၏ ဤ ၌ သည် နှင့် ကိုကို၊
သဒ္ဒါလို မှတ်စွဲ ။
အဓိပ္ပါယ် တယ်မလွဲစေနဲ့၊
အဓိပ္ပါယ် တယ်မလွဲစေနဲ့၊
ကြံခဲလို့ စပ်ပါ ။
စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊
စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊
မမှားအောင် သိကြစေရာ။
နှင်းရေးခဲ့တဲ့ တေးထပ် စပ်နည်း အပိုဒ်ကလေးကတော့ တေးထပ် မှာရှိရမဲ့ အပိုင်းအရေအတွက်နဲ့ ထားပုံသိုပုံလေးပါ။ ဇေ အခု တင်ပြ မှာကတော့ ဒီတေးထပ်တွေ ထဲမှာပါဝင်တဲ့စည်းမျဉ်းဥပဒေသတွေပါ ။ တေးတပ်ဆိုတာ ကာရန်ရယ် အစပ်ရယ် အသက်ရယ် ကိုညီညီညွတ်ညွတ်ဖွဲ့စည်းထားတဲ့ကဗျာသီချင်းတမျိုးပါ ။မြန်မာစာပေနဲ့င်္ဂီတကိုဖွဲ့ဆိုတဲ့အခါ (သောတာလကာင်္ရ) နားထောင်ကောင်းအောင်တန်ဆာဆင်ခြင်း နှင့် (၀စနာလကာင်္ရ) စကားကိုကိုပြေပြစ်အောင်တန်ဆာဆင်ခြင်းလို့နှစ်ပိုင်းရှိပါတယ်။
သောတာလကာင်္ရအပိုင်းမှာတော့ အမျိုးစား၁၂ခုရှိပါတယ် ။ ဒါကိုပင်မဟာဂီတ၁၂ချင်းလို့ခေါ်ပါတယ်....။
12. နတ်ချင်း
ဝစနာလကာင်္ရပိုင်းမှာတော့ ရကန်အစ ဇာတ်စာအဆုံး ၂၂ပါးရှိတယ်...လို့ဆရာကြီးဦးသော်ဇင်ရဲ့
ကဗျာ့လမ်းညွန်စာအုပ်မှာမှတ်သားထားဘူးပါတယ်။ တေးထပ်မှာဟာ သောတာလကာင်္ရ စာရင်း
ဝင်များဖြစ်ကြပါတယ်။ သောတာလကာင်္ရ အဖွဲ့များဟာ ၀စနာလကာင်္ရများထက် သာယာညှင်း
ပြောင်းပါတယ်။ ဒါကြောင့် (၏ ဤ ၌ သည် နှင့် ကို ကို၊ သဒ္ဒါလို မှတ်စွဲ၊)လမ်းညွန်ထားတာဖြစ်ပါ
တယ်။ ဒါဟာအသံသာယာညှင်းပြောင်းဘို့အတွက် တေးထပ်မှာဖွဲ့ဆိုရေးသားရမဲ့ ကာရန်တွေ
ဖြစ်ပါတယ်။
ဒီနေရာမှာ တခု ပြောလိုတာကတော့ ကာရန်နဲ့နဘေ ပါ... ကာရန်ဆိုတာ အဆုံးသတ်မှာ တူရတဲ့အသံဖြစ်ပါတယ် ။ နဘေဆိုတာကတော့ တလုံးနဲ့တလုံးတူရတဲ့အသံဖြစ်ပါတယ် ။ မြန်မာစာပေမှာ ကာရန်တွေဟာ အကျဉ်း၁၆ပါး ၊ အကျယ်၆၄ပါးရှိပါတယ်။ ဒါကိုရှေးကဗျာပညာရှင်ကြီးများက နောင်လူတွေ မှတ်သားလွယ်အောင် တတ်သံ ၁၈ပါး၊ သက်သံ၁၈ ပါး၊ နိမ့်သံ ၁၈ပါး ၊တိုင်သံ ၁၀ပါးရယ် လို့လမ်းညွန်ပေးခဲ့ကြပါတယ် ။
ကာရန်တွေကို မတြာ လို့ခေါ်ပါတယ်။ မတြာ ဆိုတာ လက်ဖြောက်တချက်တီး ၊ လျှပ်စီးတဖြက်လက်တဲ့အချိန်ကာလကို တမတြာလို့ခေါ်ပါတယ် ။ တနည်းပြောရရင်
မတြာ ဆိုတာ 'ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ ကာရန် အကုန်လုံးကို ချုံ့လိုက်တဲ့အခါ ဂရုသံ နဲ့လဟုသံရယ်လို့ ဖြစ်လာပါတယ် ဂရုသံဟာ တမတြာမျှသာကြာတဲ့အသံဖြစ်ပြီး၊ လဟုသံများကတော့ တမတြာခွဲကြာပါတယ် ။ ဒါကြောင့် တမတြာခွဲ ကြာတဲ့အသံဖြစ်ပါတယ်တက်သံဟာ ဂရုသံဖြစ်ပါတယ် ။
သက်သံ၊ နိမ့်သံ ၊ တိုင်သံများကတော့ လဟုသံများဖြစ်ပါတယ် ။ ဒါကြောင့်
၏ ၊ ဤ ၊ သည် ၊ ကိုယ် လို့ခေါ်တဲ့လဟုသံများနဲ့သာစပ်ဆိုရေးသားရမယ်လို့ညွန်ပြထားတာဖြစ်ပါတယ်။
ကာရန်ဇယားကိုလေ့လာကြည့်ပါ.........
နောက်တခု ကတော့ (စပ်ခြောက်ထွေ) သောတာလကာင်္ရ ကဗျာအဖွဲ့များမှာ အစပ်နဲ့ အဟပ်ဆိုတာရှိပါတယ် ။အနီးကပုဒ်ချင်း အသံချင်းကိုတွဲစပ်ယူတာကိုအစပ်လို့ခေါ်ပါတယ်။ အဝေးကပုဒ်ချင်းအသံချင်းကိုလှန်းစပ်ယူတာကိုတော့အဟပ် လို့ခေါ်ပါတယ် ............
အစပ်ကတော့ခြောက်ပါးရှိပါတယ် ။ အဲဒါတွေကတော့
(၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
(၂) ထိပ်ချင်းထပ် စပ်နည်း
(၃) ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
(၄) ထိပ်ချင်းချွတ်(ထိပ်ချင်းလွှဲ) စပ်နည်း
(၅) ဘီလူးရယ် စပ်နည်း
(၆) ချိန်ခွင်လျှာစပ်နည်းတို့ဖြစ်ပါတယ်...။
ဒါလေးတွေကိုဥပမာအနေနဲ့ပြရရင်...........
၁။ စပ်နည်းကတော့ ၄၃၂ စပ်နည်းလို့ခေါ်ပါတယ်။ မဲဇာတောင်ခြေရတု
မဲဇာတောင်ခြေ - - - +
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x
ရွှေပြည်ကိုသာ - x - - အဲသလို သစ်တုံးတွေမှာ သပ်နှပ်သလို စပ်ထားတဲ့နည်းမို့သက်စေ့နှက်စပ်
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x
ရွှေပြည်ကိုသာ - x - - အဲသလို သစ်တုံးတွေမှာ သပ်နှပ်သလို စပ်ထားတဲ့နည်းမို့သက်စေ့နှက်စပ်
နည်းလို့ခေါ်တာပါ ။
၂။ ဒီနည်းကိုတော့ ၄၃၁ လို့ခေါ်ပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား + - - - အဲလိုနောက်ဆုံးအလုံးကရာနဲ့ဒုတိယအပိုဒ်ရဲ့ ကွာတို့ထိပ်ချင်းထပ်နေ
လို့ထပ်ချင်းထပ် စပ်နည်းလို့ခေါ်ပါတယ်.....။
၃။ဒီနည်းလေးကိုတော့ ၄၁လို့သာခေါ်ပါတယ် ဝေရွှန်းစန္ဒာရတု
မှာလည်းမကြား - - - +
သွားလည်းမသင့် + - - -ကြားနဲ့သွားဟာ ကာရန်ချင်းထိပ်တိုက်ဖြစ်နေတဲ့အတွက်ဦးတိုက်စပ်
နည်းလို့ခေါ်ပါတယ်.......။
၎။ဒီနည်းကိုတော့၄၂လို့ခေါ်ပါတယ် ။ စတုဓမ္မပါလပျို့
တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊
တညှိုးလျလျ၊ လို့စပ်ဆိုပါတယ် လျဉ်း နဲ့ညာဉ်းဟာသက်ထားပုံရင်း ချွတ်စွပ်တူနေလို့ထပ်ချည်း
ချွတ်စပ်နည်းလို့ခေါ်ပါတယ်..။
၅။ဒီနည်းကိုတော့၄၃၂စပ်နည်းလို့ခေါ်ပါတယ် မဲဇာတောင်ခြေရတု
အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်) ဘီလူးများရယ်တဲ့အခါ တောင်ရမ်းမြောက်ရမ်း ဖြစ်နေတတ်ပါတယ်။
အဲသလိုဘဲကာရန်ကလဲဟိုရောက်ဒီရောက်ရောက်နေလို့ဘီလူးရယ်စပ်နည်းခေါ်ပါတယ် ။
၆။ဒီနည်း ၄၂၃စပ်နည်းလို့ခေါ်ပါတယ် သခင်ကြီး၏ ဧချင်းသံပေါက်
လျှောက်မည်စုံအင် - - - + (လေး)
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သုံ
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သုံ
ဒီကဗျာမှာတော့ ကိုင်းနှစ်ခုဟာ အလယ်ခေါင် ရောက်နေပါတယ် ။ ချိန်ခွင်ရှာလို ဖြစ်တဲ့အတွက် ချိန်ခွင်ရှာစပ်နည်း ခေါ်ပါတယ် ။ (ဒီနည်းကိုပညာရှိများမနှစ်သက်ပါဘူး ) သောတာလကာင်္ရ လဲမဖြစ်တဲ့ အတွက်ကြောင့် ဒီလို စပ်နည်းမျိုးကို တေးထပ်မှာထည့်သွင်းမစပ်မှိဘို့ သတိပေးထားတာပါ...။
နောက်တခုက(သတ်ခြောက်ပါး)ဆိုတာပါ
မြန်မာစာပေမှာ အသတ်ပေါင်း ဆယ်ခုရှိပါတယ်အဲဒါတွေကတော့
က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)၊ န သတ် (န်)၊ ပ
သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ၀ သတ် (၀်) - တို့ဖြစ်ပါတယ်။ဒီ အသတ် ၁၀ မျိုးကို
မူလအသတ်(သို့မဟုတ်)မုချအသတ်လို့ခေါ်ပါတယ်။ဒီကနေဆက်ပြီးပွားလာတဲ့အသတ်တွေကို
သမတိယအသတ် (ပါဠိပျက်)အသတ်တွေ လို့ခေါ်ပါတယ်။ က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ်
စသည်ဖြင့်) ဒီအသက်တွေကိုစုပေါင်းလိုက်တဲ့အခါ ကသတ်က်နဲ့ ငသက်င်သက်ကတအုပ်စု
အဲလိုအုပ်စုဖွဲ့လိုက်တဲ့အခါ မုချက ၅ခု ပါဠိပျက်အဖွဲ့က၁စုစုစုပေါင်းခြောက်စုပါတယ် ။ ဒါကိုသပ်
ခြောက်ပါးလို့ခေါ်ပါတယ်။ ဦင်္းပုညရဲ့ တေးထပ်တပုဒ်ကိုကြည့်ပါ
မုယောရုံ တောအစ ၊
ဒေါနလမ်းမြေအညီ ။........... ဒီအပိုဒ်မှာ တော နဲ့ဒေါဟာ တ ထ ဒ ဓ န ဆိုတဲ့တအုပ်စုထဲကိုသက်ထားတာပါ ။
နောက်ငါးဖြာရုံ ဘင်အစု ၊
ခင်မူ့ နဲ့နေကုန်……….. ဘင်နဲ့ခင်ဟာ ငသက်င် သက်တာခြင်းတူပါတယ် ။
စနနာလကာင်္ရမြောက်တဲ့တေးထပ်များဟာတအုပ်စုဝင်အသတ်ခြင်းတူညီရပါမယ်ဒါကိုရည်ရွယ်ပြီး
(စပ်ခြောက်ထွေသက်ခြောက်ပါး ၊ မမှားအောင်သိတတ်စေရာ) လို့ဆိုခြင်းဖြစ်ပါတယ်။
နောက်တခုကတော့(ပေါရာဏကထာကို)ကိုဆိုတာပါ ။ပေါရာဏ ဆိုတာ ရှေးစကားပါ ဆိုလိုတာ
ကတော့ရှေးတုန်းကလူတွေစပ်ဆိုသွားတာတွေကိုနမူနာယူကြလို့ပြောတာဘာ ဘာကိုကြည့်
ပြီးပြောသလဲဆိုရင် (ဧချင်းစုလကာင်္တွေ ကျွမ်းလှသင့်ပေ)ကိုကြည့်ပြောတာပါ ရှေးတုန်းကလူ
တွေရေးခဲ့တဲ့တေးထပ်တွေ ရတု ရကန်တွေ ဧချင်းတွေသာချင်းတွေကိုကျက်ထားကြလို့မှာလို
တာပါ ဒါကြောင့် စလေဦးပုညက( စပ်မူနည်း ရေးလိုပါလျှင် ၊ တေးကိုသာရအောင်ကျက်ပါတော့
ကြောက်လှနဲ့ ၊ မျိုးသိဃာင်္ စိုးရိမ်နဲ့ဗျာ )လို့စပ်ဆိုခဲ့တာဖြစ်ပါတယ် တေးထပ်ကိုေ၇းချင်၇င်တေး
ထပ်တပုဒ်နှစ်ပုဒ်ကို၇အောင်ကျက်ထားခိုင်းတာပါ
နောက်တခုက(တေးထပ်ရိုးသူ့အနေမှာ) ပါ တေးထပ်ရိုး ဟုတ်ကဲ့တေးထပ်ဟာစပ်ရိုးစပ်စဉ်ရှိပါ
တယ် ။ အခြားကဗျာတွေလို အစပ်ခြောက်ပါးနဲ့ မလုံလောက်ပါဘူး ။တေးထပ်ကြီး ရှစ်ဆယ်ပေါ် တေးထပ် စတဲ့ နေရာ တွေသုံးတဲ့ စပ်နည်း တွေရှိပါသေးတယ် ။ အဲဒါ တွေကိုလဲ လေ့လာကြပါအုံး လို့တိုက်တွန်းထားတာပါ ။ မိမိရေးတဲ့တေးထပ်ဟာဝစနာလကာင်္ရ ပိုဖြစ်လာအောင် အသံပိုသာလာအောင် လေ့လာဘို့ပါ ...။
- နဘေစပ်နည်း
- ပြန်ကဟပ် စပ်နည်း
- ရွက်ချပ် စပ်နည်း
- ကတ္တရာ စပ်နည်း
- ချိန်ခွင်ညှာ စပ်နည်း
- ခြင်္သေ့လည်ပြန် စပ်နည်း
- တေ့ဆက် စပ်နည်း
- နဘေပြန်ကဟပ်စပ်နည်း
အခုတွေ့ရတဲ့စပ်နည်းတွေကတော့ မရွှေနှင်းကနေဆက်လက်ရှင်းပါ့ပါလိမ့်မယ်ခင်များ.။
5 comments:
တေးထပ်စပ်နည်းလေးတွေ မျှဝေတာကျေးဇူးပါ။ လေ့လာသွားပါတယ်။ copy လည်းလုပ်သွားပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။
ဗဟုသုတရစေတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ...။
ကိုကိုဇေ တော်လှချည်လား
ဒီလောက်တော်မှန်းမသိပါဘူးရှင်
တီတီ တူလေးက သိပ်ချစ်ဖို့ ကောင်းတာဘဲ
စာဂျပိုးလေး ........;)
ကိုဇေရေ ကိုဇေက မဟာဂီတကို နှစ်သက်တယ်ပေါ့ ကျွန်တော်လည်း မဟာဂီတသီချင်းကြီးတွေဆိုအရမ်းသဘောကျတာဗျ အမေဒေါ်တင်တင်မြနဲ့ ဦးဝင်းဦး ဆိုထားတဲ့ မြိုင်ခြေစုံသာ ပတ်ပျိုးဆိုရင် ကိုကိုးအိမ် အကြိုက်ပေါ့ဗျာ.. နောက်ပြီး လျှပ်ပန်းခွေနွဲ့ ယိုးဒယားလည်း အရမ်းကြိုက်တာဗျ ... ကြုံမှ ကိုဇေ့နဲ့ သီချင်းတွေ အကြောင်းဆွေးနွေးရမယ်...
ခင်လျှက်
ကိုကိုးအိမ်
တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ
ဗဟုသုတ တကယ်ရစေပါတယ်
Post a Comment