တူ ၀မ်းသာပါတယ်နော်
သားအတွက် အဖေကောင်းဖြစ်သလို အဖေအမေအတွက် သားကောင်းလဲဖြစ်လာပါတယ်စေလို့..၏

ခင်မင်စွာ

မချော

Anonymous said...

i like this post...:)

mabaydar said...

ညီမရေ... “အေးလေ…သိပါတယ် ကိုကြီး အဖေဖြစ်တာ… အမေဖြစ်လို့မှ မရတာကြီးကို တကူးတက လာကြွားနေတယ်နော်..ခက်ပြီ..။” ဒါလေးဖတ်မိတော့ ရီမိတယ်...

မဗေဒါလဲ ကိုယ့်အဖေကိုယ့်ကို ချစ်သလောက် ဂရုစိုက်သလောက် ကိုယ့်ကို ဂရုစိုက်မဲ့ ယောကျာင်္းမျိုးကို စောင့်ရင်း အဖွားကြီးဖြစ်တော့မယ်ထင်တယ်... အဟိ..
ညီမလေးအစ်ကိုကို ပြောပြလိုက်တဲ့ ပုံပြင်လေးကောင်းတယ်... heart ထိတယ်...

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...