နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 13 May 2010

တေးထပ်ဆိုတာ……..(၂)


၏ ဤ ၌ သည် နှင့် ကိုကို၊
 သဒ္ဒါလို မှတ်စွဲ ။

အဓိပ္ပါယ် တယ်မလွဲစေနဲ့၊
 ကြံခဲလို့ စပ်ပါ ။

စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊
 မမှားအောင် သိကြစေရာ။


နှင်းရေးခဲ့တဲ့ တေးထပ် စပ်နည်း အပိုဒ်ကလေးကတော့ တေးထပ် မှာရှိရမဲ့ အပိုင်းအရေအတွက်နဲ့ ထားပုံသိုပုံလေးပါ။ ဇေ အခု တင်ပြ မှာကတော့ ဒီတေးထပ်တွေ ထဲမှာပါဝင်တဲ့စည်းမျဉ်းဥပဒေသတွေပါ ။ တေးတပ်ဆိုတာ ကာရန်ရယ် အစပ်ရယ် အသက်ရယ် ကိုညီညီညွတ်ညွတ်ဖွဲ့စည်းထားတဲ့ကဗျာသီချင်းတမျိုးပါ ။မြန်မာစာပေနဲ့င်္ဂီတကိုဖွဲ့ဆိုတဲ့အခါ (သောတာလကာင်္ရ) နားထောင်ကောင်းအောင်တန်ဆာဆင်ခြင်း နှင့် (၀စနာလကာင်္ရ) စကားကိုကိုပြေပြစ်အောင်တန်ဆာဆင်ခြင်းလို့နှစ်ပိုင်းရှိပါတယ်။
သောတာလကာင်္ရအပိုင်းမှာတော့ အမျိုးစား၁၂ခုရှိပါတယ် ။ ဒါကိုပင်မဟာဂီတ၁၂ချင်းလို့ခေါ်ပါတယ်....။
1.     ကြိုးသီချင်း
3.    သီချင်းခံ သီချင်း
4.    ပတ်ပျိုး သီချင်း
9.    ဘောလယ်အရိုး
12. နတ်ချင်း
ဝစနာလကာင်္ရပိုင်းမှာတော့ ရကန်အစ ဇာတ်စာအဆုံး ၂၂ပါးရှိတယ်...လို့ဆရာကြီးဦးသော်ဇင်ရဲ့
ကဗျာ့လမ်းညွန်စာအုပ်မှာမှတ်သားထားဘူးပါတယ်။ တေးထပ်မှာဟာ သောတာလကာင်္ရ စာရင်း
ဝင်များဖြစ်ကြပါတယ်။ သောတာလကာင်္ရ အဖွဲ့များဟာ ၀စနာလကာင်္ရများထက် သာယာညှင်း
ပြောင်းပါတယ်။  ဒါကြောင့် (၏ ဤ ၌ သည် နှင့် ကို ကို၊ သဒ္ဒါလို မှတ်စွဲ၊)လမ်းညွန်ထားတာဖြစ်ပါ
တယ်။  ဒါဟာအသံသာယာညှင်းပြောင်းဘို့အတွက် တေးထပ်မှာဖွဲ့ဆိုရေးသားရမဲ့ ကာရန်တွေ
ဖြစ်ပါတယ်။

ဒီနေရာမှာ တခု ပြောလိုတာကတော့ ကာရန်နဲ့နဘေ ပါ... ကာရန်ဆိုတာ  အဆုံးသတ်မှာ တူရတဲ့အသံဖြစ်ပါတယ်  ။ နဘေဆိုတာကတော့ တလုံးနဲ့တလုံးတူရတဲ့အသံဖြစ်ပါတယ် ။  မြန်မာစာပေမှာ ကာရန်တွေဟာ အကျဉ်း၁၆ပါး ၊ အကျယ်၆၄ပါးရှိပါတယ်။ ဒါကိုရှေးကဗျာပညာရှင်ကြီးများက နောင်လူတွေ မှတ်သားလွယ်အောင် တတ်သံ ၁၈ပါး၊  သက်သံ၁၈ ပါး၊  နိမ့်သံ ၁၈ပါး ၊တိုင်သံ ၁၀ပါးရယ် လို့လမ်းညွန်ပေးခဲ့ကြပါတယ် ။
ကာရန်တွေကို မတြာ လို့ခေါ်ပါတယ်။ မတြာ ဆိုတာ လက်ဖြောက်တချက်တီး ၊ လျှပ်စီးတဖြက်လက်တဲ့အချိန်ကာလကို တမတြာလို့ခေါ်ပါတယ် ။ တနည်းပြောရရင်
မတြာ ဆိုတာ 'ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ်  (Dimensional Unit) ဖြစ်ပါတယ်။ ကာရန် အကုန်လုံးကို ချုံ့လိုက်တဲ့အခါ ဂရုသံ  နဲ့လဟုသံရယ်လို့ ဖြစ်လာပါတယ် ဂရုသံဟာ တမတြာမျှသာကြာတဲ့အသံဖြစ်ပြီး၊ လဟုသံများကတော့ တမတြာခွဲကြာပါတယ် ။ ဒါကြောင့် တမတြာခွဲ ကြာတဲ့အသံဖြစ်ပါတယ်တက်သံဟာ ဂရုသံဖြစ်ပါတယ် ။ 
သက်သံ၊ နိမ့်သံ ၊ တိုင်သံများကတော့ လဟုသံများဖြစ်ပါတယ် ။  ဒါကြောင့်
၏ ၊ ဤ ၊ သည် ၊ ကိုယ် လို့ခေါ်တဲ့လဟုသံများနဲ့သာစပ်ဆိုရေးသားရမယ်လို့ညွန်ပြထားတာဖြစ်ပါတယ်။
ကာရန်ဇယားကိုလေ့လာကြည့်ပါ.........

နောက်တခု ကတော့ (စပ်ခြောက်ထွေ) သောတာလကာင်္ရ ကဗျာအဖွဲ့များမှာ အစပ်နဲ့ အဟပ်ဆိုတာရှိပါတယ် ။အနီးကပုဒ်ချင်း အသံချင်းကိုတွဲစပ်ယူတာကိုအစပ်လို့ခေါ်ပါတယ်။ အဝေးကပုဒ်ချင်းအသံချင်းကိုလှန်းစပ်ယူတာကိုတော့အဟပ် လို့ခေါ်ပါတယ် ............
အစပ်ကတော့ခြောက်ပါးရှိပါတယ် ။ အဲဒါတွေကတော့
() သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
() ထိပ်ချင်းထပ် စပ်နည်း
() ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
() ထိပ်ချင်းချွတ်(ထိပ်ချင်းလွှဲ) စပ်နည်း
() ဘီလူးရယ် စပ်နည်း
 () ချိန်ခွင်လျှာစပ်နည်းတို့ဖြစ်ပါတယ်...။
 ဒါလေးတွေကိုဥပမာအနေနဲ့ပြရရင်...........
၁။ စပ်နည်းကတော့ ၄၃၂ စပ်နည်းလို့ခေါ်ပါတယ်။ မဲဇာတောင်ခြေရတု
မဲဇာတောင်ခြေ - - - +
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x
ရွှေပြည်ကိုသာ - x - - အဲသလို သစ်တုံးတွေမှာ သပ်နှပ်သလို စပ်ထားတဲ့နည်းမို့သက်စေ့နှက်စပ်
နည်းလို့ခေါ်တာပါ ။
၂။ ဒီနည်းကိုတော့ ၄၃၁ လို့ခေါ်ပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတု
ပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား + - - - အဲလိုနောက်ဆုံးအလုံးကရာနဲ့ဒုတိယအပိုဒ်ရဲ့ ကွာတို့ထိပ်ချင်းထပ်နေ

လို့ထပ်ချင်းထပ် စပ်နည်းလို့ခေါ်ပါတယ်.....။
၃။ဒီနည်းလေးကိုတော့ ၄၁လို့သာခေါ်ပါတယ် ဝေရွှန်းစန္ဒာရတု
မှာလည်းမကြား - - - +
သွားလည်းမသင့် + - - -ကြားနဲ့သွားဟာ ကာရန်ချင်းထိပ်တိုက်ဖြစ်နေတဲ့အတွက်ဦးတိုက်စပ်

နည်းလို့ခေါ်ပါတယ်.......။
၎။ဒီနည်းကိုတော့၄၂လို့ခေါ်ပါတယ် ။ စတုဓမ္မပါလပျို့
 တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊
တညှိုးလျလျ၊  လို့စပ်ဆိုပါတယ် လျဉ်း နဲ့ညာဉ်းဟာသက်ထားပုံရင်း ချွတ်စွပ်တူနေလို့ထပ်ချည်း
ချွတ်စပ်နည်းလို့ခေါ်ပါတယ်..။
၅။ဒီနည်းကိုတော့၄၃၂စပ်နည်းလို့ခေါ်ပါတယ် မဲဇာတောင်ခြေရတု
အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်) ဘီလူးများရယ်တဲ့အခါ တောင်ရမ်းမြောက်ရမ်း ဖြစ်နေတတ်ပါတယ်။

အဲသလိုဘဲကာရန်ကလဲဟိုရောက်ဒီရောက်ရောက်နေလို့ဘီလူးရယ်စပ်နည်းခေါ်ပါတယ် ။
၆။ဒီနည်း ၄၂၃စပ်နည်းလို့ခေါ်ပါတယ် သခင်ကြီး၏ ဧချင်းသံပေါက်

လျှောက်မည်စုံအင် - - - + (လေး)
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သံ
ဒီကဗျာမှာတော့ ကိုင်းနှစ်ခုဟာ အလယ်ခေါင် ရောက်နေပါတယ် ။ ချိန်ခွင်ရှာလို ဖြစ်တဲ့အတွက် ချိန်ခွင်ရှာစပ်နည်း ခေါ်ပါတယ် ။ (ဒီနည်းကိုပညာရှိများမနှစ်သက်ပါဘူး ) သောတာလကာင်္ရ လဲမဖြစ်တဲ့ အတွက်ကြောင့် ဒီလို စပ်နည်းမျိုးကို တေးထပ်မှာထည့်သွင်းမစပ်မှိဘို့ သတိပေးထားတာပါ...။

နောက်တခုက(သတ်ခြောက်ပါး)ဆိုတာပါ
မြန်မာစာပေမှာ အသတ်ပေါင်း ဆယ်ခုရှိပါတယ်အဲဒါတွေကတော့
က သတ် (က်) သတ် (င်) သတ် (စ်) သတ် (ည်) သတ် (တ်) သတ် (န်)
သတ် (ပ်) သတ် (မ်) သတ် (ယ်) သတ် (၀်) - တို့ဖြစ်ပါတယ်။ဒီ အသတ် ၁၀ မျိုးကို
မူလအသတ်(သို့မဟုတ်)မုချအသတ်လို့ခေါ်ပါတယ်။ဒီကနေဆက်ပြီးပွားလာတဲ့အသတ်တွေကို
သမတိယအသတ် (ပါဠိပျက်)အသတ်တွေ လို့ခေါ်ပါတယ်။ က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ်
စသည်ဖြင့်) ဒီအသက်တွေကိုစုပေါင်းလိုက်တဲ့အခါ  ကသတ်က်နဲ့ ငသက်င်သက်ကတအုပ်စု
အဲလိုအုပ်စုဖွဲ့လိုက်တဲ့အခါ မုချက ၅ခု ပါဠိပျက်အဖွဲ့က၁စုစုစုပေါင်းခြောက်စုပါတယ် ။ ဒါကိုသပ်
ခြောက်ပါးလို့ခေါ်ပါတယ်။ ဦင်္းပုညရဲ့ တေးထပ်တပုဒ်ကိုကြည့်ပါ
 မုယောရုံ တောအစ ၊
ဒေါနလမ်းမြေအညီ ။........... ဒီအပိုဒ်မှာ တော နဲ့ဒေါဟာ  တ ထ ဒ ဓ န ဆိုတဲ့တအုပ်စုထဲကိုသက်ထားတာပါ  ။
နောက်ငါးဖြာရုံ ဘင်အစု ၊
 ခင်မူ့ နဲ့နေကုန်………..  ဘင်နဲ့ခင်ဟာ ငသက်င် သက်တာခြင်းတူပါတယ် ။
စနနာလကာင်္ရမြောက်တဲ့တေးထပ်များဟာတအုပ်စုဝင်အသတ်ခြင်းတူညီရပါမယ်ဒါကိုရည်ရွယ်ပြီး
(စပ်ခြောက်ထွေသက်ခြောက်ပါး ၊ မမှားအောင်သိတတ်စေရာ) လို့ဆိုခြင်းဖြစ်ပါတယ်။

နောက်တခုကတော့(ပေါရာဏကထာကို)ကိုဆိုတာပါ ။ပေါရာဏ ဆိုတာ ရှေးစကားပါ ဆိုလိုတာ
ကတော့ရှေးတုန်းကလူတွေစပ်ဆိုသွားတာတွေကိုနမူနာယူကြလို့ပြောတာဘာ ဘာကိုကြည့်
ပြီးပြောသလဲဆိုရင် (ဧချင်းစုလကာင်္တွေ ကျွမ်းလှသင့်ပေ)ကိုကြည့်ပြောတာပါ ရှေးတုန်းကလူ
တွေရေးခဲ့တဲ့တေးထပ်တွေ ရတု ရကန်တွေ ဧချင်းတွေသာချင်းတွေကိုကျက်ထားကြလို့မှာလို
တာပါ ဒါကြောင့် စလေဦးပုညက( စပ်မူနည်း ရေးလိုပါလျှင် ၊ တေးကိုသာရအောင်ကျက်ပါတော့
ကြောက်လှနဲ့ ၊ မျိုးသိဃာင်္ စိုးရိမ်နဲ့ဗျာ )လို့စပ်ဆိုခဲ့တာဖြစ်ပါတယ် တေးထပ်ကိုေ၇းချင်၇င်တေး
ထပ်တပုဒ်နှစ်ပုဒ်ကို၇အောင်ကျက်ထားခိုင်းတာပါ

နောက်တခုက(တေးထပ်ရိုးသူ့အနေမှာ) ပါ တေးထပ်ရိုး ဟုတ်ကဲ့တေးထပ်ဟာစပ်ရိုးစပ်စဉ်ရှိပါ
တယ် ။ အခြားကဗျာတွေလို အစပ်ခြောက်ပါးနဲ့ မလုံလောက်ပါဘူး ။တေးထပ်ကြီး ရှစ်ဆယ်ပေါ် တေးထပ် စတဲ့ နေရာ တွေသုံးတဲ့ စပ်နည်း တွေရှိပါသေးတယ် ။ အဲဒါ တွေကိုလဲ လေ့လာကြပါအုံး လို့တိုက်တွန်းထားတာပါ ။ မိမိရေးတဲ့တေးထပ်ဟာဝစနာလကာင်္ရ ပိုဖြစ်လာအောင် အသံပိုသာလာအောင် လေ့လာဘို့ပါ ...။
  1. နဘေစပ်နည်း
  2. ပြန်ကဟပ် စပ်နည်း
  3. ရွက်ချပ် စပ်နည်း
  4. ကတ္တရာ စပ်နည်း
  5. ချိန်ခွင်ညှာ စပ်နည်း
  6. ခြင်္သေ့လည်ပြန် စပ်နည်း
  7. တေ့ဆက် စပ်နည်း
  8.  နဘေပြန်ကဟပ်စပ်နည်း
အခုတွေ့ရတဲ့စပ်နည်းတွေကတော့ မရွှေနှင်းကနေဆက်လက်ရှင်းပါ့ပါလိမ့်မယ်ခင်များ.။

5 comments:

what is good things said...

တေးထပ်စပ်နည်းလေးတွေ မျှဝေတာကျေးဇူးပါ။ လေ့လာသွားပါတယ်။ copy လည်းလုပ်သွားပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

ပေါ့ဆိမ့် said...

ဗဟုသုတရစေတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ...။

TT said...

ကိုကိုဇေ တော်လှချည်လား
ဒီလောက်တော်မှန်းမသိပါဘူးရှင်
တီတီ တူလေးက သိပ်ချစ်ဖို့ ကောင်းတာဘဲ
စာဂျပိုးလေး ........;)

ကိုကိုးအိမ် said...

ကိုဇေရေ ကိုဇေက မဟာဂီတကို နှစ်သက်တယ်ပေါ့ ကျွန်တော်လည်း မဟာဂီတသီချင်းကြီးတွေဆိုအရမ်းသဘောကျတာဗျ အမေဒေါ်တင်တင်မြနဲ့ ဦးဝင်းဦး ဆိုထားတဲ့ မြိုင်ခြေစုံသာ ပတ်ပျိုးဆိုရင် ကိုကိုးအိမ် အကြိုက်ပေါ့ဗျာ.. နောက်ပြီး လျှပ်ပန်းခွေနွဲ့ ယိုးဒယားလည်း အရမ်းကြိုက်တာဗျ ... ကြုံမှ ကိုဇေ့နဲ့ သီချင်းတွေ အကြောင်းဆွေးနွေးရမယ်...

ခင်လျှက်
ကိုကိုးအိမ်

မြစ်ကျိုးအင်း said...

တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ
ဗဟုသုတ တကယ်ရစေပါတယ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...