နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 28 June 2010

တာဝန်

သံကောင်းသည့်ဓား ဖြစ်တုံငြားလည်း ၊ 
ကျောက်သားထက်တွင်
မပြုပြင်က သံပင်ကောင်းငြား ၊ 
ဓားမထက်နိုင် ၊ 
ဥာဏ်စွမ်းဥာဏ်စ၊
ရှိတုံကလည်း လုံ့လနတ္ထိ ၊ 
ဇွဲမရှိသော် ၊ လိုရာခရီး ၊ 
အချည်းနှီးတည်း ။

ခုတလော ဘာမှမလုပ်ချင်ဘူး....။  စိတ်တွေရှုတ်နေတယ်...။ အပြစ်တွေပဲ လှိမ့်တင်နေတဲ့ သူရှိသေး..။ မလုပ်ချင်လို့ ဒီအတိုင်းနေ လို့ရလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်..။ တာဝန်တွေ ၀တ္တရားဆိုတာတွေက ရှိသေးတယ်..။ ကျောင်းစာတွေကိုပြစ်ထားတာ ကြာပြီ..။ အဲဒါနဲ့  စာပြန်ကျက်တယ်..။ စိတ်ဝင်တစားကျက်တာတောင် ကျက်သလောက်မရဘူး...။ နောက်တော့ မှသိလိုက်တယ်..။ ငါကကျောင်းသားယောင် ဆောင်နေပါလား ပေါ့...။ ကျောင်းသာတာဝန် မကျေသလို ၊ မိဘဆီက မုန့်ဖိုးညာတောင်းနေတာ ပါလားပေါ့ ။။ ပြီးတော့ ဒီကဗျာကို ပြန်ဖတ်မိတယ်...။ 
နောက်ဆုံး သိလိုက်တာ ဘာလုပ်လုပ် တာဝန်ကျေအောင်လုပ်...။ ကဗျာထဲကလို ဘယ်လောက်ပဲဥာဏ်ကောင်းနေပါစေ ၀ုန်ဒိုင်းကျဲနေရင်ဘာမှဖြစ်လာမှာ မဟုတ်ဘူး..။ စာမှန်မှန်ကျက်ရမယ်..။ 
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင် ။ ။

9 comments:

မာရ်နတ် said...

ကောင်းပါ့ တိုးတက်လာပြီ သူငယ်မရေ့

မောင် လေး said...

ကြိုးစား၊ကြိုးစား...။ကြိုးစားမှဒိုးပြားရမည်တဲ့...။

နတ်ဆိုးလေး said...

အဟား..
တော်လိုက်တာ.. ကျောင်းတက်တုန်းက ဒီပို့စ် ဖတ်မိရင် ကောင်းမှာပဲ

မဗေဒါ (၈၈) said...

ညီမနှင်းမိုး

ဖြစ်တက်တယ်.. ကြိတ်ထား.. ဖြေးဖြေးလုပ်.. ပုံမှန်လုပ်ဖြစ်အောင် လုပ်.. အပြစ်တင်သူတွေကို များများနားထောင်ပြီး အပြုသဘောဘက် များများတွေး..။ နဲနဲ အဆင်ပြေသွားမယ်..။

မဗေဒါ (၈၈)

မြစ်ကျိုးအင်း said...

ဒီအသိလေး ရေရှည်ခံပါစေဗျား)

ကျနော်တို့လည်း ကျောင်းသားဘဝက တာဝန် မကျေခဲ့တာ အမှန်ပဲ။ကျောင်းတက်နေရတုန်း ကျောင်းပဲ ပြေးချင်နေတာ။ ခုတော့လည်း တခါတခါ ကျောင်းသား ဘဝကို သတိရနေမိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောင်းသားဘ၀ကိုကျော်ဖြတ်ခဲ့ဖူးတော့ ကိုယ်ချင်းစာပါတယ်..
စာကျက်ဖို့ စိတ်လေနေတဲ့အချိန်မျိုးမှာ ကိုယ့်စိတ်ကို တွန်းအားပေးမဲ့စာတွေဖတ်ပါညီမလေးရေ..
အဲလိုဆို ကြိုးစားချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်..
ကျောင်းသားတာဝန်နဲ့ ဘလော်ဂါရဲ့ တာဝန်ပါကျေပါစေကွယ်..း)

ကိုကိုးအိမ်(မန္တလေး) said...

ညီမလေးရေဘယ်သူတွေအပြစ်တင်တင် ဂရုမစိုက်ပါနဲ့
အပင်မြင့်လေ လေတိုက်ခံရလေပါကွာ
ကဗျာလေးလက်ဆောင်ပေးမယ်နော် လူတိုင်းကြားဖူးပြီးသားလေးပါ

လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာတဲ့
စိတ်အားတွေပြည့်ဝပါစေကွာ

အကိုကြီး
ကိုကိုးအိမ်

Myanmar Good Knowledg Co., Ltd said...

နှင်းမိုးမိုးရေ

အပြစ်ပြောခံရတာကို ကိုယ့်အတွက် အကောင်းဘက်ကယူလိုက်ပါ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် မေ့ပစ်လိုက်ပေါ့။
စိတ်ညစ်နေရရင် ကိုယ့်အတွက်ဘာမှလုပ်လို့မရဖြစ်တတ်တယ်တဲ့။
အားပေးလျှက်ပါ။

Anonymous said...

i like very much that poem and copy it to read when i need to control myself.

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...