နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 10 May 2010

ရေးဖို့တွေး


နှင်း ဒီည နက်ဖြန်တင်ဖို့ ပိုစ့်အတွက် စာရေးနော် တဲ့…။ ဇေကမှာလိုက်တယ်...။ အေးပါဟာ…ရေးမှာပါ…နက်ဖြန် ငါ့ပိုစ့်တင်မှာ စိတ်ချ…။ အင်းပြောသာပြောလိုက်ရတာ ဘာရေးရမှန်းတောင်မသိဘူး ။ အလုပ်က စောစောပြီးလို့ အဖေကလဲ လာကြိုနေပြီ ။ ကျွန်မရဲ့စီးတော်စက်ဘီးလေးကိုစီး၊ဖေဖေကလဲသူ့စက်ဘီးလေးနဲ့…၂စီးတူတူအိမ်ပြန်ခဲ့တယ်..။ ညတိုင်းဖေဖေ နဲ့စက်ဘီးစီးရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်အောင်ပါပဲ…။လသာတဲ့ ညတွေဆိုစီးရတာ ပိုပြီးနှစ်သက်ဖွယ်ကောင်းတယ်ပေါ့..။ ညဘက်တိုက်တဲ့ လေကိုလဲ တမျိုးလေးခံစားမိတယ် ..။ အင်း…စက်ဘီးနင်းရင်းတွေးမိတာက ဒီည ဘာအကြောင်းရေးရင်ကောင်းမလဲပေါ့..။ဇေ လိုပဲ ဖေဖေ အကြောင်းရေးရင်ကောင်းမလား..။ ဒီနေ့မေလ ၉ ရက်နေ့ အမေနေ့တဲ့..။ဒီည ဘလော့တွေလိုက်ဖတ်တော့လဲ အမေအကြောင်းတွေပဲ ဖြစ်နေတယ်..။ကိုယ်က နက်ဖြန်မှ ပိုစ့်တင်မှာဆိုတော မမှီတော့ဘူးရယ်…။ ။တွေးရင်းနဲ့ အမှိုက်ပုံနားရောက်လာတယ်…။ ပြန်လာတဲ့လမ်းမှာ အမှိုက်ပုံအကြီးကြီးရှိတယ်..အရင်တုန်းက ကန်စွန်းခင်းပေါ့ ခုတော့ဘယ်လိုဖြစ်ပြီး အမှိုက်ပုံဖြစ်သွားပါလိမ့်.. ဒီနားရောက်တိုင်း အသက်ကို စက္ကန့် ၃၀ လောက်အောင့်ထားလိုက်တယ်..။အဲတော့…သမီးရည်းစား၂တွဲဒီမှာလာချိန်းတွေ့နေတယ်…အောင်မလေးလေး.. ဒီလောက်နံစော်နေတဲ့နေရာကိုများ..အင်းယားကန်အောင်မေ့နေလားမသိဘူးတော်..။အေးပေါ့လေ…သူတို့အတွက်တော့ ဒီနေရာက တမျိုးထူးခြားလို့နေပါလိမ့်မယ်..။တွေးနေရင်းနဲ့ အတွေးထဲ ချဉ်စုတ်စုတ် အနံ့ရောက်လာလို့ စက်ဘီးကို အသော့နင်းလိုက်တယ်..။ ရထားသံလမ်းမှာ ရထားလာလို့စောင့်ရင် ဒီညဘာရေးရင်ကောင်းမလဲ ဆိုပြီး..တွေးလိုက်..စဉ်းစားလိုက်နဲ့ရထားကြီးကလဲ အမြှီးလေးခါပြီး ထွက်သွားလေရဲ့….။အိမ်ရောက်ခါနီးတော့ ဟေးးးးဆိုပြီးအော်သံကြားလိုက်ရတော့…အော်ဟုတ်သားပဲ…ဒီနေ့ညနေမီးပျက်ရက်ပဲ…ညမှမီးလာမှာပေါ့..ခုမီးလာပြီးပဲ…။ ဟိုတွေးဒီတွေး တွေးလာတာ မှောင်နေတာတောင် သတိမထားမိလိုက်ဘူး..။ အိမ်ရောက်တော့ ကွန်ပျူတာ ကိုအရင်ဖွင့်လိုက်တယ်…ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတုန်း… အိမ်ရှေ့ တီဗီ က >> အိုပါး..အိုမား..အာပုကျိ<< ဆိုပြီး ကိုရီးယာစကားသံတွေ ကြောင့်စိတ်နဲနဲ တိုသွားတယ်..။ အိမ်က လူတွေကို စိတ်တိုသွားတာပါ…နားလည်ကြတာလဲမဟုတ်ပဲနဲ့ သူများဘာသာပြန်ထားပေးတာကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်ကြတာမဟုတ်ဘူး…။ ခက်ပါရဲ့နော်…။ ခုထိ ဘာရေးရမသိလို့ ညစ်နေပါတယ်ဆိုမှပဲ…။ သူတို့အစီအစဉ်တွေ ပြီးမှပဲ ရေးတော့မယ်…ခုတော့ခြံထဲမှာ လေညင်းခံရင်း ကာဖီ သောာက်ရင်း စိတ်ကူးယဉ်လိုက်ဦးမယ်..။ ညဘက်တိုက်တဲ့လေက အေးတော့ ဇိမ်ခံမယ်စိတ်ကူး ကာမှ တ၀ှီဝှီ နဲ့ ခြင်တွေက ပွဲတော်တည်ဖို့ရောက်လာတယ်..။စပရေး ဖြန်းလို့လဲမရ..၊ခြင်ဆေးထွန်းလို့လဲမရ ဆိုတော့..အိမ်ထဲပြန်ဝင်လိုက်တယ်..။အတော်ပဲ…ကိုရီးယားကာလဲပြီးပြီ..။နာရီကြည့်လိုက်တော့ ၁၁း၃၀ ပြီ..။ အမေက သမီငယ်ညဥ့်မနက်နဲ့နော်..နက်ဖြန်ကျောင်းတက်ရမယ်မလား..တဲ့..။ ဟုတ်ပါရဲ့…နက်ဖြန် တနလာင်္နေ့ပဲ..။ ကျောင်းတက် ရမှာကိုမေ့ရအောင် အတွေးလွန်နေတယ်… ငါ့နှယ့်နော်…။
ကျောင်းကလဲ စောစောသွားရမှာဆိုတော့ အိပ်မှဖြစ်တော့မယ်..။ ဒီအချိန်အိပ်မှ နက်ဖြန်ကျောင်းမှာ ခေါင်းမူးမနေမှာ…။ဇေ့ ကိုလဲနက်ဖြန် ကြည့်ရွှီးလိုက် မယ်..မီးပျက်နေလို့ မရေးဖြစ်ဘူးပေါ့…။ မြန်မာနိုင်ငံ မီးအကြောင်း သူလဲသိတာပဲ…။ ကြုံတုန်းကြွား အုံးမယ် ဇေ ရေ…ငါတို့မြန်မာပြည်မှာ မီးခဏခဏ လာတယ်ဟ..။နင်တို့ ထိုင်းမှာတောင် တနေ့တခေါက်ပဲလာတာမလား..။း) ဒီညမီးပျက်လို့ဘာမှ မရေးဖြစ်ဘူး အိပ်တော့မယ်ဟာ…။


5 comments:

Flower said...

ဟုတ်တယ် မြန်မာပြည်မှာ မီးမလာတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ဘဲ မီးလာတာတာ ပြောစရာ ဖြစ်နေပြီ..
အင်တာနက်သုံးရတဲ့ ဒုက္ခကရော.. ဘယ်လောက်များစိတ်မရှည်ချင်စရာကောင်းပါလိမ့်..
ပိုစ့်တင်မလို့ လုပ်ပါတယ်.. ကိုယ့်ဘလော့ထဲ
ဝင်မရလို့ ငုတ်တုတ်မေ့နေရတာ အကြိမ်ကြိမ်..
ဒီတော့ ရေးချင်တဲ့ အတွေးတွေကလဲ အဝေးကိုပြေးတာ ခနခန..

kyaw said...

ဘာမှလည်း မရေးပဲနဲ့ လူလည်ကျတယ်
မီးမလာတာကို လွှဲချသွားသေးတယ်
လူလည်ကြီး သားသမီး

စန္ဒကူး said...

လာဖတ်သွားပါတယ်..း)

kiki said...

မီး မလာ တာ ပဲ ခပ်ကောင်းကောင်းးးး
စောစော အိပ်ရတာပေါ့ ။
အမှိုက်ပုံ ကလည်း နေရာတကာ ဆိုတော့
သမီးရည်းစားတွေ လည်း နေရာရွေးစရာ မရှိတော့လို့  နေမှာ ...

တွေးမိတာ ရေးသွားတယ် နှင်း ရေ ...

Anonymous said...

ဆရာမကတော့ဆရာမပါပဲ..း)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...