နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 29 June 2010

ကဲပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ (၁)

ပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ စာအုပ်နာမည်ပါ သူက ပညာရှင်ဆိုတော့ ပညာရှင်တွေရဲ့ထုံးစံအတိုင်းပေါ့ စာအုပ်တွေထဲကဟာတွေ မွှေနှောက်ပြီး လူပိန်းကအစ  နားလည်အောင် ရေးပြတာ ၊ ဇေတို့က စာကလဲနှစ်ယောက်လုံးမဖက်ဘူး ၊ စာရေးတော့လဲ ဇေကသက်ပုံမ မှန်ဘူး ၊ နှင်းက ပုဒ်ထီးပုဒ်မ မကွဲဘူး အဲလိုဖြစ်တော့ ၊ ကိုယ်ပြောချင်တာ ကိုရေးချင်တာတွေဘဲ ရေးပြရမှာဘဲ အခုပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက စာအုပ်ထဲကဟာတွေရေးမှာမဟုတ် ဘူး အခုတပတ်အတွင်းဖြစ်ခဲ့ တာ ပျက်ခဲ့တာ တွေရေးမှာ စိတ်ညစ်မခံနိုင်တဲ့လူတွေမဖက်သင့်တဲ့စာမျိုး ဘဲ ၊ လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေမို့လား ၊ ဒါလေးတွေ ဖက်ပြီးသွားရင် ဒီမောင်နှမဘယ်လောက်ဒုက္ခသု က္ခတွေရောက်နေသလဲ ၊ အဲလိုအခတ်ခဲကြားကနေ ဒို့အတွက်ဖက်ဘို့စာလေးတွေရေးပေးနေပါလားလို့ မုဒိတာပွားနိုင်ဘို့ကိုသာရီရွယ်တာပါ ၊ မကဲ့ရဲ့နဲ့နော် မကြိုက်ဘူး ကဲစပြီ…။


ဖြစ်တာပြောရရင် အဆောင်ကကောင်တွေကစပြီးပြောရမှာဘဲ ဒီကောင်တွေခြောက်ကောင်ဟာ အင်မတန် ငတ်ကြီးကျတယ် ၊ လူတွေကလဲလူကောင်းတစ်ယောက်မှမပါဘူး မဓေရှိရာ မဓေလာဆိုသလို ဒီလိုဗရုက်သု က္ခတွေရှိတဲ့နေရာကို ဘရုသုက္ခတွေဘဲလာတယ် လူကောင်းမလာဘူး ၊ အပတ်တိုင်းဗုဒ္ဓဟူးနေ့ဆို ဇေကချက်ပြုတ်ကြွေးမွေးရတယ် တပတ်တပတ် ၊ မနက်စာရော ညစာရော ဟိုခွက်ပုန်းကိစ္စပါ ပါသေးတယ် ကျန်တဲ့ရက်ကတော့ဗျာ ၊ ထမင်းဘဲချက်နိုင်တာမို့ သူတို့ချက်တာလေးတွေကပ်စားရတာပေါ့ ၊ ဟင်းက လဲမကောင်းပါဘူးဗျာ ၊ ငံရင်ငံချိုရင်ချို စပ်ရင်စပ်နေတာ အရသာခြောက်ပါးညီညွတ်တယ်ကိုမရှိပါဘူး ၊ သည်းခံစားပါတယ် ၊ မပြောလဲမပြောပါဘူး ၊ ဇေချက်ကျွေးတာကျတော့ ကောင်းကောင်းချက်ကျွေးတာ ဈေးကိုကျကျနနသွား သေသေသပ်သပ်ဝယ်ပြန်လာ ချက်ပြုတ်ကျွေး  ၊ စားသောက်ပျော်ပါး ညစာရော မနက်စာရော ကောင်းမွန်မွန်ချက်ကျွေးနေတာဘဲလေ ၊ အခုတော့ ရွတ်စုတ်ပြက္ခဒိန်ကို ဗျာ တရက်ကြိုဖြဲ ထားတော့ တကယ်တန်း အင်္ဂါနေ့ဘဲရှိသေးတယ် ၊ ဗုဒ္ဓဟူးနေ့ဖြစ်နေရော ဒါနဲ့ချက်ပြုတ်ကြွေးရရောဆိုပါ ဆိုဗျာ ၊ ဒါကပြဿနာမဟုတ်သေးဘူး ၊ သောကြာနေ့ညပိုင်းမှာ ကျောင်းမှာကမ့်သွင်းဘို့လုပ်ထားတာ အဲ တော့ကြာသပတေးနေ့ကိုသောကြာနေ့မှတ်ပြီး အထုတ်တွေပြင်ဖုန်းတွေ ခိုးထည့် ဟိုဟာလုပ်ဒါလုပ်နဲ့ သောကြာထင်ပြီးကျောင်းကိုသွားတာ ၊ ဟိုရောက်တော့ခွေးနှစ်ကောင်ဘဲရှိတယ် ကျောင်းထဲမှာ မဟုတ် သေးပါဘူးတခုခုတော့လွဲနေပြီ မေးကြည့်တော့မှ ကြာသပတေးနေ့မှန်းသိတယ် ရှက်လိုက်တာဗျာ သေချင်တာဘဲ ၊ အဆောင်ကိုပြန်ရောက်တော့ တစ်ကောင်မှမရှိဘူး ဒါနဲ့ပြောဆို ပြီး နောက်အပက်ကစပြီး ချက်မကြွေးတော့ဘူး ၊ မင်းတို့ဟာလဲ ငါမစားဘူး ငါ့ဟာလဲမင်းတို့လာမစားနဲ့ စားချင်ရင်သွားတောင်းလို့ ပြောလိုက်တယ် ၊ အခုတော့တာဝန်တခုပေါ့သွားတာပေါ့ဗျာ ဒီကောင်တွေလဲ သူတို့ချက်တဲ့ဟင်းနဲ့ဇေ ချက်တဲ့ဟင်းရဲ့ အရသာကွာခြားမှုကို နားလည်သဘောပေါက်လာမှာပါ ၊ သူငယ်ချင်းတွေရဲ့ဒဏ်ကလဲအ လူးအလဲဘဲ ။

နောက်တခုကဗျာ ဒီအသက်အရွယ်ထိ ရီးစားမရှိသေးတဲ့ကိစ္စ ၊ ဒါကလဲထည့်ထည့်မပြောချင်ပါဘူး ၊ အတန်းထဲမှာ မော်နီတာဆိုတော့ ဆော်လေးတွေကတော့ နဲနဲတော့အာရုံညွတ်ကြပါတယ် ခတ်တာက သူတို့ချိန်းတိုင်းမသွားနိုင်တာ ၊ နောက်ပြီး ဟိုရောက်ရင်လဲပေါက်ကရတွေပြောတာ ၊ ဒီကအပြင်ထွက်ရမှာ ကို မေမေစကားများတာလောက်ကြောက်တယ် တအားပူတယ်ယိုးဒယားက ၊ ဒါနဲ့စကာင်္ပူက ကောင်မလေး တစ်ယောက်ကို ရီးစားစကားပြောမှိပါတယ် ၊ တအားပြည့်စုံနေလို့တဲ့ ၊ တအားလိမ်မာနေလို့တဲ့ ဒီလိုလူကို လက်ထပ်လို့မဖြစ်ဘူးတဲ့ ၊ နောင်တချိန်မှာ ပြဿနာဖြစ်လာနိုင်စရာအကြောင်းရှိတယ်တဲ့ ဒါနဲ့ ပြန်ပြောလိုက်တယ် နက်ဖြန်ကစပြီး အရက်သောက်မယ် ဖဲချမယ်လောင်းကစားလုပ်မယ် ၊ အကုန်လုပ်မယ် ဗျာ ၊ ရှုတ်တယ် ၊ ဒီမှာလဲ ချိန်းထားတာတော့ရှိတယ် ညဘက်ဆိုတော့ မသွားချင်ဘူး ဘယ်လိုဘဲဖြစ်ဖြစ်ယော ကျာင်္းလေးဖြစ်ရတာလဲမလွယ်ဘူးဗျာ ၊ မိန်းခလေးတွေကလဲ ဒီလိုတောသံနဲ့ပြောတာကိုမကြိုက်လောက်ဘူး
သက်တာဖြတ်တာ ၊ လိမ်တာညာတာ ဒီလိုမှကြိုက်တာလား ၊ မူးရူးပြီး တောင်အော်မြောက်အော် မိန်းခလေး အထည်လဲတွဲပြဒီလိုမှသဘောကျတာဆိုတော့ ၊ ပီယာနိုရှေ့မှာတောသံနဲ့အော်နေတဲ့လူလိုစိတ်မ၀င်စား ဘူးထင်တယ် ။

ကျောင်းနားတုန်းထိုင်ဝမ်သွားမလို့ပါဆို ၊ ရေကြီးလိုက်တဲ့ဖြစ်ချင်း မပြောကိုမပြောချင်တော့ဘူး ကံဆိုး မသွားလေရာ မိုးလိုက်ရွာတယ်ဆိုတာ ဒါဘဲနေမယ် ၊ ပါးကလဲနေမကောင်းဘူး ညကတော့အွန်လိုင်းမှာ တွေ့သားဘဲ ၊ ဟိုအကောင်တွက်ပီဆိုတဲ့လူက ငွေတွေချေးထားတာ ပြန်မပေးဘူး ဒါမကောင်းတဲ့စရိုက်ဘဲ  ငွေနံကလဲမသင့်ပါဘူး ပိုက်ဆံရှိရင်ချေးမဲ့လူကများတယ်……။

ဘယ်လိုဘဲဖြစ်ဖြစ်လေ သူငယ်ချင်းတွေဆိုတော့လဲ မခေါ်လဲမကောင်းဘူးမို့လား ဒီတော့ဒီကောင်တွေ ကိုပြန်ချက်ကြွေးအုံးမှဖြစ်မှာပါ ၊ သူတို့မရှိတော့လဲပျင်းစရာကောင်းသားဘဲ နောင်ကြဉ်အောင်တော့တ ပက်လောက် ၊ မချက်ကြွေးဘဲထားမယ် သူတို့ဘဲငတ်တာမဟုတ်ဘူး ငါလဲငတ်တာဘဲ ဘာလို့ဆိုတော့ သူ တို့ကိုတပက်ကိုတရာက်တည်းချက်ကြွေးရတာ ၊ သူတို့ဆီကနေတိုင်းစားရတာကိုး အင်း လျှာနဲ့သွား တောင်မကြာခဏကိုက်မှိတတ်သေးတာဘဲ အင်းမထူးဘူး ပြန်ခေါ်လိုက်မယ် ။


ဟိုဘလော်ကာမကြီးမိနှင်းနှင်းမိုးဆိုတာကြီးကလဲ အမြဲတမ်းစိတ်ညစ်နေတာဘဲ သူ့ဟာကတခါမှပျော် တယ်မရှိဘူး ၊ ဘယ်လိုလုပ်ပေးရမှန်းတောင်မသိဘူး အိပ်ရေးဝအောင်မအိပ်တော့လူက ပြောတဲ့စကား မှန်သမျှကို သူ့ကိုမကောင်းပြောတာဘဲမှတ်နေတာနေမှာ ဒါမကောင်းဘူး ၊ အိပ်ခိုင်းရအုံးမယ် ။

ဘလော့နဲ့ပတ်သက်ပြီးတော့ ဒီအပက်ကစပြီး တနလာင်္နေ့တိုင်းကို သောင်းပြောင်းထွေလာရေးမယ်ဗျာ တနင်္ဂနွေနေ့တိုင်း ကို သတင်းကြော်ငြာမယ်  ၊ ကျန်တဲ့ရက်တွေမှာ ဘာတွေမှာ စိတ်ကူးပေါ်တာ တင်မယ် ဒီဘလော့ကလဲအားကြီးချုချာတယ် ချုချာမှာပေါ့ မိခင်ရဲ့မေတ္တာမှမရတာ သူ့မွေးတဲ့အမေက  နွားမဒန်း သားမခင်ဆိုသလို ဟိုသွားဒီသွားနဲ့ လုပ်နေတာကိုး ၊ အမြဲတမ်းဇေကဘဲစောင့်လျှောက်နေရတာကိုး ၊ ဘဲငန်းအထီးကြီးကျနေတာဘဲ မွေးတုန်းကနှစ်ယောက်မွေးတာ အခုတော့တစ်ယောက်ထဲ ဒိုင်ခံပြီး စောင့် လျှောက်ရှောက်နေရတယ် ၊ အင်း လစဉ်လတိုင်း မြန်မာလတွေရဲ့အကြောင်းတွေလဲရေးအုံးမယ် ၊ လာဖက် တဲ့လူတွေ မျက်စိနောက်ရအောင်သာ ကြံပေတော့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ……..။

6 comments:

မောင် လေး said...

ဟေ ဟေ့ ပထမကွ။
ရည်းစားမရှိတာ အင်မတန်မှကံကောင်းတယ်မှတ်မောင်ရင်
ရှိရင်ဘယ်လောက်စိတ်နဲ့ကိုနဲညစ်ရမယ်ထင်လဲ...။

နတ်ဆိုးလေး said...

ကောင်းတယ် ရည်းစားမရှိတာလဲ ကောင်းတယ် တနင်္ဂဂနွေနေ့တိုင်း ရေးမှာလဲ ကောင်းတယ်
ရေးလေ ဖတ်ရလေပဲ.

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုဆို သတင်းထူးတွေများများရေးနော်..
သတင်းတွေနားမထောင်တော့ဘူး ဇေရေးတာဘဲ စောင့်ဖတ်တော့မယ်..း)
လိမ္မာတာ ဘယ်လောက်ကောင်းတယ်ဆိုတာ ကောင်မလေးမသိလို့ပါကွယ်..
ဆိုးရတာ မိုက်ရတာသာ လွယ်တာ လိမ္မာရတာသိပ်ခက်..
ဒီဂုဏ်လေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ..

မြစ်ကျိုးအင်း said...

စိတ်ညစ်စရာ ပြောပေမယ့် ပြက္ခဒိန် ရွက်စုတ် တာဖတ်ရတော့ ရယ်လိုက်ရသေးတယ်။
တော်တော် အကြံကောင်းတဲ့သူတွေ ...။

ကိုကိုးအိမ် said...

ဇေကြီးတို့ကတော့လုပ်ချလိုက်ပြန်ပြီဟ
နှင်းမိုးခမျာလည်း နွားမဒန်းမလေးကိုဖြစ်လို့
သူ့ကိုယ်သူလည်း ဘဲငန်းကြီးတဲ့ အင်း တော်သေးတာပေါ့ နှစ်ယောက်တည်းပဲပြောတွားလို့
ဒါပေမယ့် ကိုယ်မွေးမြူရေးလုပ်စားရင် ညီလေးတို့ကို ပြောမယ်လေ.. အဟဲ

ကိုကိုးအိမ်

Myanmar Good Knowledg Co., Ltd said...

ရည်းစားလဲမရှိ။
ဟင်းလည်းချက်တတ်။
ဘလော့ဂ်လည်းစောင့်ရှောက်တတ်။
သတင်းလည်းကြေငြာတတ်။
တော်လိုက်တာနော်။
ဘယ်သူများလဲမှတ်တယ်...............
ဘဲငန်းကြီးကိုးးးးးးးးးးးးး

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...