နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 16 June 2010

တပတ်အတွင်း ဘလော့သတင်းပဒေသာ


ခုချိန်မှစတင်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တပတ်အတွင်းသတင်းပဒေသာကိုစတင်အစီရင်ခံပါ့မယ် ၊ သတင်းခေါင်းစဉ် နှင်းမိုးမိုးဘလော့ကိုတည်ထောင်သူ မရွှေနှင်းယနေ့ညနေမြန်မာစံတော်ညနေ ၆နာရီအချိန်တွင် ဆေးခန်းတွင်ဆေးသွားထိုးရခြင်း ၊ http://mabaydar88.blogspot.com/ဘလော့ကို တည်ထောင်သူ မမဗေ စာမရေးသည်မှာ လေးရက်ကြာခြင်း ၊ http://maungmaungmfs.blogspot.com/ ကိုတည်ထောင်သူ အန်ကယ်မောင်မောင် မှာ ဘလော့လောကမှ ရုတ်တရုက်ပျောက်ဆုံးသွားခြင်း ၊ အစိမ်း ရောင်လွင်ပြင်တည်ထောင်သူ မမချော ခရီးထွက်သွားခြင်း ၊ ကောင်းမွန်ဝင်းဘလော့နှင့် နတ်ဆိုးဘလော် ကာတို့ မကြာမကြာ လာလည်ကြခြင်း……………….။

သတင်းအပြည့်အစုံမှာ ယမနေ့ညပိုင်းတွင် ဘလော်ကာမနှင်းနှင်းသည် ဗိုက်ဆာသဖြင့်အပြင်သို့မုန့် ထွက်ဝယ်စားရာတွင် အမည်မသိစက်ဘီးတစီးကို ၀င်တိုက်မှိသဖြင့် တံတောင်ဆစ်နှင့် ဒူးများပွန်းပဲ့ပြီး ၄င်း အနာရှိန်ဖြင့် ဖျားခါ နောက်နေ့တွင်ပြန်ကောင်းလာပြီး ၊ ယနေ့တွင် မိခင်နှင့်အတူ ဆေးခန်းတွင်ဆေးထိုး နေရကြောင်း ဂျီတော့သတင်းများအရသိရပါသည် ၊ နောက်ဆက်တွဲသတင်းများအရ အတိုက်ခံရသောလူ ထက် လူကိုတိုက်သွားသောစက်ဘီးကို ပိုမိုဆိုးရိမ်နေကြပါကြောင်း ကြားသိရပါသည်..။

မဗေဒါ၈၈တည်ထောင်သူ မမဗေသည် သူ၏ဘလော့တွင် ရက်စက်အားကြီးသူတို့သိစေချင်ပါသည်ဟူ သောပိုစ့်တင်ပြီး နောက်ပိုင်း စာမရေးဘဲ လူလည်သလိုလို သိုင်းတတ်သလိုလိုလုပ်နေကြောင်း သူတပါးတို့ ကစာရေးပါရန်သူ၏ စီဘောက်တွင် အော်ဟစ်ပါသော်လဲ တလုံးတပါဒမျှ ရေးသားခြင်းမရှိဘဲ ပုံမလာဇာတ် ကားရိုက်ကူးနေသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ဘလော့သတင်းများအရသိရပါသည်..။

၊ http://maungmaungmfs.blogspot.com/ ဘလော့ကိုတည်သူ အန်ကယ်မောင်တဖြစ်လဲ ဘဘမောင် သည် သူ့၏ဘလော့တွင်နောက်ဆုံးပိုစ့်ဖြစ်သော ရန်ကုန်သာမည ရန်ကုန် ဟူသောပိုစ့်ကိုတင်ပြီးသည့် နောက်ပိုင်းတွင် လူပါအကောင်လိုက်လုံးလုံးလျားလျား ပျောက်ဆုံးသွားပါသဖြင့်သတင်းပေးသူအား ထိုက် တန်စွာကျေးဇူးပြုမည်ဖြစ်ကြောင်း သူ၏ဘလော့ညီကိုယ်မောင်နှမနှင့်ဘလော့မြေးမြစ်တို့တို့က ဆုငွေ ထုတ်ထားကြောင်း ခိုင်မာသောသတင်းရပ်ကွတ်မှသတင်းများကို ကိုးကားပြီး နှင်းမိုးမိုးဘလော့တွင်ကြော် ငြာထာကြောင်း သတင်းရရှိပါသည်.။

ချောအစိမ်းရောင်လွင်ပြင်တည်ထောင်သူမမချောသည် ယမန်နေ့ညပိုင်းတွင်ခရီးထွက်မှာဖြစ်သည့်အတွက် တပတ်လောက်ပျောက်နေဦးမည်ဖြစ်ကြောင်းနှင့် ၄င်း၏ အစိမ်းရောင်လွင်ပြင်ဘလော့ကိုလဲ အောက်ပါလိပ် စာအတိုင်း လာရောက်ဖက်ရှုနိုင်ပါကြောင်းနှင့် .com အဖြစ်သို့ ကူးပြောင်းသွားပါကြောင်း မမချော၏ ပြောပြချက်အရသိရှိရပါသည် ၊ ၄င်း၏ဘလော့အသစ်မှာ http://www.missgreenlady.com/ ဖြစ်ပါသည်။


ဂျပန်နိုင်ငံအခြေစိုက် ကောင်းမွန်ဝင်းဘလော့တည်ထောင်သူ ကောင်းမွန်ဝင်း(မလားဦးလားမသိ) ပါ ဤကားစကားညှပ် နှင့် နတ်ဆိုးလေးဘလော့တည်ထောင်သူများမှာ မကြာမကြာ လာရောက် လည်ပတ်ကြခြင်း ဘလော့ကာအချင်းချင်း ကွန်မန့်ပေးခြင်း ကျော်စရာခွစရာပရော်ဆီများမျှဝေ ခြင်း ပိုစ့်အသစ်များတင်ခြင်းစသော ဘလော့ကာတို့၏ ကျင့်ဝတ် ၀တ္တရား စည်းကမ်းများနှင့်အညီ ပျော်ပျော်ပါးပါး စာပေများဆက်လက်ရေးသားနေပါကြောင်း ဘလော်ကာ သတင်းရပ်ကွတ်မှလာ သောသတင်းများကိုကိုးကားပြီး နှင်းမိုးမိုး ဘလော့မှတင်ပြသွားပါသည် ..။ ဤတွင်သီတင်းများကို ကြော်ငြာလို့ပြီးပါပြီ ။ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ…။

5 comments:

Myanmar Good Knowledg Co., Ltd said...

ထမင်းစားချိန်စာဝင်ဖတ်ပါတယ်။
မြိုမကျဘူးဖြစ်သွားတယ်။
ကျွန်မရဲ့ unisex နာမည်ကြောင့်
“မ လား ဦးလား ”မသိလို့ အရေးခံလိုက်ရတာလားရှင်။
ဟို အရင်က ချစ်ကောင်းရဲ့ သီချင်း “သတ်ပုံမှားတဲ့ ည ” ကို ဆီဆီဆိုင်ဆိုင် သတိရမိလိုက်တယ်။
ခင်မင်လျှက်

သဒ္ဓါလှိုင်း said...

တပတ်အတွင်းသတင်းပဒေသာကို လာရောက်
နားထောင်သွားပါတယ်...ရှင်..။

ခင်တဲ့
သဒ္ဓါ

နတ်ဆိုးလေး said...

နောက်ဆက်တွဲ သတင်း..။
တေလေမှတ်တမ်း ဘလော့ တည်ထောင်သူ နတ်ဆိုးလေးမှာ..
မြန်မာ နိုင်ငံ၏ ကော်နက်ရှင်ကို သည်းခံနိုင်စွမ်း မရှိတော့ပါသောကြောင့် .. HTTP Proxy နဲ့ ကျော်လို့ မရမချင်း (နောက်ဆက်တွဲ လေ့လာတွေ့ရှိသမျှ Proxy တွေကို စိတ်တိုင်းမကျမချင်း) ပို့စ်အသစ်တင်မည် မဟုတ်တော့ကြောင်း ဘလော့ဂါ ရပ်ဝန်းမှ ပါးစပ်သတင်းများအရ သိရတာကို တင်ပြလိုက်ရပါတယ်ခင်ဗျာ

မဗေဒါ ( ၂၀၁၀ အမတ်လောင်း ) said...

အယ်မလေးမောင်ဇေ..

မောမောနဲ့ ဖတ်သွားပါတယ်..။ လူလည်တခါမှ မလုပ်ဖူးဘူး..။ သူများလုပ်တာပဲ အမြဲခံနေရလို့.. တခါတလေလည်း လုပ်တယ်လို့ ထင်ရင်လည်း ရင်စည်းခံပါ့မယ်တော်..။

မောတဲ့ကြားက ဖတ်သွားပါတယ်..။ ရေးပါ မောင်ဇေက နဲနဲ အချိန်ပိုရမယ်ထင်တယ်.. ထင်တယ်ပြောတာပါ မအားလည်း နာမည်ကြီး စာအုပ်တွေ.. ဘီးလော့တွေကို လိုက်ဖတ်ပေါ့.. ဗိုလ်လိုပဲဖြစ်ဖြစ် ဗမာလိုပဲဖြစ်ဖြစ် ကုလားလိုပဲဖြစ်ဖြစ်ပေါ့..။ ဒါမှမဟုတ်လည်း ညီမကောင်းမွန်ဝင်းဆီမှာ ယိပွန်လိုမှာ ဖတ်ပေါ့..ဟဲ..။

အမ တကယ် မအားဖြစ်နေလို့.. တင်ပါ့မယ်..။ စာတွေလည်း ပြန်စစ်ရမှာမို့..။ ဒီနေ့လည်း သားသား ပျောက်သွားလို့ အမနဲ့ချစ်ချစ် စိတ်အနှောင့်အယှက် တော်တော်ဖြစ်သွားတယ်..။ ကျေနပ်ပါမောင်ဇေရေ.. ။

ဗေဗေ (၈၈)

မြစ်ကျိုးအင်း said...

သတင်းများ ဒီ့ထက်စုံလင်အောင် ကြေငြာပေးပါဗျို့

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...