နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 8 June 2010

မိသားစုထမင်းဝိုင်း

မိသားစုရှိရင်ထမင်းဝိုင်းရှိတယ် ။ စုံတာမစုံတာတော့ အိမ်ကလူတွေရဲ့ စိတ်ထားပေါ်မှာ မူတည်ပါတယ် ။ တော်တော်များများ မိသားစုတွေကတော့ မိသားစုတွေစုံမှစားတတ်ကြပါတယ် ။ ဇေတွေ့ဘူးတဲ့ သူငယ်ချင်ွးအိမ်တွေမှာလဲ မိသားစုထမင်းဝိုင်းရှိတယ် ။ အလုံသစ်တောလမ်းက ဇေယျာမင်းခန့်တို့ဆို ထမင်းမစားခင် ဒေရှင်နယ်ရီအရင်ကြည့်ရတာ ၊ သူဖေဖေက အထူးကုဆရာဝန်ကြီး ၊ ထမင်းစားတိုင်း ဒီနေ့စကားလုံး အသစ်လေးလုံးလောက် ပြောစမ်းပါ ။ အဲလိုကြီး စားတိုင်းမေးတာ ။ အဲ မောင်ရင်လဲအကျင့်ပါသွားလိုက်တာ ၊ အိမ်မှာတခါတုန်းက ကြုံလို့ ကြုံတယ်ဆိုတာဒီလို ကျောက်တော်ကြီးဘုရားကို လာဖူးတာ လိုင်းကားနဲ့ ၊ မှတ်တိုင်မသိလို့ ခရေပင်လမ်းခွဲထိပါသွားတာ ။ အဲဒါနဲ့ အိမ်ကသွားခေါ်ပေးတော့ လိုက်လာရင်း ၊ ထမင်းမစားရသေးလို့ ထမင်းတူတူစားကြတာ အဲဒီမှာအဲ မောင်ကစဖောက်တာဘဲ ၊ မေမေက သူ့ကို စားလေ ကိုခန့် စားပါအားနာလို့လား စားပါ ။ ဟုတ် ဟုတ် နဲ့သာပြောနေတာ အဲကောင်ထမင်းသိပ်မ၀င်ဘူး ။ ထမင်းတလုပ်တလုပ်က ၂မိနစ်မတ်တင်း တနည်း ၂မိနစ်နဲ့၄၅စက္ကန့်လောက် ကြာတယ် ။ ဇေက မေမေသွားနားလေ သားတို့ဘာသာ စားမယ်ဆိုလို့ ပထုတ်လိုက်တော့မှ ၊
ဟေ့ကောင် ဇေမင်းမှာ အီးတူအီး တအုပ်လောက်မရှိဘူးလား ။
 အေးရှိတာပေါ့ ဘာလုပ်မလို့လဲ ထမင်းစားရင်းမတ်တပ်က
မဟုတ်ဘူး ငါလေးလုံးလောက် ကြည့်ချင်လို့ ။
အမ်ဘာလို့တုန်း …. ။
ငါထမင်းကိုမျိုလို့မရဘူးဖြစ်နေတယ်….။
အယ် ၊ ဖြစ်မှဖြစ်ရလေကွာ….။
ဟုတ်တယ် ငါအိမ်မှာနေ့တိုင်း လေးလုံးလေးလုံးစားခါနီးတိုင်းရွတ်နေကျဟ ၊ အော အဲဒါနဲ့စာအုပ်ယူပေး လိုက်တော့ ဒီမောင်လက်ဆေးပြီး စာအုပ်ကြည့်ပြီး စာကျက်တယ် ။ ပြီးတော့မှ ဇေ့ ကိုရွတ်ဖက်သရဇ္ဈာယ်ပြတာ  ပြီးလဲပြီးရော စားလိုက်တဲ့ဖြစ်ချင်း စကားပြန်ကို မရတော့ဘူး ။ ကောင်းလားလဲ မေးလို့မရ ။ အိုကေလားဆိုလဲ တခွန်းမှမပြော စားသောက်ပြီး အိမ်လိုက်ပို့ပေးလိုက်တယ် ။ ဒါက သူတို့အိမ်က ထမင်းဝိုင်းကလုပ်ပေးလိုက်တဲ့အကျင့် ။
နောက်တယောက်က မိန်းခလေး ခင်ဇာထက်တဲ့ ။ ခပေါင်းအိမ်ယာမှာ နေတယ် ။ သူတို့ ထမင်းဝိုင်းကျတော့ တမျိုး ၊သားမိသားဖ သုံးယောက်ဘဲရှိတယ် ။ ဟင်းက ၅ခွက်လောက် ချက်တယ် ။ သူတို့အဒေါ် မှတ်တယ် အဲ့ ဘွားတော်ကချက်တာ ။ တခါတရံ အန်တီနွယ် ချက်တယ် ။ အန်တီနွယ်က ထက်ရဲ့မေမေလေ ။ သူ့ဖေဖေက စီးပွားရေးဘဏ် ၂ ကအရာရှိ ။ ဒီလိုပါဘဲ လူစုံမှစားကြတာ ။ စားရင်လေးယောက်ပေါ့ သူတို့က ၊
ဖအေက စပြောတယ်း ငန်တယ်ဟေ့ ဒီဟင်း ၊
သမီးး ဟုတ်ပ ၊
အမေး ဟိုဟင်းကလဲစပ်တာ ဟာ ၊
ချက်တဲ့ဘွားတော်း ကဲကြိုက်မှသုံးဆောင်ကြဟေ့ မကြိုက်ရင်သွန်ပလိုက် ၊ ဒီလောက် အကောင်းကြိုက်ရင်လဲ ကိုယ့်ဘာသာကိုယ်ချက်ကြ ၊
အန်တီနွယ်း အောင်မလေးအေ ဟင်းလေးချက်ရတာများ စကားကြီးစကားကျယ် ပြောနေလိုက်တာ ၊
ထက်ကး ဟုတ်ပ အန်တီလေးကလဲ ၊
ဖခင်ကြီးး အော် ခတ် လိုက်တာ ငါနှယ် ငံတာတောင်မပြောရပါလား ၊ ဒီမိန်းမကိုရကတည်းက ဟင်းလဲတခါမှအစပ် တဲ့တဲ့မစားရပါဘူး ၊
  ထက်တို့အမေး ဒါကဘာစကားလဲ စကားပြောတာကြည့်ပြော ရှင့်ကိုယူတုန်းက ဟင်းအစပ်တည့်တည့် ချက်ကြွေးပါမယ်လို့ ကျမ်းကြိမ်ထားလို့လား ဘာလားညာလား ၊
ထက်ကး သူဖေဖေဘက်ကနေ ၀င်ပြောတယ် ၊မေမေစားပါ စကားပြောမနဲ့တော်ကြာရန်ဖြစ်နေအုံးမယ်  ။
ထက်မေမေး ဟကောင်မနင် စကားမများနဲ့ ညီးကညီးအဖေဘက်က ကာစီးကာစီး နဲ့ ညီးရော ဘာအားကိုးရလို့တုန်း ။ ဟင်းချက်တာ ကြတ်သွန်တဥလှီးပေးဘူးလား ၊ ဒီလောက်ချက်ရတာငံတဲ့အခါငံမပေါ့ ။ ဆိုငြင်းခုန်ပြီး ရန်ပွဲလဲပြီးရော ထမင်းပွဲသိမ်း ခါတိုင်းလိုဘဲ ပြန်ဖြစ်သွားပြန်ရော ။ ဆယ်တန်း တုန်းက ကမာရွတ်မှာ ကျောင်းတက်တာဆိုတော့ ထက်ကအိမ်မှာ မကြာခဏဆိုသလို အ၀င်အ  ထွက်လေးရှိတယ် ။ ရံဖန်ရန်ခါ ထမင်းစားတယ် ။ စားတဲ့အခါတိုင်း သူပြဿနာရှာတယ် ။ သူနဲ့ထမင်းစားရမှာ လန့်လန့်လာတယ် ၊ သူ့ကိုအရင်ကြွေးရင်လဲ မစားဘူး ။ တူတူစားတော့လဲ ကွိုင်သိပ်ရှာတယ် ။ (အော်ကွိုင်ဆိုတာပြဿနာကိုပြောတာနော် ။ တော်ကြာ ထမင်းစားရင်းနဲ့ ဘယ်ရောက်သွား ပါလိမ့်နဲ့ တွေးနေမှာဆိုလို့) ။
ဟဲဇေ့ ဆားဗူးလေးပေးစမ်းပါဟာ ရော့ နဲနဲပေါ့တယ်နော် ၊ ဆော့ လေးမရနိုင်ဘူးလား ၊ ငါ့ပုဂံထဲကဟင်းကို နင်စားလိုက်ဟာ နဲနဲနယ်ပေးအုံး ။
ဟာရှုတ်ပွနေတာဘဲ မပြီးတော့ဘူး ။ ကိုယ့်အိမ်မှာ စားနေတာဆိုတော့လဲ ပြောရတာ ဂွတော့ကျတယ် ။ တော်ကြာပြော လိုက်လို့ စိတ်မကောင်းဖြစ်သွားမှာဆိုးလို့ သည်းခံရတယ် ၊ ကိုကိုတွေကိုလဲ သူမကြောက်တတ်ဘူး ။ ဟိုကလဲ လူကြီးတွေဆိုတော့ သူ့ကိုချစ်တယ် ။ သူကလဲ အိမ်ကို သူ့အိမ်လိုဘဲ မှတ်ထားတယ်ထင်တယ် ။ နောက်ဆုံး ပြဿနာရှာစရာမရှိရင် ၊ ထမင်းစားခါနီးရင် ဖြူကွတ်နဲ့ ငမဲက ခုံအောက်ကိုလာနေတတ်တယ် ။ အဲဒီခွေးနှစ်ကောင်ကို ပြဿနာရှာတယ် ။
ဟဲ့ဇေနင်မရွံ့ဘူးလား ဟင် ၊ ဒီခွေးနှစ်ကောင်အနံ့ ကငါစားလို့မရဘူး ၊ ရွေ့ပေး
 ဟာ ဘာဆိုင်လဲ နင့်လိုမှတ်လို့လား ဖြူကွတ်က နင့်ထက်မွှေးတယ် ၊ ငမဲက နင့်ထက်သန့်တယ် ။ စားချင်စားမစားချင်နေ ငါမရွေ့ပေးနိုင်ဘူး ၊ ရွေ့လဲသူတို့က သွားမှာမဟုတ်ဘူး ၊
ဒါဆိုငါမစားတော့ဘူး ရွေ့ပေးရမယ်
မရွေ့ပေးနိုင်ဘူး သူတို့ကနေနေကျ ။
အဲဒါဆို ငါ မစားတော့ဘူး ။
နေပေါ့ အကုန်ကျတောင်သက်သာသေးတယ် ။ အဲဒါနဲ့စောင့်ကြီးအောင့်ကြီးနဲ့စား သောက်ပြီး ပြန်ပို့တော့လဲ အရင်လိုဘဲ ၊ ထမင်းစားခါနီးမှ သူက ပြဿနာရှာတတ်တာ ။
ဇေတို့ကျတော့ တမျိုး ထမင်းစားခါနီးအရင်ဆုံး စကားပြောတယ် ။ ရီတယ် ။ ထမင်းခူးကတည်းက ရီတာ ရီပြီးတာနဲ့ ပြဿနာစတယ် ။ ဟင်းခတ် ပါးကိုထည့်ပေး ၊ ဟိုအကြီးကောင်က မေမေထဲထည့်ပေး ၊ အလတ်ကောင်က ငါးကြော်ရင် ခေါင်းပိုင်းကို အကိုကြီးကို ထည့်ပေး ၊ ဂါရဝေါစ နိဝါတောစကြောင့် ဦးချတာမဟုတ်ဘူး ။ ခေါင်းဆိုတော့ အရိုးများလို့ အကြီးကောင်ထဲ အရင်ထည့်ပေးတာ ဒါမှသူကနောက်ပိုင်းတို့ ခါးပိုင်းတို့ရမှာ ။ အကြီးကောင်ကလဲ လူလည်ဘဲ ၊ အလကားကောင်မှမဟုတ်တာ သူ့ပန်ကန်ထဲပြန်ထည့်ပေး ၊ အဲဒါကနေ ဇေ့ပုဂံထဲရောက်လာ ၊ ဇေ့ပုဂံကနေ…..အလတ်ကောင် ၊ အလတ်ကောင် ကောင်ကနေ အကြီး ၊ အကြီးအလတ်အငယ် အဲလို ဟင်းတုန်းက ဒေသစာရီ ၃ ပတ်လောက် ကြွချီပြီး မှနဂိုမူရင်း ဟင်းပုဂံထဲပြန်ရောက် ၊ အဲကျမှ ဟင်းပုဂံထဲကကြက်ဆိုလဲ ပေါင်သား ၊ ငါးကြော်ရင်လဲ ခါးပိုင်း အလုအယက်စားသောက်ပြီး ခုနက လယ်တယ်ပူတယ် ဖြစ်နေတဲ့ အတုံးကိုအရိုးမပါအောင် ပုဂံထဲမှာဘဲ ဇွန်းနဲ့လှည့်ပတ်ခတ် ၊ အကြီးကောင်ကဟောက်၊ အလတ်ကောင်က မျက်စောင်းထိုးနဲ့ မသထာရေစာလား ၊ ဘာလားတော့ မသိဘူး ၊ တော်တော်စားကောင်းတယ် ။ ဒါမို့လို့ အရိုးမပါတဲ့ ဟင်းချက်တဲ့နေ့ဆို စားလို့ သိပ်မကောင်းဘူး ။ ဒါက ဇေတို့ညီကိုယ်သုံးယောက်ရဲ့ ပြဿနာ ။
အိမ်ဦးနတ်ကြီးနဲ့ အိမ်ဦးနတ်ကြီးရဲ့ကတော်တို့ရဲ့ ပြဿနာကိုလေ့လာကြည့်လိုက်တော့ ဒီလို ၊
မေမေး  ဖေကြီးတော်မနေက ဇာတ်လမ်းတွဲစီဒီ ဘယ်သိမ်းခဲ့တုန်း ။ နေ့လည်က ရှာလိုက်ရတာ မူးနေ တာဘဲ ။
ဖေဖေး  မသိဘူးလေကွာ ။
မေမေး  မသိလို့ရမလား ။ ဒီမှာပြီးသေးတာမဟုတ်ဘူး တိုးလို့တန်းလန်းကြီးနဲ့ဟာ ။
ဖေဖေး မသိပါဘူးဆို ခလေးတွေမေးကြည့်လေ ။
မေမေး ဘာလို့မေးကြည့်ရမှာလဲ ရှင်မသိဘူးလား ။ ရှင်ဘဲမနေ့က နောက်ဆုံးမလား ။
ဖေဖေး  အေးကွာ ဟုတ်ပီစဉ်းစားပေးမယ် ။
မေမေး  မရဘူးရှာပေးရမှာ ဒီက ထမင်းစားပြီးတာနဲ့  ဆက်ကြည့်ရမှာတော့ ။
ဖေဖေး  ဟေ့ခလေးတွေ မင်းမေမေစီဒီခွေ ယူသိမ်းထားသေးလား ။
ဟင့်အင်း မကိုင်ပါဘူး သားတို့မှမကြည့်တာ ၊
ဖေဖေး  မေးလိုက်ရင်ဘယ်သူမှသိတယ် မရှိဘူး ။ ဒါဆိုစီဒီခွေက ခြေထောက်ပေါက်ပြီး ဘယ်ကို သွားတာလဲ ။
ဇေး  ဟာဗျာမသိဘူး ။ သိပ်ရစ်တာဘဲ ထမင်းကိုကောင်း ကောင်းမစားရဘူး ။
ဟုတ်ပသားရာ မင်းမေမေက ဘာမှန်းမသိဘူး ။
 အကြီးကောင်ကး တစ်စခမ်းထပြီး ဖေဖေကလဲ ဟုတ်တာဘဲ မေမေကြည့်တဲ့အခွေကို သေချာချာသိမ်းမှပေါ့ ။
ဇေကလဲး ဘာဟုတ်တာလဲ မင်းမေမေက ကိုယ့်စီဒီကိုယ်သိမ်းပေါ့ ဘာလို့ ဖေဖေ့ကို သိမ်းခိုင်းတာလဲ ၊
အလတ်ကောင်း ဟိုကောင်မင်းက လူကြီးတွေစကားထဲ ၀င်ဝင်ပါတယ် ။ မင်းဟာ ဘယ်လောက်ပြောပြော အမှတ်သဲခြေမရှိဘူး ။ သောက်သုံးကျမဲ့ ကောင်မဟုတ်ဘူး ၊
 ဖေဖေး အလတ်ကောင် ကိုယ့်ညီလေးကိုအဲလို မပြောရဘူးဟ ၊
အကြီးကောင်း ဖေဖေကလဲ ဖေဖေဘဲ ဒီကောင်ဆို သိပ်ပစားပေးတယ် ။ ဒီကောင်က အရောင့်သိပ်တပ်တာ ။ မေမေ့ကိုတောင် အော်လား ငေါက်လားနဲ့ ။
ဖေဖေး ကဲတော်ကြတော့ ဟိုအရိုးတွေ ဖြူကွတ် ကိုကျွေးလိုက် ၊ ဒီအရိုးက ငမဲကိုကျွေး ရော့ ဇေပုဂံဆေး ၊ မေကြီးလာဟေ့ ၊ ပုဂံတွေကိုခလေးတွေနဲ့ ထားခဲ့ ။ 
အဲဒါ နေ့တိုင်း ထမင်းစားရင်းနဲ့ ကြုံတွေ့ရတဲ့ပြဿနာပါ ။ နေ့တိုင်းဘဲ တခုမဟုတ်တခုနဲ့ ပြဿနာတတ်ပါတယ် ။ စကားများတယ်ဆိုပေမဲ့လဲ အနိစ္စလက္ခဏာထင်ရှားတော့ ထမင်းစား ချိန်တတ်တဲ့ပြဿနာက ထမင်းစားပွဲသိမ်းတဲ့အထိမခံပါဘူး ။ ထမင်းပွဲပြီးတာနဲ့ ရန်ပွဲလဲ အလိုလို ငြိမ်းပါတယ် ။ အဲဒီအသံ အဲဒီဂီတတွေ နားယဉ်လာလို့ ပြည်ပရောက်တဲ့အခါမှာ ပြဿနာတတ်ပါ တယ် ။ ထမင်းစားရတာ ခြောက်တောက်တောက်ကြီးမို့ စားလို့လဲမကောင်းပါဘူး ။ အိမ်ကထမင်းဝိုင်းကို တွေးပြီးလွမ်းမှိပါတယ် ။ ဒါကြောင့် ထမင်းစားခါနီး ပြဿနာတခုကို အမြဲရှာပါတယ် ။ အနည်းဆုံး သူငယ်ချင်းတွေရဲ့ ဟိုလွန်ခဲ့တဲ့ရက်က အပြစ်တွေ အသုံးမကျတာတွေကို ထမင်းစုစားတဲ့အခါ ပြောဖြစ်ပါတယ် ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာလဲ တနေ့စာ အစားအသောက်ကို ချက်ပြုတ်ကျွေးမွေးပါတယ် ။ သူငယ်ချင်းပေါင်း ၆ ယောက်တို့ဟာလဲ အဆူခံ အဆဲခံချင်လွန်းလို့လားမသိပါ ။ ကျွန်တော်မပါရင် ထမင်းကို မစားတော့ပါဘူး ။ ဗုဒ္ဓဟူးနေ့ဆိုရင် လူမရှိရင်တောင် ထမင်းပြန်လာမှ စားဘို့ စာရွတ်ခ လေးနဲ့ အခန်းဝမှာချိတ်ဆွဲ သတိပေးထားခဲ့ပါတယ် ။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုပါတယ် ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့စာထဲမှာ ထမင်းမြိန်အောင် စားသောက်တဲ့နည်းကို ထည့်သွင်းသင်ကြားပေးတာမရှိပါဘူး ။ ဒါကြောင့် အမျိုးသားများ တတ်အပ်တဲ့ အဌာရဿ တဆယ့်ရှစ်ပါးမှာ တဆယ့်ကိုပါးမြောက် အတတ်ပညာတခုအနေနဲ့ ထမင်းမြိန်အောင် စားသောက်တတ်ဘို့ကို ထည့်သွင်းသင်ကြားပေးရင် ကောင်းလိမ့်မယ်လို့လဲတွေးမှိပါတယ် ။ ဘယ်လိုဘဲဖြစ်ဖြစ် မိသားစုထမင်းဝိုင်းဆိုတာ အတတ်ပညာ တခုခုကိုသော်လည်းကောင်း ၊ အသိပညာ တခုခုကိုသော်လည်းကောင်း ဖြန့်ဖြူးလို့ရကောင်းတဲ့ နေရာတခုဖြစ်တယ်ဆိုတာ အားလုံးသတိထားမှိကြမှာပါ ။
ဒါကြောင့် မိခင်ဖြစ်တဲ့အခါ အန်တီနှင်းအနေနဲ့ ခလေးတွေကို ဒေရှင်နယ်ရီကြည့်ခိုင်းမှာလား ၊ ထက်တို့ မိသားစုလို တရားခံရှာမှာလား ။ ဇေတို့မိသားစုလို လုပ်မှာလားလို့ တွေးကြည့်စေလိုပါတယ်……………..။ ပရိတ်သတ်များ ခင်မျာ ။ ကျွန်တော် မရွှေနှင်းကိုသာ ပြောပြနေခြင်း ဖြစ်ပါတယ် ……..။
ကျွန်တော်ဇေတာရာပါခင်မျာ……..။

6 comments:

မဗေဒါ (၈၈) said...

ဟလို မောင်ဇေ..

ရေးထားတာတော့ အပျံစားပဲ.. စာလုံးပေါင်းတွေကလည်း မှားနေသေးတယ်.. (အဟမ်း လေသံပြော့နဲ့ စေတနာနဲ့ ပြောခြင်း.. မဗေဒါ မှားသလို လိုက်မမှားစေနဲ့.. သတိထားရေး.. ) ။

မောင်ဇေရေ..ရေးထားတာလေးက မိုက်တယ်.. ဟုတ်တယ် မိသားစု ထမင်းဝိုင်းဆိုတာ ကောင်းတာတွေ ပြောမယ်.. လေ့လာမယ်.. မျှဝေပေးမယ်ဆိုရင် အကောင်းဆုံး..။ ဒါမှ မိသားစုလည်း ပျော်.. ဗဟုသုတတွေလည်း ရ.. နေဦး မောင်ဇေ.. အမတ်လောင်း အဖြစ် မဲဆွယ်ပွဲ ကြရင် မိသားစု ထမင်းဝိုင်း ဘယ်လောက်အရေးကြီးကြောင်း ဘာညာဆိုပြီး စည်းရုံးရေးဆင်းရင် ထည့်ပြော .. အမ ထောက်ခံမယ် ကြားလား.. မမေ့နဲ့နော်..။

စိန်ဗေဒါ (ရဲရဲတောက်)

နတ်ဆိုးလေး said...

လွမ်းတယ်ဗျို့ အိမ်ကို

Myanmar Good Knowledg Co., Ltd said...

မင်္ဂလာပါ။
တော်တော်မိုက်တယ်။
ထမင်းဝိုင်းမှာ စာကျက်၊ ရန်ဖြစ်၊ အလုပ်ရှုတ်ကြတဲ့ မိသားစုတွေကိုပြောတာ မဟုတ်ပါဘူး။
ပို့စ်ကို ကြိုက်လို့ပြောတာပါ။

ကျွန်မရဲ့ အိမ်ကထမင်းဝိုင်းမှာ အမြဲတမ်း ဖြစ်လေ့ရှိတာကတော့။ သား(၂နှစ်)က ထမင်းဟင်းပွဲတွေ(အကြော်၊ အရည်သောက်၊ ဟင်းအလည်တည် ဆိုပြီး သုံးမျိုးပဲချက်တာပါ ) ကိုကြည့်ပြီး “အိုး ...”မျက်လုံးပြူး မျက်နှာကိုပြုံးပြီး သိပ်သဘောကျအံ့သြတဲ့ပုံစံနဲ့ပေါ့။ အဲဒီအချိန်မှာ ကျွန်မကလည်း အမြဲတမ်း “မေမေချက်တဲ့ ဟင်းက.....” လို့စပေးလိုက်တယ်ဆို သူက ညာဘက်လက်ကို လက်သီးဆုပ်၊ မြှောက်ပြီး “... အကောင်းဆုံး” လို့ဆက်ပြောပါတယ်။ အဲဒါကို မိသားစု၃ယောက်ဝိုင်းရယ်ပြီး ထမင်းစစားကြပါတယ်။
ခင်မင်လျှက်

မောင်သီဟ said...

သရုပ်ပေါ်လွင်တယ်ဗျာ
မိသားစုထမင်းစုစားဖြစ်တဲ့ အရသာက မပြောတတ်အောင် ကြည်နှုးစရာပါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်က ထမင်းဝိုင်းကို လွမ်းလိုက်တာ
အိမ်မှာဆို လူများရင်ဟင်းကောင်းကောင်း မကောင်းကောင်း စားလို့ ၀င်နေတာပါဘဲ..
လူများများ နဲ့ ထမင်းမစားရတာတောင် ကြာပါပေါ့
သတိရသွားပြီဇေရေ...

TT said...

ဒီလိုထမင်းဝိုင်းမျိုး မစားရတာကြာပြီ
သတိရလိုက်တာ..........

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...