နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 31 May 2010

ဒီနေ့



ခု ကျွန်မ ဘလော့လေး အသက် ၁ လ ပြည့်ပါတယ်..။ တနေ့ ကို တပုဒ်နှုန်း တင်နိုင်အောင် ဇေ နှင့် ကျွန်မ ရှာရှာဖွေဖွေ ကြိုးကြိုးစားစား ရေးကြပါတယ်…။ ဘလော့ရေးတယ် ဆိုတာကလဲ အွန်လိုင်းမှာ အမြဲတမ်းရှိနေကြပါတယ်…။ ကျွန်မတို့လို ဘလော့ဂါ ပေါက်စ တွေပျော်ခဲ့ရတဲ့ ဖြစ်ရပ်ကလေးတွေ ပြောပါချင်ပါတယ်..။
ကျွန်မဆို စစချင်း ကိုယ်ရေးထားတာလေးတွေ publish လုပ်လိုက်ပြီး page ပေါ်မှာစာတွေပေါ်လာရင် ကျေနပ်ပီတိ ဖြစ်မိတယ်ပေါ့…။ ဒါတောင်ဘယ်သူမှ မဖတ်သေးဘူးနော်..။ ကိုယ့်စာကို ကိုယ်ဖတ်ကြည့်တဲ့ အဆင့်ပဲရှိသေးတယ်..။ အဲမှာ စစချင်း နာမည်ကျော် ဘလော့တွေလည်ကြတယ်ပေါ့..။ လင့်တွေထားခဲ့ ၊ ပြီးတော့ ကိုယ်ကလဲ လင့်တွေချိတ်ပေါ့…။ အဲမှာ ဇေတာရာ ဆိုတဲ့ စာဂျပိုးက ကျွန်မဘလော့ရဲ့ ပထမဆုံး စာဖတ်သူပေါ့…။ စီပုံးမှာ စစချင်းအော်ခဲ့တာလဲ ဇေ ပါပဲ…။ သူက ဘယ်ပိုစ့်က ဘာပေါ့ ..၊ ဘာလိုတယ်..၊ ဘယ်လိုလေးရေးပါလားဆိုပြီး အကျန်ပေး..အဲ  အကြံပေး ဝေဖန်လေကန်ပြီး ဆရာကြီးလုပ်တယ်ပေါ့…။ အဲမှာ ကျွန်မက နင်လဲ ရေးပါလား..။ ငါပိုစ့်မှာ တပုဒ်လောက်ရေး ပေးပါဆိုပြီး တောင်းတော့ သူက ဟာ… မရေးချင်ပါဘူး ဆိုပြီးငြင်းတယ်များထင်သလား…၊ ပြောတာက တကယ်လား ?? တဲ့ ။ အဲမှာသူက ရေးတော့တာပါပဲ…။ သူ့ရဲ့ အရည်အချင်းတွေ ကိုတော့ လက်ဖျားခါခဲ့ပါတယ်..။ ဇေ ဟာစာတော်တော် ဖတ်တဲ့ သူမှန်း အဲမှာ သိလိုက်ပါတယ်..။ သူရေးသမျှကို စာလုံးပေါင်းစစ်ရ ၊ စာပုဒ်ခွဲရတဲ့ တန်ဆာဆင်ရတဲ့ အလုပ်ကို ကျွန်မက ဒိုင်ခံ လုပ်ရပါတယ်..။ စာတွေက ကောင်းပြီး စာလုံးပေါင်းမှားမှားကြီးတွေ နဲ့ တင်လိုက်ရင် စာရေးဆရာ နာမည်ပျက်မှာ စိုးလို့ပါ ( အမှန်တော့ ကျွန်မဘလော့လဲ မျက်နှာငယ်မှာ  စိုးလို့ပါ )းP ။
တနေ့တနေ့ သူရေးပြီးသမျှတွေ ပြင်နေတာ ကျွန်မ စာတွေ မဖတ်ဖြစ်တော့ ပါဘူး ၊ စာတွေမဖတ်ဖြစ်တော့ ဘာစာမှ မရေးဖြစ်တော့ ဘူးပေါ့ ..။ အဲချိန်ကြရင် သူက ကျွန်မ ကိုဆူပါတယ်… ဘလော့ ပိုင်ရှင်ဖြစ်ပြီး သူ့လောက်တောင် အက်တစ် မဖြစ်ဘူးတဲ့…။ အဲ ဘလော့ အကြောင်းပြောနေရာ ကနေ ဘယ်လိုလုပ် ဇေတာရာ ဂုဏ်ဖေါ်နေမိပါလိမ့်..။ခုပြန်ပြောမယ်…ဘလော့မှာ လူအများဆုံး စလာတာ ၂၃ ယောက်တောင်ရှိတယ်တဲ့… ((အိုး)) ပျော်လိုက်နော်…. ။ ညဘက်ဆိုရင် ကျွန်မက အွန်လိုင်းဆက်မသုံးနိုင်တော့ ဇေ့ ကို အိမ်စောင့်ထားခဲ့ ပါတယ်..။ နောက်နေ့ ဇေ က ဒီနေ့  ဘယ်နှယောက်တောင် လာတယ် ဆိုပြီး မက်စိ အဲ မက်ဆေ့ခ်ျ ဆိုတာ ထားခဲ့ပါတယ် ။ သူနဲ့ ကျွန်မ ပင်တိုင်ရေးခဲ့ တာက တေးထပ်တွေပါ..။ တေးထပ် တွေကို ဖတ်ပြီး တေးထပ်အကြောင်းတွေ ကို သူက ပဲ ရှင်းပြခဲ့ တာပါ..။ ပြီးတော့ ဇေ က ဇေနဲ့ ပတ်သတ် တဲ့ မိသားစုအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ၊သူ့အကြောင်း အမှန်အကန် တွေကို ဟာသ နှောပြီး ရေးတတ်လို ၊ (ကြောက်ပါပြီ ဖေဖေ ) လိုသူတို့ ရဲ့ အကြောင်းတွေကို အတုယူတတ်အောင် ရေးခဲ့ပါတယ်..။ ခုပြောချင်တာ  ကျွန်မတို့ ရေးထားသမျှတွေဟာ သူများတွေ အကြောင်းကို ခံစားပြီးရေးထားတာ မဟုတ်ပဲ ကျွန်မတို့ ဖြတ်သန်းခဲ့ရ တဲ့ အကြောင်းတွေကို ရေးထားတာလို့ ပြောချင်တာပါ…။
 ဘလော့ရေးပြီးပြီ ဆိုရင် ကွန်မန့် တွေကိုလဲ မျှော်တတ်ကြပါတယ်…။ သူငယ်ချင်းတွေကိုတော့ အတင်းဖတ်ခိုင်းပြီး အတင်းကွန်မန့် မလုပ်ခိုင်းပါဘူး..။ ကျွန်မ ဘလော့ ရေးနေတယ်ဆိုတာ ကျွန်မ သူငယ်ချင်းတွေ တောင်မသိပါဘူး..။ အွန်လိုင်း မိတ်ဆွေတွေ ပဲသိကြပါတယ်..။ ကွန်မန့် ၁ ခုစစချင်းရတော့ တနေကုန် အဲကွန်မန့် လေးကိုပဲ tab တခုဖွင့်ပြီးကြည့်နေပါတယ်…။ ဇေ ရဲ့ ပိုစ့်မှာ ကွန်မန့် ၈ ခုရတော့ ပျော်တဲ့ အပျော်ဟာ…ခုထိမမေ့ နိုင်ပါဘူး…။ သူကတော့ ပြောပါတယ် တွေ့ပြီမလား ဇေ ဘာကောင်လဲဆိုတာ ဆိုပြီးပြောပါတယ်..  :P ။ တခါက ဇေ့ ဘက်မှာ စီဘောက်ကြီးက မဲနေတာကို သူတွေ့တော့ ကျွန်မ ကို ((( နှင်း..စီဘောက်က ဘာဖြစ်သွားတာတုန်းးးးး ၊မဲနေတယ် လုပ်ပါအုံးးးး၊ ဒါမှမဟုတ် မင်းဘာလုပ်လိုက်တာလဲ ဆိုပြီး ))) ဂျီတော့ ကနေ ရန်တွေ့ပါတယ်….။ ကျွန်မလဲ လန့်သွားတယ်…ဟာ ဘာဖြစ်တာလဲပေါ့…နောက်တော့မှ ကွန်နက်ရှင်ကြောင့် မဲနေတာတဲ့…။ ခုကောင်းသွားပြီတဲ့…။ ဟူးးးး ကျွန်မတို့ ဘလော့လေး တခုခု ဖြစ်သွားပြီလား ဆိုပြီး လန့်တောင် သွားတယ်…။
 ပြီးတော့ နာမည်ကြီး ဘလော့ဂါ အန်တီခင်ဦးမေ တို့ ၊ ဦးလူထွေးတို့ ၊ ကိုမြစ်ကျိုးအင်း တို့  ၊ ကိုဖိုးစိန်တို့ လာလည်ရင်လဲ တပြုံးပြုံးပေါ့ ၊ ပြီးတော့ ဘလော့အိမ်လည်ရတာလဲ အကျင့်ဖြစ်နေပါတယ် ။ ကျွန်မ ကို ဘလော့ရေးဖြစ်အောင် တိုက်တွန်း ခဲ့တာ ကိုကိုးအိမ် ပါ..။ အစက ကျွန်မ  စာအုပ်တွေမှာ ၊ ကျွန်မရဲ့ ဒိုင်ယာရီ ထဲမှာပဲ ရေးတာပါ့…။ ဘလော့တွေကိုတော့ ဖတ်တာ တော်တော်ကြာပါပြီ ၊ အားကျနေရုံက လွဲပြီး ဒီလိုရေးဖို့ လက်တွန့် တွေးကြောက်နေခဲ့ တယ်ပေါ့..။ ကိုကိုးအိမ်က ဘလော့စပေါ့ မှာရေးပါလား ၊လုပ်ရတာ လွယ်တယ် ၊ ဆိုပြီး ဘယ်လိုလုပ်ရတယ် ဆိုတာ သင်ပေးခဲ့ပါတယ်… ။ ကျေးဇူးတင်ပါတယ် ကိုကိုးအိမ် ရေ..။
ဇေ နဲ့ ကျွန်မ ပိုစ့်တွေ တင်တာ ၂ ပတ်လောက်ကြာလာတော့ ကျွန်မ ဘလော့မှာ ၂ ယောက်ရေးတာလားလို့ မေးကြပါတယ်.. ၊ ကျွန်မဘလော့ရဲ့ စာရေးဆရာ ကို မိတ်ဆက်ဖို့ မေ့သွားတာပါ..။  တချို့ တွေက ပြောပါတယ် တယောက်ထဲ သန့်သန့် လေးရေးပါလားတဲ့..။ ဒါဆို ဇေ ကညစ်ပတ်နေလို့ လားပေါ့…။ သူပဲ ရေ နေ့တိုင်းမချိုးလို့ လား ၊ အီးပါပြီးတိုင်း ဒီအတိုင်းပဲ ထွက်လာတတ်လို့ များလားပေါ့..။ ဒီလောက်စာရေးတော်တဲ့ ဇေတာရာ ကို ကျွန်မ စာမူခ တလကို စတာလင်ပေါင် ၁၀၀၀၀ ပေးပြီးဌားထားရတယ်ဆိုတာ ခုပဲ ကြေငြာလိုက်ပါတယ်..။ ဒီနှုန်းက သူတောင်းတဲ့ ဈေးပါ..။ သူ့က တလကို အဲလောက်ပဲပေးပါ ဆိုပြီး ကွန်ပလိမ်း တက်ပြီး တောင်းတာပါ ။ ကျွန်မက ပေးမယ် ဆိုပြီး အာမဘန္တေ မခံထားပါဘူး ။
ပြီးတော့ ပြောကြပါတယ်..။ ဇေတာရာ ကို အိမ်ခွဲရေးပါလို့ တောင်းဆိုကြတဲ့ သူတွေရှိပါတယ် ။ ကျွန်မ နဲ့ စာချုပ်မချုပ်ထားပါဘူး …။ သူဘာသာ သူခွဲရေးမယ်ဆိုလဲ ရေးလို့ရပါတယ်…။ ကျွန်မ ဘလော့ကနေတော့ ဘယ်တော့မှ မောင်းမထုတ်ပါဘူး  ။ ကျွန်မကလဲ အတ္တကြီးပြီး အတင်းဆွဲ ထားတာလဲ မဟုတ်ပါဘူး ..။ အဲဒီ အကြောင်းကိုလဲ သူနဲ့ ကျွန်မ ဆွေးနွေး ဖူးပါတယ် ..။ ကျန်တာ သိချင်ရင် ကိုကိုဇေ ကိုသာမေးပါရန်… ။
ခုတော့ ဘာလိုလို နဲ့ ကျွန်မ ဘလော့လေး အသက် ၁ လ ပြည့်သွားပါပြီး ။ ကျွန်မ တို့ ဒီနေရာ လေးမှာ ပဲ ခံစားမိတာတွေ ကို မရေးတတ်ရေးတတ်နဲ့ ရေးကြပါတယ် …။ မကောင်းတာတွေ ၊ မှားတာတွေ ၊ အလိုမကျတာတွေ ကို အားမနာတမ်း ဝေဖန်ပေးကြပါ…။ ပြီးတော့ မှန်တာတွေ ၊ ကောင်းတာတွေ ဆိုရင်လဲ ကွန်မန့် လေးတွေချီးမြှင့်ခဲ ကြပါလို့ ……………။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင့်………..။   ။

4 comments:

နတ်ဆိုးလေး said...

ဘလော့ဂါ ပေါက်စ ချင်းမို့လားမသိဘူး...
ခံစားချက်ချင်းကတော့ copier နဲ့ ဆွဲချထားတဲ့အတိုင်း တစ်ထေရာတည်း ချွတ်စွတ် ပဲ..
ကျွန်တော်က တော့ ငါးလ ပြည့်သွားပြီ.. New year ည က စဆောက်တာလေ.. အဲဒီညက happy new year လို့ အော်ပြီးပြီးချင်း ဂိမ်းဆိုင်နဲ့ တွဲရက် အင်တာနက်ဆိုင် ထဲကို ၀င်ထိုင်ပြီး ရေးဖြစ်တာပဲ

ရေးမယ်ဆိုကတည်းက ဘလော့ဂါကြီးတွေ ရေးတဲ့ စာတွေ သွားရေတစ်များများနဲ့ (အားကျတာ ပြောပါတယ်) လိုက်ဖတ်ရင်း ငါလဲ အဲလို ရေးတတ်ရင် ကောင်းမှာ .. နဲ့ တွေးရင်း တွေးရင်း အဲဒီည မှာ ရေးဖြစ်သွားတာပဲ..

ညည ဆို ဘာရေးရမလဲ တွေးရတာ ဆေးလိပ်တွေလဲ ဘယ်နှစ်လိပ်မှန်း မသိဘူး ကုန်ကုန်သွားလိုက်တာ..

ဒီနေ့ရေးတဲ့ပိုစ် နောက်တစ်နေ့ ဘယ်သူတွေ လာဖတ်လို့ ဘယ်လိုတွေ ပြောသွားမလဲဆိုတာတွေးပြီး စိတ်ကူးယဉ်လိုက်ရတာ.....

ကျွန်တော့ ဘလော့ က ငါးလသာ ရှိသွားတာ
လူတောတိုးနိုင်တာ ဘယ်လောက်မှ မကြာသေးဘူးဗျ
အမ ဘလော့ က တစ်လတည်းနဲ့ ဒီလောက်စည်တာ ကျွန်တော့ထက်တော့ သာတာပေါ့ဗျာ


ပြောရင်တော့ဆုံးမှာ မဟုတ်ဘူး
တော်ပြီဗျာ..

ခင်တဲ့
......နတ်ဆိုးလေး...........

မောင်မောင် said...

အင်း နှင်းမိုးမိုး နဲ့ ဇေတာရာ တို့  ရေ
အန်ကယ် ကတော့ ပြောချင်ပါတယ်။
မလျော့သောဇွဲ နဲ့သာ ဆက်ရေးပါ။
တစ်နေ့ တော့ ထင်ပေါ်ကျော်ကြားသော
ဘလော့ဂ်ပိုင်ရှင်များ ဖြစ်လာမှာ မလွဲပါ။

အမြဲတမ်းအားပေးနေမယ့်
အန်ကယ်ကြီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမတို့၂ယောက်လုံးက စာရေးတာ ချစ်စရာ၊ ပြုံးချင်စရာကောင်းတယ်
အပြစ်ကင်းတဲ့ကလေးဆန်ဆန်
ရေးဟန်လေးတွေက
လူတွေကိုတစ်မျိုးဆွဲဆောင်နိုင်စွမ်းရှိပါတယ်..
အစ်မတော့ အမြဲလာဖတ်ပါမယ်ကွယ်.. အားပေးနေတယ်နော်.. ဘလော့သမားတိုင်းဒီလိုအခြေအနေကနေ စလာကြတာချည်းပါဘဲ.. နေ့ချင်းညချင်း ထင်ရှားသွားတဲ့သူဆိုတာ မရှိသလောက်ပါဘဲကွယ်..

Zay Tar Yar said...

အောင်မယ်ကောင်းစားလှပါလားဗျ ဟ င် လှည်းနဲ့နွားနဲ့
ပါလား ၊ သူများအတင်းပြောပြီး ကွန်မင့်အလှူခံနေတယ်
မပေးကြပါနဲ့ဗျို့ဇေရေးတာကသူထက်ပိုကောင်းပါတယ်
စာတွေလဲတအားဖက်ထားပါတယ် ၊ ဇေ့ကိုသာပေးကြ
ပါလို့ မပြောချင်ပါဘူး ၊ အရေချင်းရှိတဲ့လူကိုလူတွေ
ကလာပေးလိုက်မယ်ကွန့်မင့် ၊ ဟင်းဟင်း

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...