နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 28 May 2010

ရောင်စုံဘောလ်ပင်


ဘာအရောင်နဲ့ ရေးရေး
စကားလုံးတွေ အဓိပ္ပါယ်မပြောင်းဘူး…
အစိမ်းရောင်နဲ့ရေးလဲ သစ်ရွက်ပဲ
အ၀ါရောင်နဲ့ရေးလဲ သစ်ရွက်ပဲ
ဝေမယ် ၊ ကြွေမယ် ၊အဓိပ္ပါယ်…
ရောင်စုံဘောလ်ပင်လေး ရတဲ့နေ့ကစပြီး
ရောင်စုံစာလုံးလေးတွေ ရေးမိတယ်
ကောင်းကင် ၊ ပင်လယ်
တောင်တန်းနဲ့ ကျွန်မနာမည် …
တွေးမယ် ၊ ငေးမယ်
ကျွန်မစာမျက်နှာများ
အစွန်းအထင်းများလှတယ် …
ကုန်ကြမ်းပေးပင်မဲ့
ကုန်ချောမရခဲ့ …
ဘ၀ရယ်
တစ်ခုလောက်တော့ အောင်မြင်ချင်ပါရဲ့ …
ဘာပဲဖြစ်ဖြစ်
အရောင် အနံ့ အရသာကင်းမဲ့တဲ့
ရေတစ်ခွက်တော့ သောက်ချင်မိတယ်… ။   ။



2 comments:

Flower said...

နှင်းရေ
အနံ့မပါအရသာမပါတဲ့ ရေတစ်ခွက်လာပို့ပါတယ်..
ညီမရေ ကြိုးစားမယ်ဆိုရင် တစ်ခုခုမှာတော့ သေချာပေါက်အောင်မြင်မှာပါကွယ်
ပြင်းပြတဲ့စိတ်ဆန္ဒသာ လိုအပ်ပါတယ်နော်...
ဇွဲမလျှော့ကြေး

Unknown said...

သိပ်အတွဲညီတဲ့မောင်နှမဘဲ စောင့်ဖက်နေတာကြာပြီ
လိုက်လဲလိုက်ပါတယ် ၊ ဒီမှာရေးနေတဲ့ဇေတာရာက
အပြင်မှာရော တကယ့်မောင်နှမလား ၊ အားပေးနေ တယ်နော်........။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...