နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 6 May 2010

ကျွန်မသိတဲ့ အချစ်...



ကျွန်မသိတဲ့ အချစ်ဆိုတာ…

Love can’t be forced in anyone, not even in oneself. It can, however, be kindled through love itself.

အချစ်ဆိုတာကို ဘယ်သူမှအတင်းအဓမ္မလုပ်လို့မရပါဘူး..။ကိုယ့်ကိုကိုယ်တောင်မှ လုပ်လို့မရဘူးလေ..။အချစ်ဆိုတာ သူ့ဘာသာသူ အမြစ်တွယ်ပြီးမှသာ ချစ်လာနိုင်တာမျိုးပါ…။

တခါတရံလဲ ကျွန်မဒီလိုတွေးမိပါတယ်..

အချစ်နဲ့ ဘ၀ဆိုတာ တခြားစီပါ..။ ဘ၀ တစ်ခု ကို အချစ်ဆိုတာနဲ့ နှိုင်းယှဉ်ရင် အချစ်က ဘ၀ ရဲ့ ခပ်ဝေးဝေးမှာ ရှိနေပါတယ်…

ကျွန်မ ကိုယ်ကျွန်မ မေးပြီး ခုထိ အဖြေမရတဲ့ မေးခွန်းလဲ ရှိပါသေးတယ်..

တကယ်ချစ်မိ ပြီဆိုရင် ဘာမှမစဉ်းစားဘူး… အဲ စဉ်းစားလာပြီ ဆိုရင်တော့ တကယ်မချစ်တော့လို့ပါ.. ။

ဘာမှ မစဉ်းစားပဲ ချစ်ကြည့်ဖူးပါသလာ:…။

ခုထိ အဖြေမရှိသေးပါဘူး…. သင့်မှာရော အဖြေအဆင်သင့်ရှိပါလား…?

ဒီ ပိုစ့်လေးက ကျွန်မ ဘလော့လေးမှာ ရသ စုံသွားအောင်လို့ပါ…။ ငယ်ငယ်က ရေးခဲ့တဲ့ Diary  ကိုပြန်ရှာဖတ်ပြီး ကူးမှတ်ထားမိတဲ့ စာကြောင်းလေးတွေ ကို ဟိုတွေးဒီတွေး လျှောက်တွေးထားတာပါ..။

သြော်… ဘ၀မှာ အချစ်ဆိုတာ လဲ ဆားလိုမျိုးပါပဲ…ပေါ့နေလို့လဲ မရ…ငံနေလို့လဲမရ… မပါလို့လဲ မရပါလားနော်… :P

ဒီအတွေးလေးက ခုကျွန်မ ဟင်းချက်နေတာပါ… ဟင်းချက်ရင်းရ တဲ့ အတွေးလေးကို ချက်ချင်းရေးချလိုက်တာပါ...။ 





5 comments:

kyaw said...

ကျွန်တော်က အချစ် အကြောင်းသိပ်မသိပေမယ့် ချစ်တော့ချစ်တတ်ပါတယ် ဟီး.. :) ချစ်တာကချစ်နေဖို့ပဲလေ ဟုတ်တာပေါ့ အများကြီး စဉ်းစားနေစရာမှမလိုတာနော အဲတာတော့ မှန်တယ်လို့ထင်တယ် အန်တီ.. ကျွန်တော်ထင်ပါတယ် အန်တီ စာရေးဆရာမကြီး ဖြစ်လာတော့မှာ ဟဲ အဲကျရင် မုန့်ကျွေးရမယ်နော အန်တီစာတွေကို အမြဲကျွန်တော် အားပေးတယ်လေနော.........

ဆာမူရိုင်းရဲ့ အိမ်လေး said...

ငါက ကောင်မလေးတစ်ယောက်ကို တကယ်ချစ်၇ဲ့လားလို့ စဉ်းစားခဲ့ဘူးတယ်။
တကယ်ချစ်တာသေချာမှဖွင့်ပြောခဲ့တာ။
ဒါပေမယ့် အဲလိုစဉ်းစားခဲ့တာမှားသွားတယ်လို့ ငါထင်နေတယ်။
ငါတို့နှစ်ယောက် အတူတူနေလို့၇တုန်းက တစ်ယောက်ကိုတစ်ယောက် ဖွင့်မပြောခဲ့တာကိုလေ
အခု ခွဲပြီးနေ၇တော့မှ နောင်တ၇လာတယ်။
ငါ့အမှားပဲပြော၇မှာပဲ။
အချစ်က ဘ၀၇ဲ့ ခပ်ဝေးဝေးမှာ၇ှိတယ်ဆိုပေမယ့်
ဘ၀တစ်ခုအတွက် အချစ်ဆိုတာလိုတယ်လို့ ငါထင်တယ်။
ငါ ဘ၀တစ်ခုကို တည်ဆောက်ဖို့အတွက် ငါချစ်တဲ့သူနဲ့ခဏလေး ခွဲပြီးနေနေတယ်။
တချိန်ချိန်ကျ၇င်တော့ ....................

ဆာမူရိုင်းရဲ့ အိမ်လေး said...
This comment has been removed by the author.
အားထိုက် said...

နှင်းမိုးရေ...ဘာသာမတူတယ့်လူနှစ်ယောက်ရဲ့
ချစ်သူဘ၀ကိုအားတင်းကျော်ဖြတ်ပုံလေးကို
နင့်ပါပါးနဲ့မာမားကိုမေးပီးရေးပေးပါဦးနော်...
ငါဆိုလိုတာနင်သိမှာပါ...

health migrants said...

မမမိုးရေ မမ ပြောနေတာတွေက ကျနော့ဘဝ နဲ့ အရမ်းကိုတိုက်ဆိုင်နေတယ်ဗျာ ...ကျနော်လဲအဲလိုပဲ..မမမိုးက စာရေးတာအရမ်းတော်ာတပဲနော် စာရေးဆရာ မလားမသိဘူး ဟုတ်လား မမ..ကျနော်လဲ အဲလိုရေးတတ်ချင်တာ မမရဲ့ ဒါပေမယ့် ၁၀ ကြောင်းတောင်မပြည့်ဘူး တခါရေးရင်ဘာရေးရမှန်းကိုမသိတော့တာ မမ ရဲ့....အားပေးနေမယ်နော် မမ...လေးစားစွာဖြင့် .....

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...