နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 20 June 2010

စောင့်ယူပေးပါဖေဖေ



ဇေငယ်ငယ်စကားမတတ်ခင်က ပါးပါး လို့သင်ပေးခဲ့တဲ့ ဖေဖေကို
ဖေဖေ အသက်ကြီးလို့  သူငယ်တွေပြန်ပြီး စကားတွေကိုမေ့တဲ့အခါ
ဖေဖေဇေ့ကိုသင်ပေးခဲ့ စကားလုံးတွေကို ပြန်သင်ပေးမယ်ဖေဖေ ..။

ဇေလမ်းမလျှောက်တတ်ခင်က ဇေ့လက်ကိုတွဲပြီး 
ရပ်နိုင်ပေ့လို့ သင်ပေးတဲ့ဖေဖေ့ကို
ဖေဖေအသက်ကြီးလို့ လမ်းမလျှောက်နိုင်တဲ့အခါ
ဖေဖေ့ကို ဖေဖေ့ချွေးမနဲ့ ဖေဖေမြေးလေးတွေကို ခြံရံပြီး
ဖေးဖေး မမလမ်းလျှောက်ပေးမယ် ဖေဖေ………..။

ဇေငယ်ငယ်က  ဇေ့ရဲ့အညစ်ကြေးတွေကို ဖေဖေသန့်ရှင်းရေးလုပ်ပေးခဲ့သလို
ဖေဖေ အသက်ကြီးလို့ အညစ်ကြေးတွေ ကိုယ်တိုင်မသန့်စင်နိုင်တဲ့အခါ
ဖေဖေ့ရဲ့ အညစ်ကြေးတွေကို ဇေ လက်တွေနဲ့ သန့်ရှင်းရေးလုပ်ပေးမယ် ဖေဖေ…။

ဇေငယ်ငယ် စာမတတ်ခင်က ဇေ့ကို ဟိုးရှေးရှေးတုန်းကလို့ ပုံပြင်တွေ
ဖက်ဖက်ပြခဲ့တဲ့ ဖေဖေ့ကို 
ဖေဖေအသက်ကြီးလို့ မျက်လုံးတွေမှုန်ဝါးသွားတဲ့ အခါ
ဖေဖေ့ကို  ဘာသာရေးစာတွေပြန်ဖက်ပေးမယ် ဖေဖေ…….။

စားချင်တိုင်း ချက်ကြွေးခဲ့တဲ့ ဖေဖေ့ကို
ဖေဖေ အသက်ကြီးလို့ မချက်စားနိုင်တော့တဲ့အခါ
 ဇေကိုယ်တိုင်ပြန်ချက်ကြွေးမယ် ဖေဖေ….။

ဇေ့ကိုကျောင်းပို့ပေးခဲ့သလို ဖေဖေအသက်ကြီးလို့ဘုရားကို ကိုယ်တိုင်မသွားနိုင်တဲ့ခါ
ဇေ့ကိုကျောင်းလိုက်ပို့သလိုမျိုး ဇေကိုယ်တိုင် ဘုရားကို ပြန်လိုက်ပို့ပေးမယ် ဖေဖေ…။

မိသားစုတွေထဲမှာ ဇေ့ကိုပျော်အောင်ထားပေးခဲ့တဲ့ဖေဖေကို
ဖေဖေအသက်ကြီးလို့အထီးကျန်လာတဲ့အခါ
ဇေ့မိသားစုထဲမှာ ဖေဖေကို ပြန်ပြီးပျော်အောင်ထားပေးမယ်ဖေဖေ

အကြွေးဆိုတာ ပေးပြီးရင်ပြန်ယူရမယ်လို့ဖေဖေသိပေမဲ့
အကြွေးလို့မသက်မှတ်ထားမှန်းလဲ သားသိတယ်ဖေဖေ
ဒါပေမဲ့ သားရဲ့စိတ်ထဲမှာ ဖေဖေ့ရဲ့ကြွေးဟောင်းတွေကို
ထမ်းပိုးထားတယ်ဆိုတာလဲ ဖေဖေမမေ့ပါနဲ့ ။

အရသာအထူးအစမ်းတခုကိုလျှာပေါ်ကိုတင်လိုက်တိုင်း
မမြင်ဘူးတဲ့အရာတခုကို တွေ့ဘူးလိုက်တိုင်း
မကြားဘူးတဲ့သံစဉ်တခုကိုနားထောင်မိတိုင်း
မရှုရှိုတ်ဘူးတဲ့ အနံတခုကို ရှုရှိုက်ဘူးတိုင်း
မထိတွေ့ဘူးတဲ့ အတွေ့တခုကို တွေ့ထိတိုင်း
ငါဒီလို ခံစားနိုင်တာ ဖေဖေကြောင့်လို့
အမြဲခံစားမှိသလို အဲဒါတွေကိုဘယ်အချိန်အစား
ပြန်ပေးရမလဲလို့တွေးမှိတယ်ဖေဖေ ။

ဇေ့ရဲ့ဒီအသိကို ဖေဖေယုံကြည်တယ်ဆိုရင်
ဇေ့ရဲ့ တုန့်ပြန်ပေးဆပ်မှု့ကို
စောင့်ယူပေးပါ ဖေဖေ
စောင့်ယူပေးပါ………
စောင့်..ယူ…ပေး…ပါ..စောင့်….ယူ ……..ပေး………ပါ…..။


အဖေများနေ့သို့အမှတ်တရ…….

http://www.mylivesignature.com/signatures/85802/hninmoekhine/a6229c22d9caebf2345c88141a4ef21e.png







3 comments:

nweoo said...

ဇေ ..ဇေ လို သားမျိုး ရ တာ ဇေ့ပါပါးသိပ် ကံ ကောင်းတာဘဲ..ငါ့မှာ ဖေဖေ မရှိတော့ဘူး ..ဇေ့စာ ကို ဖတ် ပြိး ဖေဖေ့ ကို သတိရလိုက်တာ..ဖေဖေ နေ မကောင်းတာကိုသိပေမဲ့ ..ကျောင်းစာတွေနဲ့
အလုပ် တွေနဲ့ ရှုပ် နေ တော့ ကောင်းကောင်း မပြုစုလိုက်ရဘူး...အခုဇေ့စာကြောင့်ကျန်နေတဲ့ မေမေ ကို ဂရုစိုက်သွားပါ့မယ်..ဇေ့ဖေဖေ ကျန်းမာပါစေ....ဆုတောင်းပေးပါတယ်...

နတ်ဆိုးလေး said...

ကိုဇေရဲ့ အသိက လေးစားဖို့ ကောင်းတယ်ဗျာ

နောက်ပြီး စောင့်ယူပေးပါ ဆိုတဲ့ တောင်းဆိုစကားထဲမှာ
အဓိပ္ပါယ်တွေ အများကြီးနဲ့ ပြင်းပြတဲ့ ဆန္ဒ
လိုအပ်နေတဲ့ မျှော်လင့်ချက်တွေ ပါနေတယ်..။

ရင်ထဲကိုထိတယ် ကိုဇေရေ..
ကိုဇေ့ အဖေ ကျန်းမာပါစေနော်

Anonymous said...

Great story...:)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...