နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 15 May 2010

ဗီဇ

ဝါသနာစရိုက်ဆိုတာလူတိုင်းမှာ ရှိကြတယ်ဗျ ။ ကျွန်တော်ငယ်ငယ်တုန်းက သီချင်းဆိုတာ တွေ ကဗျာရွတ်တာတွေသွားနားထောင်တယ် ။ စာမဖတ်တတ်သေးပေမဲ့ စာအုပ်ပုံကိုသဘောကျတယ် ။ ဟိုပုံလှန် ဒီပုံလှော အကုန်လျှောက်လုပ်တယ် ။နောက်ပြီးဟင်းချက်ရင်လဲ ဟင်းအနံ့ကိုလိုက်ရှုရှိုက်တာလဲ ၀ါသနာပါခဲ့တယ် ။ခုထိထမင်းကိုစားခါနီးရင် ဟင်းပန်းကန်ကို အရင်ရှုပြီးမှစားတယ် ။ အဲလိုဝါသနာတွေထုံလာတဲ့ အကျိုးဆက်ကဘာလိုလဲဆိုရင် အခု စာမတောက်တခေါက် ဖတ်တတ်လာတယ် ။ ဟိုဟာတီး ဒါတီးလေးလုပ်တယ် ။ ဟိုအသံယူ ဒီအသံဖြတ် လုပ်တယ် ။ ဟင်းချက်ရင် ဆားအချိုမှုန့်လိုလား မလိုဘူးလား အနံ့ခံလိုက်တာနဲ့သိတယ် ။ အဲလိုအကျိုးဆက်ခလေးရတယ်ဗျ ၊။ ကျွန်တော့်အကိုအကြီးဆုံးကျတော့ ငယ်ငယ်ကတည်းက သူကကော်နားကြပ်ခလေးတခုနဲ့ သူများတွေအိပ်ချိန်ရောက်ရင် ၀ီရိယကောင်းကောင်းနဲ့ထပြီး ပါးသွေးတိုးတယ်…. မားကဟိုဟာတွေမစားနဲ့.. ဒါတွေမစားနဲ့…မတည့်ဘူးအဲလိုလေးတွေ ဆရာလိုက်လုပ်တယ် ။ ဟုတ်ကဲ့ ဆရာဝန်ကြီး အိပ်ပါဆိုမှသူအိပ်တယ် ။ နောက်ယောကျာင်္းလေတန်မဲ့ ခလေးမွေးတာကို စိတ်ဝင်စားတယ် ။ အလတ်ကောင်မွေးတော့ သူက အခန်းနားမှာ နားကြပ်တခုနဲ့ အလုပ်ရှုတ်နေလို့ ပါးက သူ့ကိုချီပြီး အပြင်ထုတ်သွားလို့ တော်တော် ငိုတယ်ဆိုဘဲ။ ငိုရက်တန်းလန်းနဲ့ဘဲ အဲအခန်းနားကို ပြန်သွားတယ် ။ ဆရာဝန်တွေက သားကဘာလုပ်ချင်လို့ လဲမေးတော့ အားလုံးက သူ့အဖြေကြောင့် ငိုအားထက်ရီအားသန် ဖြစ်ကုန်ကြတယ်(ခလေး

သေးသေးလေးကိုခွဲထုတ်ရမယ်တဲ့)လေ ။ အခုတော့ သူကသားဖွားမီးယပ်ဆရာဝန်ကြီးပေါ့ …၊။

အလတ်အကိုကျတော့ သူ့ဝါသနာစရိုက်ကတမျိုး… မိုးလင်းတာနဲ့ လူကြီးတွေထရင် သူလိုက်ထတယ် ။ နောက်ပြီး ဗိုလ်လောင်းအကျီသေးသေး အဖြူလေးဝတ်တယ် ။ ဗိုလ်ဦးထုပ်လေး ဆောင်းတယ် ။ သစ်သား ဓါးလေးကို ပြင်တယ်။ ပြီးရင် အိမ်ရှေ့မှာ သူ့အတွက် လုပ်ပေးထားတဲ့ အလံတိုင် သေးသေးလေးမှာ အ၀တ်နဲ့ လုပ်ထားတဲ့ အလံသေးသေးလေး တင်တယ် ။ ပါးစပ်ထဲမှာလဲ သံဘာဂျာသေးသေးလေးကိုလဲ ပါးစပ်ကမှုတ်တယ် ။ ပြီးရင် အားလုံးသတိ ပြည်ထောင်စုနိုင်ငံတော်အလံကို အလေးပြု ဘာညာနဲ့ဆိုပြီး ပါးနဲ့မားကို အလေးပြုခိုင်းတယ် ။ နိုင်ငံတော်သီချင်း ဆိုရတယ် ။အလေးမပြုဘူး သီချင်းမဆိုဘူး ဆိုရင်တော့ အဲနေ့ဟာ သူ့နေ့ဘဲ တနေ့လုံးငိုတယ် ။ ကျွန်တော်ရဲ့မိဘများဟာ အဲအရွယ်ကတည်းက ဒုက္ခသုက္ခမျိုးစုံကို ခါးစည်းခံခဲ့ရတယ်။ မိဘမိဘ …အဲအကောင်က အလံတင် အင်မတန် ၀ါသနာထုံတယ် ။သစ်ပင်တွေ့ရင် ကြိုးတချောင်း သွားချည်တယ်။ ပြီးရင် အ၀တ်စအလံလေးတွေကို လုပ်ပြီးတင်တယ် ။ ဆယ်တန်းကို ၁၆နှစ်နဲ့အောင်ရင် DSA တက်ရမယ် ဆိုလို့သူကြိုးစားတယ်။ စာမကျက်တဲ့နေ့ဆို ဗိုလ်လောင်းသင်တန်း မ၀င်လိုက်ရဘဲနေမယ်လို့ ပြောလိုက်တာနဲ့ သူစာအုပ်ကို တန်းသွားယူပြီး ကျက်တယ် ။ ကျောင်းအားကစားပွဲ သူအလံကိုင်တယ်။ ဘင်ခရာတီးတယ်… အလံကိုင်ရမယ်.. အလံချရမယ်.. အလံတင်ရမယ်ဆိုရင် အဲကောင်က ထမင်းမစားရလဲ အိုကေတယ် ။ ဘယ်လောက်ဝေးဝေး လိုက်တယ်။ ဘယ်လောက် ပင်ပန်းပန်းသွား တယ် ။ အလံခရေဇီလို့ပြောလို့ရတယ် ။ သူ့အခန်းထဲမှာ အလံတိုင်လေးတွေ ရှိတယ် ။ နိုင်ငံပေါင်းစုံရဲ့ အလံတွေ ရှိတယ်တယ် ။ စစ်သားနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖက်တယ် ။ ထောက်လှန်းရေး စာအုပ်တွေဖက်တယ် ။ အခု သူ စစ်ဆရာဝန် ဖြစ်သွားတယ် ။ DSA တော့ကျတယ်မျက်စိမွဲလို့ လို့တော့ပြောတယ် ။ ဒါတွေဟာ သူ့ရဲ့ဝါသနာ စရိုက်ကြောင့် လို့ထင်ပါတယ် ….. ။ နောက်တယောက်က ကျွန်တော့ ညီမ၀မ်းကွဲလေး ဖေဖေညီမရဲ့သမီးပါ ။ နာမည်က ဟေမန်တဲ့ ။သူ့ဝါသနာကတော့တမျိုး ငယ်ငယ်ကတည်းက အိမ်လာရင် ပုရွတ်ဆိတ် တွင်းလေးတွေကို သစ်ကိုင်းခြောက်နဲ့ လိုက်လိုက်ထိုးတယ် ။ ညီမလေးလာလေ ပုံပြင်ပြောမလို့..ဟင့်အင်းဒါဘဲဆော့မယ် ။ လာပါ မင်းကို ပုရွတ်ဆိတ်ကိုက်လိမ့်မယ်။ ဟင့်အင်း ဒါဘဲဆော့မယ်။ သူ့ဝါသနာက ပုရွတ်ဆိတ်တွင်းသာတွေ့လိုက် တုတ်တို တချောင်းရှာပြီးသွားသွား စွတယ် ။ ဘာအကြောင်း ပြောပြော ဘာလုပ် ပေးပေး ပုရွတ်ဆိတ်တွင်းကိုဘဲ အာသီသရှိတယ် ။ အဲဝါ သနာကြောင့်လားမသိပါဘူး သူအိမ်ထောင်ကျတော့ ကိုးတန်းဘဲရှိသေးတယ်။ ၀ါသနာ ဗီဇ ဆိုတာအဲသလိုကိုးဗျ ။ လူတိုင်းမှာ ၀ါသနာတခုရှိတယ်။ ဟိုသူငယ်ချင်းတယောက်ရဲ့ ၀ါသနာကတမျိုး… နာမည်က ကျော်ကျော်တဲ့ ။ သူက နားကလိတာ ၀ါသနာပါတာ နားယားလာရင် တွေ့တဲ့ဒုတ်နဲ့ထုတ်နဲ့ထိုးတယ် ။ နောက်ဆုံးဘာမှ မရနိုင်တော့ဘူးဆိုရင် မြက်ပင်လို သေးသေးရှည်ရှည်အပင်နဲ့ကလိတယ် ။ ပိုက်ဆံကို ကန်တော့လေး လိုလုပ်ပြီးကလော်တယ် ။ တော်တော်စုံတယ်.. အဲကောင်နားကျပ်ပုံကလိပုံကတော့ပြောရင် ဆောင်းပါးတပုဒ်စာလောက်ရှိမယ် . ။အခုတော့သူက TTC သဘောင်္မှာ RO အရာရှိတဲ့.။ အကျင့်စရိုက်နဲ့ ပတ်သတ်ပြီး ကြုံလို့ပြောတုန်း သူငယ်ချင်း တယောက်ကလဲ ခလေးတယောက် အကြောင်းပြောလာတယ် ။ အုန်းတော ဆိုတဲ့နယ်မှာ ခလေးတယောက်က သူငယ်တန်းတဲ့ ။ အဲခလေးကို ဆရာမက သချာင်္သင်ပေးတာ တဲ့ ၅နဲ့၅နဲ့ပေါင်း ဘယ်လောက်လဲလို့ မေးတော့ ကျန်တဲ့ ခလေးတွေက တစ်ဆယ်ရတယ်ဖြေတယ်။ သူက (ဘူ)လို့ဖြေသတဲ့ ဘူဆိုတာ ဖဲရိုက်တဲ့ လူတွေပြောတဲ့ ၁၀ကိုကိုယ်စားပြုတဲ့အသုံးနှုံးဆိုဘဲ ။ ကြည့်ရတာ အဲခလေး ကျတော့ ကိုယ်ပိုင် စရိုက် ပါမလာဘူးတဲ့။ သူ့အဖေတွေ အမေတွေ ဖဲရိုက်တာကို ကြည့်ပြီးမှတ်ထားတာ နေမှာတဲ့ ။ အဲကောင်လေး ကြီးရင် ဖဲသမားဖြစ်ဘို့ ရာနှုန်း တော်တော်များတယ်လို့ ပြောပြတဲ့ သူငယ်ချင်းကဘဲ မှတ်ချက် ပေးသွားပါတယ်။ လူတွေမှာ မွေးကတည်းက အကျင့်စရိုက် ခလေးတခု ပါလာတတ်ကြတာကို သတိထားမိတယ် ။ တချို့ အကျင့်စရိုက် ခလေးတွေကတော့ ကောင်းတယ် ။ လောကကြီးကို အကျိုးပြုတယ်။ မိမိကိုလဲ မပျက်ဆီးစေဘူး ။ တချို့စရိုက်များကျတော့ ပတ်ဝန်းကျင်ကိုလဲ အကျိုးမပြုဘူး မိမိကိုလဲ ထိခိုက်တယ်။ ဥပမာ ငှက်ကိုမြင်ရင်ဂွနဲ့ပြစ်ချင်တာတို့.. အလိုလိုနေရင်း အိမ်ကို မီးနဲ့ရှို့ချင်တာတို့.. ပါးစပ်က ပေါက်ကရ ပြောတာမျိုးတွေပေါ့ ။ ဘယ်လိုဘဲဖြစ်ဖြစ် မိမိမှာရှိတဲ့ ဗီဇဟာ သတ္တဗေဒ အလိုအားဖြင့် သတ္တ၀ါရဲ့အုတ်မြစ်ဖြစ်ပါတယ်လို့ သတ္တဗေဒ ဖားခွဲပါမောက္ခတွေက ဆိုကြပါတယ် ။ လူတယောက်မှာ အကျင့်စရိုက်တခုရှိရင် အဲအကျင့်စရိုက်တိုင်းဘဲသူ့ရဲ့ဘ၀ကို ပုံဖော်တယ်တဲ့..။ ဒါကြောင့် လူသားဟာ အရွယ်ကြီးလာတာနဲ့ အသိညာဏ်ကြီးထွားလာပြီး မိမိရဲ့ မကောင်းတဲ့ အကျင့် ဗီဇ စရဏ ကိုဖျောက်ဖျက်ပြစ်ရပါတယ်။ တချို့ကတော့ အရွယ်ကြီးပေမဲ့ ဥာဏ်ရည် မမြင့်လာလို့ မကောင်းတဲ့အကျင့်စရိုက် ဗီဇလက္ခဏာများကို မဖျောက်ဖျက်နိုင်ကျပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့နှင်း အပါအ၀င် ဘလော့သို့ ဥဒဟိုသွားလာ ၀င်ထွက်ကြကုန်သော ဘလော့နွယ်ဝင် သူတော်စင် အပေါင်းတို့ အနေဖြင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက် သတိပေးချင်တာ ကတော မိမိရဲ့ ကောင်းတဲ့ ဗီဇလက္ခဏာတွေကို ပြုစုပြိုးထောင်ရင်း မကောင်းတဲ့ ဗီဇ လက္ခဏာ များကိုလဲစွန့်လွတ်နိုင်ကြပါစေလို့……………။

4 comments:

မြစ်ကျိုးအင်း said...

ညီမဝမ်းကွဲရဲ့ ဝါသနာကို ဖတ်ပြီး ၉ တန်းနဲ့ အိမ်ထောင်ကျတယ် ဆိုတော့ ဘာဆိုင်လဲ သေသေချာချာ တွေးလိုက်ရသေး
နောက်မှ တဟားဟားနဲ့ ရယ်နေရတော့တယ်။
တော်တော်နောက်တယ်း)

Flower said...

အဲ
ကိုယ်လဲအဲဒီပုရွက်ဆိတ်တွင်းနဲ့ အိမ်ထောင်စောစောကျတာ ဘာဆိုင်လဲလို့ တွေးပြီး အော်ရယ်နေမိတယ်.. ခုတော့ စဉ်းစားမရသေးတာအမှန်ဘဲ..း)း)
ဖတ်ပြီး တစ်ပြုံးပြုံးဖြစ်နေမိတယ်..
စာရေးကောင်းတယ် ညီမလေး
အများကြီးရေးဦးနော်.

ကိုကိုးအိမ် said...

ဇေကြီးရေ ကိုယ်တို့ယောကျားလေးတွေ ပုရွက်ဆိတ်တွင်းကလိရင် မိန်းကလေးတွေလိုပဲ အိမ်ထောင်စောစောကျလား.. ဒါဆို ပုရွက်ဆိတ်တွင်း မြန်မြန်လိုက်ရှာမှပဲ(လူပြို(ပျို) ကြီးအတွေး) အဟဲ
ဖြေပေးပါဦး ဇေကြီးရေ အဟဲ ရယ်လို့

nan said...

လူတွေက
ကောင်းတဲ့ဗီဇကို ရဖို့ခက်ခဲသလို
မကောင်းတဲ့ဗီဇကို စွန့်လွတ်ဖို့ခဲယင်းကြတယ် ထင်တယ်
စာရေးကောင်းတယ်... အားပေးနေမယ်...:)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...