နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 30 May 2010

ဇေ...ပုံပြောပြမယ် ...


ကျွန်တော်က ဟာသပုံပြင်လေးတွေပြောပြောပြီး သူငယ်ချင်းတွေကိုစည်းရုံးတတ်တဲ့အကျင့်ရှိ တယ် ၊ သူငယ်ချင်းတွေကလဲ ပုံပြင်လေးတွေကိုနားထောင်ပေးတယ် ၊ သူတို့ပြောပြရင်လဲနား ထောင်ပေးတော့ ကျေးဇူးခံကျေးဇူးစားအနေနဲ့ ပြန်နားထောင်ပေးတဲ့သဘောပါ ၊ သူငယ်ချင်းက များများ စားစားလဲမရှိပါဘူး ၊ ရန်ကုန်မှာတုန်းက တော့ ၁၀ယောက်လောက်ရှိတယ် ၊ ဘယ်သွား သွား ပူးတွဲပူးတွဲနဲ့မို့ ၊လင်မယားလို့လဲ သမုတ်ကြပါတယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ်လေ ရွယ်တူတွေ မသောက်မစား မရမ်းမကားဘဲ ၊ တဟီးဟီး တဟားဟား လူရှေ့မရှောင်သူရှေ့မရှောင် ရီနိုင်မောနိုင် တာကိုက ၊ ပျော်စရာကြီးမဟုတ်လား ။
ဒီကိုရောက်တော့လဲ သူငယ်ချင်း ခြောက်ယောက်လောက်ထပ်ရတယ် ။ သိတဲ့အတိုင်းဘဲလေ  ရတနာရှိရာ ရတနာလာဆိုတော့  ဗရုသုက္ခရှိတဲ့ ကျွန်တော့နေရာကို  ၊ ဗရုသုက္ခသူငယ်ချင်းတွေဘဲ လာတယ် ။ ဒါပေမဲ့ ရောက်စကတော့ ဆရာကြီးတွေဘဲ ၊ အထာကြီးတွေနဲ့ ဘုရင်ခံသားလိုလို ၊ ဝေလမင်းသားလိုလို ၊ ချားမင်းသားလိုလို အဲလိုကောင်တွေပေါ့ ၊ ဘိုလိုကလဲညှပ်ညှပ်သုံးသေးတယ် ။ ဗမာအချင်းချင်းကို ဘိုလိုလာပြောတာလောက် မျက်စိနောက်တာမရှိဘူး ။ အဲဒါနဲ့ စဉ်းစားရတော့တာပေါ့  ဒီကောင်ခြောက်ကောင်ထဲမှာ ဘယ်ကောင်က ဗိုလ်လဲပေါ့ ၊ အဲထဲမှာ ထက်မြတ်ဆိုတဲ့ ကောင်ကဗိုလ် အခုတော့ တွတ်ပီအမည် ခံယူထားတဲ့ကောင်ပေါ့ ။ လူကတော့ လူလည်ပါ  ဒါပေမဲ့ တပတ်မပြည့်တာ ဆိုးတယ် ။ မသိတာ ဘာမှ မရှိသလို မတတ်တာလဲဘာမှမရှိဘူး ။ အစုံလုပ်နိုင်သလို အစုံလဲပြောနိုင်တယ် ။ ဒါပေမဲ့ ဘာမှတိတိကျကျမသိဘူး ၊ သေသေချာချာမေးလိုက်ရင် တလွဲကများတယ် ။ အဆောင်တူတယ်ဆိုတော့ ၊ အလာဘ သလာဘလေး ပြောရအောင် ကိုယ်ကစပြီး ချုပ်ရမယ်ပေါ့ ဒါနဲ့ ၊ အိပ်ထဲပါလာတဲ့ ၊ လဖက်တို့ ဘာတို့ထုတ်ပြီး သူငယ်ချင်းတို့လာကြဟေ့ ဘာညာနဲ့ အဘိယာစကပြုလိုက် တော့ရောက်ချလာပါတယ် ။ ဒါပေမဲ့အဲထဲမှာ ထက်မြတ်မပါဘူး ။ သူကဆရာကြီးဆိုတော့ သွား  ပြီးသပ်သပ်ပင့်ရတာ ။ လူကတော့တော်တော်ချင်တယ်စတွေ့ကတည်း ထောင့်မကျိုးတာဘဲ ။ ကဲသူငယ်ချင်းတို့ စကားလေးဘာလေးပြောရအောင် ဆိုပြီး ညရှစ်နာရီလောက်ကတည်းက ထိုင် ပြောကြတယ် ။ ဘုရားထီးတင်တဲ့အကြောင်းပါတယ် ၊ ဆော်ကိစ္စပါတယ် ၊ အပိုလို၁၂အာကာသ လွန်းပျံယာဉ်အကြောင်းပါတယ် ၊ ဂိမ်းမျိုးစုံအကြောင်းပါတယ် ၊ ရတနာမိုင်အကြောင်းပါတယ် ငြင်းကြခုန်ကြ မင်းကဘာသိလို့လဲ ငါကအဲအိမ်နားနေလာတာကွ ။ မင်းဂိမ်းဆော့တယ်ဆိုတာ ပျင်းတောင်ပျင်းသေးတယ် သုံးရက်ဆက်တိုက် ဆော့ဘူးတယ်ကွ ၊ ငါက ပြည်ပကို၅နိုင်ငံလောက် ရောက်ဖူးတယ် ။ ငါ့အဖေကဘာညာ ၊ ရောက်တတ်ရာရာတွေပြောလိုက်ကြတာ ၁၀နာရီထိုးလို့လဲ မပြီးဘူး ။ လဖက်ပုဂံလဲ ခွေးလျှက်သထက်ပြောင်နေပြီ ၊ အဲချိန်ထိ ကျွန်တော်က တခွန်းမှမပြောရသေးဘူး  ။ တရားနာပရိတ်သတ်လုပ်တုန်း ၊ နားဒုက္ခရောက်လိုက်ပုံတော့ ပြောရင် ငိုတောင်ငိုချင်ပါတယ် ။ အဲ ဒါနဲ့ ကိုယ်ကစပြီး ဟာသလေးဘာလေးပြောကြပါလားကွာ ၊ ငါက ဟာသတို့ အပြောင်အပျက်တို့ သိပ်ဝါသနာပါတယ်လို့ ပြောလိုက်တော့ ကိုတွပ်ပီကဘဲစပြောတော့တာဘဲ ၊ သိပ်မရီရပါဘူး အဲဒါ နဲ့ကိုယ့်အလှည့်ရောက်ပြီဆိုကြပါစို့။

ကဲသူငယ်ချင်းတို့ ငါ့နာမည်ကဇေတာရာ မရမ်းကုန်းမှာနေတယ် စတင်မိတ်ဆက်ပြီး မင်းတို့ကို ဟာသပုံပြင်လေးတခုပြောမယ် ဒါပြီးရင်မင်းတို့လဲအခန်းပြန် ငါလဲအိပ်တော့မယ် ဘာညာနဲ့ချုပ် လိုက်တော့ အိုကေ ဆိုပြီးစလိုက်တာ……….။

ဟိုရှေးရှေးတုန်းကပေါ့ကွာ တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်တယ် သူကသားမမွေး ဘူးသမီးတော်လေးတပါးဘဲရှိတယ် သိလား ဘုရင့်သမီးဆိုတော့ချောတာပေါ့ကွာ ဘုရင်ဆိုတာ မျိုးကလဲသိတဲ့အတိုင်းဘဲလေ ၊ သမီးမွေးရင် ထီးနန်းလွှဲဘို့အခတ်အခဲရှိတော့ သားတော်တပါးလို ချင်တယ် ၊ အဲဒါနဲ့ အခြား တိုင်းပြည်တွေကမင်းသားတွေဆီကို သ၀ဏ်လွှာပို့ပြီးတော့ ငါ့မှာ သမီး လေးတယောက်ရှိတယ် ၊ အမောင်တို့စိတ်ဝင်စားရင် လက်ဆောင်နဲ့လာပြီး သမီးစီကိုလာခဲ့ကြ သမီးကြိုက်တာနဲ့ နန်းတင်ပြီး ထီးနန်းလွှဲမယ်လို့ စာတွေပို့တာပေါ့ အဲသတင်းကို ဘုရင့်တိုင်း ပြည်ထဲက လူငယ်လူရွယ်တွေကြားတော့ဘုရင့်ကိုဒေါကန်တာပေါ့ ၊ သူတို့က သူ့တို့မင်းသမီးကို အခြားတိုင်းပြည်ကလူနဲ့ပေးစားမှာ သမြောတာကိုး ဒါနဲ့ လူငယ်တွေစုပြီးတော့ ဘုရင့်နန်းတော် ရှေ့ကဟစ်တိုင်မှာ သွားပြီးအော်ကြတယ် ၊ မင်းသမီးကိုဘယ်နိုင်ငံက မင်းသားနဲ့မှ  မပေးစားနိုင်ပါ ဘူး ကျွန်တော်တို့တိုင်းပြည်ထဲက သူဌေးသူကြွယ် ကုန်သယ်လယ်လုပ် တွေထဲကတဦးဦးနဲ့သာ ပေးစားစေလိုပါတယ် ဒီလို မှမဟုတ်ရင် ဘုရင့်ကိုပုန်ကန်ရပါလိမ့်မယ် ဆိုပြီး လူငယ်တွေကစုအော် တော့ဘုရင်လဲတော်တော်လန့်သွားတယ် ဟင်းမဖြစ်ခြေဘူး ၊ ရွှေလင်းပန်းနဲ့အချင်းဆေး မင်းမွေး တဲ့သမီးကို ဂွတိုတို့ မောင်မြတို့လက်ထဲထည့်ရင်အကျိုးနဲရချည့်ရဲ့ မပေးစားရင်လဲ ၊ ဒီကောင် တွေကတကယ်ပုန်ကန်မဲ့ကောင်တွေ ၊ အဲတော့ ပရိယာယ်နဲ့ ညာဏ်ဆင်မှဘဲဆိုပြီး….အိုကေ. အမောင်တို့ နောက်တလကြာတဲ့အခါ မင်းသမီးကိုလိုချင်တဲ့ မည်သူမဆိုနန်းတော်ထဲကိုလာခဲ့ ကြပါ  အဲကျမှ မင်းသမီးကိုတကယ်ချစ်မချစ်စမ်းသပ်ပြီးတော့  စမ်းသပ်တာခံနိုင်တဲ့လူကို မင်းသ မီးနဲ့တကယ်ပေးစားပါမယ်ဆိုပြီး ဂတိပေးပြီးလူအုပ်ကြီးကိုပြန်လွတ်လိုက်ပါတယ် ၊၊

ဒီမောင်တွေ အကုန်အသံမထွက်တော့ပါဘူး စိတ်ဝင်တစားနဲ့ နားထောင်နေကြပါတယ် ။ ဒါနဲ့ကျွန်တော် ကလဲပုံပြင်ကို ဆက်ပြောတာပေါ့  ။                                                                    
တလလဲပြည့်ခါနီးရော တိုင်းပြည်ထဲ ရုတ်ရုတ်သဲသဲဖြစ်နေကြတော့တာပေါ့ ၊ ပုဆိုးအကြွေးသွား ၀ယ်တဲ့ကောင်နဲ့ ၊ မျက်နှာပေါင်းတင်တဲ့ကောင်နဲ့ ၊ တနိုင်ငံလုံးရှုတ်နေတာဘဲ ဘုရင့်သမက်ဆို တာနဲတဲ့ပါဝါမဟုတ်ဘူးလေ ၊ လူတိုင်းလိုချင်တာကိုး ဆိုက္ကားသမားတွေရော သဘောင်္ဆေးသုတ် တဲ့ကောင်တွေရော ဂွတိုတို့မောင်မြတို့ရော အလုပ်တတအားရှုတ်နေကြတာ ၊ တလပြည့်တော့ ၀တ်ကောင်းစားလှလေးတွေနဲ့ နန်းတော်ရှေ့လူသွားစုတာပေါ့ ၊ ဟဲဟဲ ဘုရင်ကလဲအချင်မှမဟုတ် တာ သူတို့ထက်လည်လို့ဘုရင်လုပ်နေတာလေ ၊ နန်းတော်ရှေ့မှာ မန္တလေးက ကျုံးကြီးလိုကျုံး ကြီးတခုထူးထားလိုက်တယ် ၊ သမက်လောင်းတွေက ဒီဘက်ကမ်း ဘုရင်နဲ့မင်းသမီးလေးက ဟိုဘက်ကမ်း မှာ ကျုံးထဲမှာလဲ မီချောင်းရော ငမန်းရော ငလိပ်ကျောက်ရော ငုတ်တွေရော ကိုက်လဲကိုက်တတ်ရေထဲမှာလဲနေလို့ဖြစ်တဲ့ အကောင်ဆို ဖားကပြုတ်တောင်မကျန်ဘူးဘုရင်က စနစ်တကျထည့်ထားတာ ၊ အဲချိန်မှာ ဘုရင်ကဟိုဘက်ကမ်းကနေ လောက်စပီကာအသေးစား လေးနဲ့လှမ်းအော်တယ် ၊ အမောင်တို့ ခုချိန်ကစပြီး ကြင်ယာတော်ရွေးချယ်ပွဲစတင်ပါပြီ ၊ မင်းသ မီးကိုတကယ်ချစ်မြတ်နိုးတဲ့ သမက်တော်လောင်းက ဒီကျုံးကြီး ကိုဖြတ်ကူးပြီး ဒီဘက်ကမ်းကိုလာ ခဲ့ပါ ၊ ငါကသမီးတော်လေးနဲ့လက်ထပ်စာချုပ်ပါကိုင်ပြီး လက်မှတ်ထိုးဘို့စောင့်နေပါ့မယ်လို့ ကြော်ငြာလိုက်တော့ ၊ သမက်တော်လောင်းတွေ အကုန်အသံတိက်သွားတယ် ၊ ဘုရင်ကြီးက တော့ ဘယ်နှယ့်ရှိစ ဆိုတဲ့ မခန့်လေးစားသရော်တော်တော်အပြုံးလေးနဲ့ပေါ့ ၊၊

အဲချိန်မှာ ဒီဘက်ကမ်းမှာလဲ ခုနတော့ အသက်ဘဲစွန့်မှာလိုလို ၊ ကျားဘဲဖမ်းမှာလိုလို၊ ဆင်ဘဲဖမ်း မလိုလို ၊ ဓာတ်တိုင်ဘဲသွားကြားထိုးမလိုလို လုပ်နေတဲ့မောင်တွေ တုတ်တုတ်မျှမလှုတ်ကြဘူး ၊သူ့ မျက်နှာကိုယ့်ကြည့် ကိုယ့်မျက်နှာသူကြည့်နဲ့စပ်ဖြီးဖြီးလုပ်နေကြတာ ဟေ့မောင်မြ မင်း  ဆင်းကူးလိုက်ပါလား ၊ တော်ပါဂွတိုရာ ငါကမင်းလောက်ရေကူးမကျွမ်းဘူးဟ ၊ ဟေ့ကိုသောင်း ညွန့်ကြီး ခင်များက သတ္တိရှိပါတယ်ဗျာ ဟိုရက်က ကိုးတောင်ကျားကြီးတောင်တယောက်ထဲဖမ်း ခဲ့တယ်လို့ဆိုသမို့လား အာ ငါကနောက်တာပါကွ ဟဲဟဲ အဲသလို ပလာတာရိုက်နေတာနဲ့  ယောက်မှ ကူးမဲ့လူမပေါ်ဘူး ၊ ဘုရင်ကလဲတွေးနေတာ ဒီကောင်တွေမကူးရဲပါဘူး ဒါဆိုငါ့သမီးကို တရုပ်ပြည်က မင်းသားနဲ့ပေးစားလို့ရပြီး ဘာညာနဲ့တွေးနေတုန်း ၊လူတယောက်က ပလုံ ဆိုပြီး ခုန်ဆင်းလာတော့ ဘုရင်မျက်နှာကွတ်ခနဲပျက်သွားတယ် ၊ ဟိုဘက်ကမ်းက သူရဲကောင်းအပေါင်း လဲနဲနဲကြောင်တတ်တတ်ဖြစ်သွားတယ် ၊ ခုန်ဆင်းလာတဲ့မောင်ကလဲ နောက်ကမိချောင်းတွေ လိုက်လို့ အသားကုန်ကူး တော့တာပေါ့ ၊ အဲချိန်မှာ ကမ်းပေါ်ကလူတွေကလဲစဉ်းစားတယ် ဟို ကောင်ဟာ တကယ်လို့သာ မီချောင်းမကိုက်ဘဲဟိုဘက်ကမ်းရောက်သွားရင် ငါတို့ရဲ့ဘုရင်ဖြစ် မဲ့ကောင် ဒီတော့ ငါတို့ကအားပေးရမယ်ဘာညာဆိုပြီး နောက်ကနေ၀ိုင်းမြောက်ပေးတာ ဟေး ယောကျာင်္းကွ ကူး ကူးထားဟ ဘုရင်လောင်းကွ ကူးထား ဆိုပြီး ဖားဖားယားယား ၀ိုင်းမြောက်ပေး ကြတာ နဲ့ အောက်ကလူကလဲကြောက်ကြောက်နဲ့ကူး ဟောဟဲကိုစိုက်နေတာဘဲ ဒါနဲ့ကံကောင်း ထောက်မစွာနဲ့ ဒီဘက်ကမ်းရောက်သွားတော့ကူးတဲ့လူကတော်တော်မောနေပြီ ဘုရင်ကလဲစိတ် တော်တော်ညစ်နေပြီ ၊ ဒီဘက်ကမ်းကလူတွေကလဲ သူတို့ဘုရင်လောင်းဟိုဘက်ကမ်းရောက်သွား လို့အားရပါးရ လက်ခုတ်တွေလက်ဝါးတွေတီးကြတာ ဆူညံလို့ ၊ အဲချိန်မှာ ဘုရင်ကစိတ်ညစ်ပြီး သမီးကိုလက်စွဲပြီး ကဲအမောင်သမက်လောင်း ငါ့သမီး ကိုမင်းလက်ထဲကိုအပ်ပါတယ် မင်းလက် ခံ ပေးပါလို့အပ်ရတော့တာပေါ့ ၊ မအပ်လို့လဲမရဘူးလေ ဟိုဘက်ကလူအုတ်ကြီးကဘုရင်မပေးရင် ၀ိုင်းဆော်မှာပေါ့ ၊ ဒါပေမဲ့ ကူးလာတဲ့သမက်လောင်းက စကားမပြောနိုင်သေးဘူး ဟောဟဲဟော ဟဲဖြစ်နေလို့ ဒါနဲ့ဘုရင်က ထပ်ပြီးဒီမှာလက်မှတ်ထိုးလို့ပါလို့ သမက်လောင်းကိုပြောတော့ သမက်လောင်းက ဒီကိစ္စအသာထားစမ်းပါ ၊  ဟိုဘက်ကမ်းကို မျက်နှာမူပြီး သမက်လောင်းအော် လိုက်တာက (ဘယ်ကောင်လဲကွ ငါ့ကိုရေထဲတွန်းချတာ) ။
ကျွန်တော့်ပုံပြင်လဲဆုံးရော အဲကောင်တွေ တအားရီပြီး ကိုယ်စီအခန်းထဲဝင်ကြပါတယ် ၊ အဲပုံပြင် ပြောပြပြီးကတည်း ၊ကျွန်တော် နဲ့အဲကောင်တွေနဲ့ သားအဖလိုကို ဖြစ်သွားပါတယ်.. ။ သူငယ်ချင်းတို့ လဲ အဲသလိုဖြစ်ချင်ကြရင်တော့ဖြင့်…………………..ဇေ ။


4 comments:

Flower said...

ပုံပြောကောင်းတဲ့ဇေတာရာပါလား
အင်း နောက်ကိုလဲ ပြောပါဦး..
နားထောင်ချင်သေးလို့...

TT said...

ဇေ့ ... ပုံပြင်လေးကို ဖတ်သွားပါတယ်...

Anonymous said...

p lae p bu..toe loh tan lan kyi....

Unknown said...

ကြည့်၇တာ အဲ့ကောင်ကိုေ၇ထဲတွန်းချတာဇေပဲနေမယ် ဟုတ်တယ်ဟုတ်.....
ရေးထားတာကောင်းပါတယ်ဗျာ....

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...