နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 14 May 2010

လိုအပ်နေပါတယ် ကိုဖိုးမောင်

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။


ဒီကဗျာလေးက ၁၉၆၂ခုနှစ် ၊ ဒီဇင်ဘာလ ၅ ရက်မှာ ဆရာကြီးမင်းသုဝဏ်ရေးစပ်ခဲ့တဲ့
ကဗျာလေးပါ ။သူပုန်တွေဝိုင်းထားတဲ့ ကျေးတောရွာကလေးတခုက ကိုဖိုးမောင်ဆိုတဲ့လူတယောက်နေ့
တိုင်း ငါးထွက်ရှာကြွေးပြီး ဓားပြရဲ့လက်ချက်နဲ့ ရွာကိုကယ်တင်ရင်း အသက်စွန့်သွားတဲ့ ကိုဖိုးမောင်အ
အကြောင်းရေးစပ်ထားတဲ့ကဗျာလေးပါ ။ ကဗျာဆရာကြီးတဦးနဲ့တွေ့စဉ် ဆွေးနွေးကြည့်တော့ဒီကဗျာ
ဟာ ၄၂ ခုသို့မဟုတ်ရင် ၆၂မှာရေးခဲ့တာပါတဲ့ အင်္ဂလိပ်အဆုတ် ဂျပန်အတတ်မှာဖြစ်ခဲ့တာတဲ့ ဘယ်လို
ဘဲဖြစ်ဖြစ် အဲခေတ်အဲအခြနေမှာ ဖိးုမောင်လိုသလို ဒီခေတ်ဒီအခါမှာလဲ ဖိုးမောင်တွေလိုသေးတယ်တဲ့ ဘာ
လို့လဲဆိုရင် ဒို့နိုင်ငံဟာ ဆင်းရဲလို့တဲ့ ………….
မနေ့ကကျွန်မဆီကို သူငယ်ချင်းတယောက်ကငွေအလူခံလာတယ်။ ပဲခူးတိုင်း ပြည်ခရိုင်အတွင်းက ရွာပေါင်း၂၆ ရွာဟာ
လူတွေသောက်ရေ ပြတ်လက်မှုနဲ့ကြုံတွေ့နေရလို့တဲ့ ။လူတန်းမဲ့လူတွေလဲ အနဲငယ်သာရှိပါတယ်တဲ့။ဒါ
ကြောင့်သွားလှုကြမလို့တတ်နိုင်သလောက်ထည့်ပါတဲ့။ကျွန်မ တော်တော်လေးတုန်လှုပ်သွားပါတယ်။
စေတီပုထိုး ဂူအမျိုးမျိုး တန်ဆောင်းလှည့်ပတ်
ကျောင်းဇရပ်တွေသိပ်ပေါများတဲ့ ရွှေမြန်မာတို့ရဲ့ ရွှေနိုင်ငံမှာ ရေလှုမဲ့လူနဲတဲ့အတွက်အလွန်ဝမ်းနည်းမိပါ
တယ် ။ ဟိုးတုန်းကဖိုးမောင်ဟာ အသက်တောင်စွန့်ပြီး ရွှာကိုကယ်တင်ခဲ့ပေမဲ့ ယခုခေတ်မှာငွေကြေးနဲ
ငယ်စွန့်လွတ်ပြီး ရေလူတန်းမဲ့ လူတွေကိုနဲပါးစွာတွေ့မြင်နေရပါတယ် ။လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ် ဒီဇင်ဘာလ
တုန်းက မန္တလေးဖောင်တော်ဦးပရဟိတမှာ ဗိသုကာပညာလာသင်ပေးနေတဲ့ ဂျာမန်နိုင်ငံသား မစ္စတာဂျက်
စီကာဆိုတဲ့လူနဲ့ ရွှေတိဂုံဘုရားပေါ်မှာကြုံခဲ့ဘူးခဲ့ပါတယ် ။ သူကဘုရားကိုမော့ကြည့်ပြီး ဟေ့ရွှေတွေအ
များကြီး ဘဲ အဲလိုပြောတဲ့အခါ အခွင့်သင့်တိုင်းကြွားတတ်တဲ့ကျွန်မဟာ ရွှေနိုင်ငံမှာရွှေပေါတာပေါ့
လို့ပြန်ပြောလိုက်တယ် ။အဲချိန်မှာ သူဟာတချက်စဉ်းစားပြီး သူထင်တယ်တဲ့ ၂၀၀၄ခုနှစ်လောက်ကပေါ့
တဲ့ပုဂံကိုသွားလည်ခဲ့တယ်တဲ့။ သူ့နောက်ကို စားစရာလိုက်တောင်းနေတဲ့ ခလေးအယောက်၂၀ယောက်
တွေ့ခဲ့ရတယ် တဲ့ ။မင်းတို့ရွှေနိုင်ငံက ရွှေတွေအဲခလေး တွေအတွက် မသုံးဘူးလား…? ဘုရားမှာဘဲထားတာ
လားတဲ့ ။ကျွန်မ စွံ့အပြီး ဘာတခွန်းမှဆက်မပြောနိုင်တော့ပါ ဒါကြောင့်ဆွေမျိုး မောင်နှမများ ရေငတ်
နေကျတာကို ကြည့်မနေဘဲ ၀ိုင်းဝန်းပြီး ဖိုးမောင်လုပ်ကြပါလို့ တိုက်တွန်းရင်း………………..။


6 comments:

မဗေဒါ said...

ညီမငေး...

ဖြစ်ရလေခြင်းရယ်လို့ မတမ်းတတော့ဘူး..။

ချမ်းသာတဲ့သူတွေလည်း ချမ်းသာကြပါစေ..။

ဆင်းရဲတဲ့သူတွေလည်း ချမ်းသာလာကြပါစေ..။

အင်း မရှိမရှားတွေလည်း ချမ်းသာလာကြပါစေ.. လို့ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်ပေါ့..။

မဗေဒါ

ကိုလူထွေး said...

ဖိုးထောင်သေရတာ ဓားပြတွေကြောင့်လေ...

ဓားပြတွေ သောင်းကျန်းရတာက

ဆင်းရဲလို့...
စားစရာမရှိလို့...
ငတ်လို့

အဲဒီအဓိက ပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့တော့...

ဖိုးထောင်တွေ ဘယ်နှစ်ယောက် သေပေးရအုံးမှာလဲ...

Flower said...

မင်းတို့ရွှေနိုင်ငံက ရွှေတွေအဲခလေး တွေအတွက် မသုံးဘူးလား…?
ဒီမေးခွန်းလေးက တော်တော်လေးကို စဉ်းစားစရာဘဲနော်..
သူတို့လူမျိုးတွေက လက်တွေ့ကျတဲ့သူတွေဆိုတော့ ဒီလိုမေးတာ သဘာဝကျပါတယ်..
ရေအတွက်တော့ မိုးရွာပါစေနဲ့ စေတနာရှင်တွေ များလာပါစေလို့ဘဲ ဆုတောင်းရတော့မှာပါဘဲ

မြစ်ကျိုးအင်း said...

ကဗျာလေးနဲ့ ပို့စ်လေးကို ချိတ်ဆက်သွား ပုံလေးက ကောင်းပါ့ဗျာ။
ဖိုးထောင်တွေ ပိုများလာမှာပါ။ တဖက်က ဖိလေ ပြည်သူက အသိတရားဝင် ပြီး ကိုယ်ချင်းစာ တရား ထားတတ်လာမှာပါ

Zay Tar Yar said...

ဆရာနှင်းတို့များ ဘာရေးရေးဆိုက်ကိုပါတယ်
အဲဒါကြောင့် တပည့်ခံချင်တာ တကယ်ဘဲ
သိပ်တော်တာဘဲ ကဗျာနဲ့ ဟ၀ါလေးကိုစပ်
ဟပ်သွားပုံများ ပညာရှင်ပီသတယ် တကယ်
တော့ ဒီလောက်ရေးနိုင်မယ်မထင်ဘူး အံ့ချက်တော်...။

kyaw said...

အန်တီက တဖြည်းဖြည်းနဲ့ တော်လာပြီနော
ရေးထားတာ မိုက်တယ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...