နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 27 May 2010

မြို့ရောက်ဘကြီးထော်က တောရှိဇနှီးထံပေးစာ

ဟဲ့…မခင်မြ

မြို့ဆိုတာတယ်ကောင်းကိုး ။ဒီကမင်းရဲ့တူတွေဆီက ကွန်ပျူတာဆိုတာများ အင်္ဂလိပ်ခလုတ်တွေ တဗြောင်းဗြောင်း နှိပ်တာများ တယ်လီဗေးရှင်းပေါ်မှာ မြန်မာစာတွေပေါ်တယ်ဟ ။

အလုပ်တွေကလဲ များနေတာပဲ ။ငွေကိုင်စာရေးတစ်ယောက်လိုလို့တဲ့ ရှာနေတယ် ။ငွေကိုင်စာရေးအဟောင်းကိုလဲ ရှာနေတယ်ပြောတာပဲ ။

မင်းတူလဲ မိန်းမရပြီးကတည်းက ထမင်းစားကောင်းလိုက်တာတဲ့လေ ။

တို့တူဝရီး ၂ ယောက်ဆိုင်တွေချည်းထွက်စားနေကြတာပဲ ။အမယ်..သူ့မိန်းမက အချက်မပြုတ်တော့တတ်တယ်ပြောတာပဲ ။ခင်ဗျားတူကသာ မစားတတ်တာ။

သူ့မော်တော်ကားကလဲ သိပ်ကောင်း ။ရပ်ထားတဲ့ အချိန်ဆိုငြိမ်နေတာပဲ ။ရန်ကုန်ကနေ မန္တလေးသွားတာ ဘရိတ်ရှူး ၆ ခုဆောင်သွားရတယ် ။မန္တလေးက ပြင်ဦးလွင်တက်တော့လဲ ခဏလေးနဲ့ ရောက်သွားတယ် ။ကျုပ်တို့က သူများကားနဲ့တက်တယ် ၊သူ့ကားက မီးရထားနဲ့တက်တယ် ။တောင်ဆင်းများတော့မြန်လိုက်တာ တ၀ှီးဝှီးပဲ ။ရပ်ခိုင်းတာတောင်ရပ်လိုက်လို့မရဘူး ။

အခုဆေးရုံပေါ်ကနေရေးလိုက်တာ ။

ဆေးရုံကြီးကလဲ သိပ်ခန်းနားတာပဲဟာ ၊ သူနာတွေအပြည့်ပဲ ၊တော်ရုံကျန်းမာတဲ့လူနာကတော့ မတ်တပ်ရပ်အိပ်ရတယ် ။

မနက်ပိုင်းမှာ ဆ၇ာဝန်လေးက ခန့်ကခန့်သဘိနဲ့လာပြောတယ် ။

ဘကြီးကို သတင်း ၂ခုပေးစရာရှိတယ် ။

၁။ဘကြီးဟာကျွန်တော်တို့ ခွဲစိတ်တာကို ကောင်းကောင်း ခံနိုင်ရည်ရှိတယ် ။သိပ်ကျန်းမာတာပဲ ။၂..။ ကျွန်တော်တို့ ကောင်းတဲ့ခြေထောက်တစ်ချောင်းကို မှားဖြတ်မိတယ် ။အမှန်အတိုင်းပြန်ဖြတ်ဖို့ ဆေးရုံမှာပြန်ပြအုံးမယ်..ဆိုပဲ ။

တော်သေးပြီ ။ခုထိတော့ကျန်းမာပါ၏ ။

မောင်ထော်

စာကြွင်း။ မြို့ဆိုတာကျန်းမာနေရင် တယ်ကောင်းကိုး ။

(ကေဂျေဟာသများမှ ကောက်နုတ်ဖေါ်ပြသည်။)

4 comments:

Flower said...

တော်သေးတယ်
အဲဒီဆေးရုံမှာ သွားမတက်မိတာ
ဖတ်ပြီး ပြုံးမိပါတယ်..
ပြန်ပြီ တာ့တာ... ပြုံးပြုံးကလေးနဲ့ပေါ့.. :)

မဗေဒါ (၈၈) said...

အမလည်း ထိုင်းမှာနေတုန်းက ရဲဘော်တယောက် ကို

အပေါ်သွားနဲ့ အောက်သွားမှား နုတ်ပေးတာ ပြောပြချင်ပါတယ်..။ နောင်ကြုံရင်ပေါ့..။

ဖတ်သွားတယ်..ညီမရေ..။

မဗေဒါ (၈၈)

Unknown said...

အဟီး ရီ၇တယ်ဟ..

Anonymous said...

ဟားဟား

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...