နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 30 June 2010

မိတ်ဆွေ


to be isolated is to be sick, and so far dead.

                                     (Ralph w.emerson)

အထီးကျန်ဖြစ်နေတာ ဘယ်သူနဲ့မှရင်းနှီးတဲ့ဆက်ဆံမှုမရှိတာဟာ မကျန်းမာတာ ဘဲတဲ့…။

Life without a friend is death,without a witness.

မိတ်ဆွေမရှိတဲ့ဘ၀ဟာ ဘယ်သူမှ မမြင်မသိဘဲသေနေတာနဲ့တူတယ် ။

There is no physician like a true friend.

မိတ်ဆွေနဲ့တူတဲ့သမားတော်ဆိုတာ ဘယ်မှာမှမရှိဘူး…။

Friends are the sunshine of life.

မိတ်ဆွေတွေဆိုတာ ဘ၀နေရောင်တွေတဲ့.။

If you want an accounting of your worth, count your friends.

ကိုယ်ဘယ်လောက်တန်ဘိုးရှိတယ်ဆိုတာသိချင်ရင် ကိုယ့်မှာမိတ်ဆွေကောင်းဘယ်နှစ်ယောက် ရှိလဲ ဆိုတာ ရေတွက်ကြည့်လိုက်တဲ့ ။

The only way to have a friend is to be one.

                                         (Ralph waido emerson)
မိတ်ဆွေကောင်းရှိဘို့ တခုသောနည်းလမ်းက ကိုယ်ကိုတိုင်မိတ်ဆွေကောင်းပီသဘို့ ဘဲ ။


အဲသလို အီမာဆန်ကဆိုပြန်တော့ဗျာ ဒီနေ့ကန်စွန်းရက်လေး၅ပင်ကျော်စားတယ် ၊ ၀က်သားက၄ ဖက်ချက်တယ် ၊ ငပိလေးလောက်စာလုံးလောက်ကျော်တယ် ၊ ချည်ပေါင်ဖူးခြောက် ၁၅ခုကို ဟင်း ချိုချက်လိုက်တယ် ၊ ခါကြတ်ဥတို့စားတယ် ဟင်းချက်တော့မွှေးနေတာဘဲ ဟိုအကောင်တွေဆို တာ ၊ မွှေးတယ်ဟေ့ မွှေးတယ်ဟေ့နဲ့နေတာဘဲ ၊ ဘယ်သူမှမကြွေးဘူး ၊ အခန်းတံခါးပိတ်စားတာ သနားတော့သနားပါတယ် ၊ အရင်ကဆိုဝက်သားတစ်ကီလိုကုန်တယ်အခုတော့ တစ်ကီလိုကို တလလောက်စားရမဲ့သဘောဘဲ ၊ အင်းမဖြစ်သေးပါဘူး နက်ဖြန်ခါ သြ၀ါဒပေးပြီး ပြန်လည်ရင် ကြားစေ့ရေးလုပ်ရမှာဘဲ ၊ ဇေလဲမှားတယ် ဒီကောင်တွေလဲမမှန်ဘူး ၊ ကိုယ်ကစပြီးရင်ကြားစေ့ ရေးလုပ်ရမှာဆိုတော့မလုပ်ချင်ဘူး လာတဲ့နိုင်ငံကိုကမြန်မာပြည်ကလာတာဆိုတော့လေ၊ တွေ့ဆုံ ဆွေးနွေးရေး မလုပ်ချင်ဘူး ။

ကဲလေဘာဘဲဖြစ်ဖြစ် ခလေးနဲ့မိခင် ၊ မားနဲ့ပါး ၊ မြစ်ရေနဲ့ကမ်းနဖူး ၊ လူသားနဲ့မိတ်ဆွေကင်းလို့မ ရပေဘူးမို့လား ၊ ကဲကိုယ်ကဘဲ တွေ့စုံဆွေးနွေးရေး စလုပ်ရတော့မယ် ကဲနက်ဖြန်စပြီဗျို့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ.။

3 comments:

မောင် လေး said...

ဇေရေ မြန်မာပြည်မှာမှမဟုတ်တာ တွေ့ဆုံဆွေးနွေးရေး
လုပ်လိုက်ပေါ့ဗျ နော်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင် အဆင်ပြေနွေးထွေးသော အသိုင်းအ၀ိုင်းလေး ဖြစ်ပါစေ ဇေ...
ကိုယ့်ဟာကိုယ် ဟင်းချက်စားတယ် ပေါ့
ပျော်စရား)

ညီညီ said...

ထမင်းချက်ပုံစံလေး ကွင်းကွင်းကွက်ကွက် မြင်လိုက်တယ် ညီရေ.. တွေ့ ဆုံရေးအခြေအနေက ဘယ်လိုလဲ ..ဟဲ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...