နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 5 June 2010

ငို ခဲ့ဘူးတဲ့မေမေ

ဇေတို့မေမေက ခပ်အေးအေးမိန်းမကြီးပါ ။ သူ့ဘာသာနေတာပါ ။ စကားတွေလဲ အများကြီး မပြောတတ်ပါဘူး ။ ကိုးရီးယားနဲ့ တရုပ်ကားရှိ ရင်မေမေဟာ နားအေးပါးအေးနေတတ်သူကြီးပေါ့ ။ အကြီးနှစ်ကောင်ကတော့ သူ့အသဲစွဲဆိုတော့ ပွတ်သပ်ကပ်ဖဲ့နေရင် အလိုလို ကျေနပ်နေတတ်ပါတယ် ။ မိသားစုနဲ့ ပတ်သက်လာရင် သူကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်။ အိမ်ဖော်ဘာညာဆိုတာ သူအမုန်းဆုံးစကားလုံးတွေ ၊ သူ့ချစ်သူကြီးနဲ့ သူ့သားတွေအတွက် ဘ၀ကိုပေးထားတာ ၊ သူ့ချစ်သူကြီးကလဲ အဲဒါကိုတအားသဘောကျတယ် ။ နေ့တိုင်း လူရှေ့မရှောင် သူရှေ့မရှောင်တောသုံးထောင် ချီးမွှမ်းခန်းဖွင့်နေတာ ၊ ကြာတော့သူတို့ချစ်သူနှစ်ဦးကို မျက်မုန်းကျိုးလာတော့တယ် ။ ဟုတ်ပ အကြီးကောင်တောင် အသက် ၃၂ ရှိနေပြီ မရိုးနိုင်ဘူး ။ နေ့တိုင်းကြတော့လဲ အမြင်ကပ်တယ် ။

မိုးလင်းရင် အရင်ဆုံးဦးအောင်ထပြီး သူများလုချက်မှာကျနေတာဘဲ ရေခဲသေတ္တာထဲက အသီးအရွက်တွေကို ၊ ခုတ်ထစ်ကျော်လှော် ဇေတို့တွေထရင် စားဘို့အဆင်သင့်ဖြစ်နေပြီ ။ လူငါးယောက် အစားငါးမျိုး နံပြား ၊ ထမင်းကျော် ၊ နို့ ၊ ဆမူဆာ ၊ တခါတရံ မုန့်ဟင်းခါး ဒါတွေကို နိစ္စဓူဝ သူကလုပ်ပေးနေတာလေ ။ ဆမူဆာနဲ့ ပဲပြုတ်နံပြားတို့ ကတော့ဝယ်တာပါ ။ နေ့တိုင်းလာလာ ရောင်းတဲ့အသယ်ရှိတယ် ။ သုံးရက်တခါဈေးသွားတယ် ။ ဈေးသွားတဲ့နေ့ဆို မုန့်ဟင်းခါးပါလာ တယ် ။ မုန့်ဖက်ကတော့ အိမ်မှာကိုယ့်ဘာသာပြုတ်တာပါ ။ ချက်တယ်နေ့လည်စာ တကယ် တန်းစားတာက နေ့လည် ၂ချက်တီးလောက်မှစားတာ ။ ဒါပေမဲ့သူက၁၂နာရီဆိုရင် ကျက်အောင် အကုန်ချက်ထားတယ် ။ အဲလောက်ထိ တာဝန်ကျေတဲ့မိခင်ကြီးပါ ။

နေ့လည်ပိုင်းရောက်တော့ သူကအ၀တ်လျှော်တယ် ။ အခန်းအားလုံးထဲမှာရှိတဲ့ အ၀တ်တွေကို သားတော်နှစ်ပါးခြံရံပြီး လျှော်ဖွတ်ပါတယ် ။ သားတော်နှစ်ပါးက ရေစက်မောင်းတယ် တစ်ယောက်က အ၀က်လျှော်စက်နဲ့ ညစ်လို့မရတာကို ကူညစ်ပေးတာတို့ လှန်းပေးတာတို့လုပ်ပါတယ် ။ မေမေက သူထမိန်တို့ ဘာတို့ဆို သားတွေ ကိုပေးမလျှော်ဘူး ။ သူ့ဘာသာ ရေချိုးခန်းမှာလျှော်တယ် ။ အကြီးကောင်ကြီးက လုပ်ပေးတာကိုး မလုပ်နဲ့တဲ့ ဘုန်းနိမ့်လိမ့်မယ်လို့ပြောတော့ ဟိုအကြီးကောင်က စိတ်တအားဆိုးတယ် ။ ဒါနဲ့ထမိန်တွေ ကွင်းလုံးချွတ်ပေးတာ တပြိုင်တည်းနဲ့သုံးထည် ၊ ဟိုဟာကြီးကဒေါတွေကန်ပြီး မေမေထမိန် တွေကို အထုတ်ထုတ်လွင့်ပြစ်တယ် ။ အဲဒီနေ့ကစပြီး ခွဲရေးတွဲရေးပြဿနာတွေ တတ်တယ် ဖေဖေ့ပုဆိုးကို ဇေလျှော် မေမေ့လုံချည်ကို မေမေနဲ့ ဟိုနှစ်ကောင်ထည်းက တယောက်ယောက် ပူးတွဲလျှော်ဆိုပြီး ဥပဒေတရပ်ထုတ်ပြန်တယ် ။ နောက်နေ့လည်ဘက် အ၀တ်လျှော်တဲ့ နေ့တွေမှာ အိမ်တော်စောင့် ကိုဖြူကွတ်နဲ့ ကိုငမဲကို ဇေကရေချိုးပေး ဇေမရှိတဲ့အခါ ဟိုနှစ်ကောင်ထဲက အားတဲ့ကောင်ချိုးပေး ဆိုပြီးတော့လဲ နောက်တိုးဥပဒေတရပ်ကို ညီညီညွတ်ညွတ်အတည်ပြုကြတယ် ။ ညနေပိုင်း ဖေ့ဖေ့ကိုဖုန်းဆက်လို့ ဖေဖေက ၀ယ်လာမယ်လို့ ကတိပြုတဲ့အခါ အိမ်ကထမင်းချက်ရမယ် ။ အဲဒါကို မေမေတယောက်ထဲလုပ်ရမယ် ။ နောက်တခုက ရေနွေးအိုးကြိုတဲ့ပြဿနာ အိမ်ကတအိမ်လုံး ရေကျက်အေးသောက်ပါတယ် ။ အိုးတလုံးနဲ့ ရေနွေးကျို အေးအောင်ထား အေးရင် ပုလင်းတွေထဲ ထည့်ပြီးရင်ရေခဲသေတ္တာထဲထည့် ၊ နောက်ဓာတ်ဗူးအကြီးကြီးတလုံးရှိတယ် ။ အဲထဲမှာအပူထည့် ကော်ဖီလေး ဘာလေးသောက်ချင်တဲ့အခါနဲ့ လိုတဲ့အခါသုံးဘို့ ။ အဲဒီတာဝန်ကို အလတ်ကောင် တာဝန်ယူ ပေါ့ ။

ညနေပိုင်းဖေဖေပြန်လာရင် ဖေဖေ့ကို ဇေက ရေဗူးတဗူးယူပေး သတင်းစာကို အသံနေ အသံထားနဲ့ ဖတ်ပြ အရေးမကြီးတဲ့ သတင်းဆိုရင် ခေါင်းစဉ်လောက်ဘဲ ဖက်ပြ (ဥပမာ)နိုင်ငံတော် အကြီးကဲ ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရဲရွာရေလှောင်တမံသို့ သွားရောက် ကြည့်ရှုစစ်ဆေး အောက်က ဟာတွေဖက်စရာမလိုပါ ။ ပြီးတာနဲ့ ဖေဖေနဲ့ဆော့ ဟိုနှစ်ကောင်လဲဆော့ချင်ဆော့ မဆော့ချင် နေ ။ ပြီးရင် ဖေဖေ့ကို ပုဆိုးဟောင်းတထည် သွားပို့ပေး ၊ ပါးရေချိုး ဇေအပြင်ကထိုင်စောင့် ၊ ပြီးရင်ပါးစီက တဘက်ကိုယူ ဇေရေချိုး ၊ အားလုံးပြီးပြီ ထမင်းစား စကားပြော ထမင်းဝိုင်းတွင် ကိုယ်ထင်တာကို ပြော ဆရာဘယ်သူ့ကိုမှ တင်စရာမလို ၊ ငြင်းခုန် လေရိုက် တနာရီလောက်ကြာ ထမင်းစားပြီးစီး ၊ မေမေ တခါမှ တခွန်းမှ ၀င်မပြော ပုဂံဆေးဘို့စောင့် ။

ဇေ ဖေဖေ့ပုဂံယူဆေး အကုန်ပြီးတော့ ထမင်းစားတဲ့ဘက်ကနေပြီးတော့ မေမေ တီဗွီရှေ့ထိုင် မနေ့ညကမပြီးသေးတဲ့ ချစ်စံအိမ်တို့ ၊ ရွေးနီမလေးရဲ့ချစ်ပုံပြင် ၊ ပဲပေါင်မုန့် ၊ အဲလိုဇာတ်လမ်းတွဲတွေကို တယောက်ထဲ ဘယ်သူကြိုက်ကြိုက် မကြိုက် တဟားဟားတ၀ါးဝါးနဲ့ ဖေဖေကို အသေရှင်းပြ ၊ ဖေဖေအင်းဟုတ်လား အော် သိဘူး အဲလိုနောက် ကနေထောက်ခံ မေမေကရှေု့ကရှင်းပြ ၊ တခါတရံ ဖေဖေက တယောထိုး မေမေကနားထောင် မှတ်မှိသေးလား ဒီသီချင်းပေါ့ ဟိုတုန်းက ဘာညာ မေမေကမှတ်မှိပါ့ သိပ်တော်တာဘဲ ၊ ဘာညာနဲ့ ကိုးနာရီလဲထိုးရော ပါးရောမားပါ ကြက်ခလေး ပျောက်ပျောက်သွားလိုက်တာ သွားတိုက်ပြီးတူစုံ မောင်မယ် အိပ်ယာထဲဝင်ပါလေရော ။

အကြီးက တီဗွီရီမုဝင်လု ဇေက ဟိုကားမပြီးသေးလို့ ဇေကြည့်အုံးမယ်လေ မရဘူး ငါကဂျူတီရှိတယ်…၊ ဟိုချီးကားတိုက်မဲ့ ကောင်လေးပေးလိုက် ဟိုကအလုပ်နဲ့ စောက် လိုက်ကန်းဆိုးမသိဘူး ။ ကြီးပွားမဲ့ကောင်မဟုတ်ဘူး..၊ ဘာဖြစ်လဲကွာ မကြီးတော့မင်းအပူဘာပါလဲ မင်းကရော ဘယ်လောက်ကြီးပွားလို့လဲ အိမ်ကတောင် မုန့်ဘိုးပြန်တောင်းနေရတာမို့လား ။ ကဲဟိုခွေးမသားနှစ်ကောင် တိတ်တော့ ရော့ ငါမကြည့်ချင်ဘူး ။ နက်ဖြန်စောကြီးသွားရမှာ ရော့ဇေရီမု..၊ ဟုတ်ကိုကြီး ဇေရီမုရ အဲလိုနဲ့ နိစ္စဒူဝလည်ပတ်နေတဲ့ အိမ်ပါ ။ ဘယ်သူဘာလုပ်ရမယ်လို့ တာဝန်တွေချထားပေမဲ့ ဥပဒေဆိုတာလဲ သိတော်မူတဲ့အတိုင်းဘဲလေ ပြဌာန်းပြီး ပျက်ကွတ်တဲ့အခါရှိသလို ၊ မလုပ်ဖြစ်တဲ့အခါတွေလဲ ရှိတတ်သပေါ့ ။ အဲလိုလို အပ်ချက်တွေကို မေမေတယောက်တည်း ဖြည့်ဆည်းရပါတယ် ။ ရေနွေးအိုးကျိုတာ ၊ အ၀တ်လျှော်တာ ၊ခွေးနှစ်ကောင် ရေချိုးတာ ၊ အစားအသောက်တွေ ဒိုင်ခံချက်ပြုတ်တာတွေဟာ မေမေတစ်ယောက်ထဲ တာဝန်ယူ ဖြေရှင်းနေတာကြီးပါဘဲ ။ သားတွေအပေါ်ဘာမှ မတောင်းဆိုခဲ့သလို ဘာလုပ်ပေးပါလို့လဲ တခွန်းမှ မပြောခဲ့ဘူးတဲ့ မိခင် ပါ ။ သူမျက်ရေကျတယ်ဆိုတာ အင်မတန်ရှားပါတယ် ၊

တရုပ်ကိုးရီးယားဇာတ်လမ်းတွဲတွေထဲက မင်းသားနဲ့ မင်းသမီးမညားတဲ့ အခါမျိုး လမ်းခွဲတဲ့ အခါမျိုးတွေမှာတော့ ရွတ်ရွတ်…ရွပ်ရွပ်အသံလေး တွေထွက်လာတတ်သလို ၊ နှပ်ချေးလဲ မကြာမကြာညစ်ပါတယ် ။ နှာခေါင်းဟာလဲ နီလာတတ်တဲ့ သဘောလေးရှိပါတယ် ၊။ ဇေက မေမေငိုချလိုက်လေ ပေါ့သွားတာပေါ့လို့ နောက်တဲ့အခါများမှာတော့ ဟဲ့ကောင်လေး မင်းဟာမျက်နှာတော်တော်ပြောင်လာတယ် ဒီတလော မင်းပြောင်စပ်စပ်နဲ့ မိဘလဲ မိဘမှန်းမသိဘူး ။ နောက်လိုနောက်နဲ့ ၊ ဖေကြီးတော့ သားအငယ်ကောင်ကို ပြောထားအုံးနော် ။ သိလား သိပ်ပြောင်တာဘဲ ။ အဲဒီအချိန်မှာဖေဖေက ဇေမင်းကို ဘယ်သူက မွေးတာလဲ ပါးတစ်ယောက်ထဲလားလို့ အော်ပြီးမေးပါတယ် ၊ ဇေက မေမေနဲ့ ပူးတွဲမွေးပါတယ်လို့ ပြောတော့ဖေဖေကို့ တအားထုပါတယ် ။ တော်လဲမထူးဘူး ဘာညာနဲ့ပေါ့ ။ ဇေကပါးကို ဘာလို့ထုတာလဲ ကိုယ့်ဘာသာငိုချင်ငိုတယ်ပေါ့ ရှက်စရာမှတ်လို့ လို့ပြောတဲ့အခါမှာတော့ တအိမ်လုံး ၀ါးလုံးကွဲတမျှဝိုင်းရီကြပါတယ် ၊ မေမေဟာ အဲလိုရီပြီးသွားရင် ဆက်မငိုတော့ပါဘူး ။ ဇာက်ကားကိုဘဲ ဆက်ကြည့်ပါတယ် ။ မေမေငိုတယ်ဆိုတာ အဲလိုငိုတာပါ ။

တသက်လုံး မေ့လို့မရတဲ့ မေမေငိုတာတခုကတော့ အလတ်ကောင်ကြီးကို စစ်တပ်က ပြည်ပနိုင်ငံတခုမှာ ပညာတော်သင်လွတ်ပါတယ် ။ သူကလဲစစ်ဆေးက အရာရှိတစ်ယောက်ပါ ၊ သူခေတ္တမြန်မာပြည်ကိုပြန်လာတော့ သူ့သူငယ်ချင်းတစ်ယောက်က လည်ဘို့၊ ပတ်ဘို့ ကားတစီးပေးထားပါတယ် ။ အဲကားကိုအိမ်ကို ယူထားပါတယ် ။ သူကပြန်ရောက်ပြီး နောက် တနေ့မှာ သူငယ်ချင်းတွေနဲ့ စားသောက်ဘို့ချိန်းထားပါတယ် ။ နောက်ပြီး ဖေဖေနဲ့မေမေကို ရွှေတိဂုံဘုရားကိုပို့ဘို့ သူကတိပေးထားပါတယ် ။ အချိန်ကသုံးနာရီလောက် ထင်ပါတယ် ။ မေမေက ၀တ်ကောင်းစားလှတွေနဲ့ ဖေဖေက အားကျမခံ တအားခန့်ညားမဲ့ အ၀တ်အစားတွေဝတ်ပြီး ဇေကတအားပူဆာလို့သာ လိုက်ခွင့်ရတာပါ ။ ခါတိုင်း ဘယ်သွားသွား လိုက်အုံးမလားမေးနေကျ ပါးဆိုတဲ့လူကြီးက အခုသူ့ဆော်ကြီးနဲ့ သွားမှာဆိုတော့ ဇေ့ကို မသိချင်ယောင်ဆောင်ပြီး အတိတ်မေ့သလိုလို ရွှေပျောက်သလိုလို လုပ်ပါတယ် ။ ဇေကလဲ ဒါမျိုးဘယ်ရမလဲ ရအောင်လိုက်တာပေါ့ ၊ ကားပေါ်မ တက်ခင် ကိုကိုလေးဖုန်းမည်လာပါတယ် ။ သူ့သူငယ်ချင်းတွေ ညစာအတွက် လှမ်းခေါ်တာပါ ၊ နောက်ကားပေါ်ရောက်ပြီး အေတီမှတ်တိုင်လောက်မှာ တခါဖုန်းမြည်လာပါတယ် ။ သူ့သူငယ်ချင်း တွေပါဘဲ ၊ လှည်းတန်းနားရောက်တော့ ဖုန်းတခါမည်လာပါတယ် ။ ဖေဖေကတော့ မျက်နှာပျက်နေ ပါပြီ မေမေကတော့ သတိမထားမှိသေးပါဘူး ။ ဘယ်သွားမယ် ဘာညာနဲ့ တွေးနေဟန်ရှိပါတယ် ၊ ဖုန်း လဲပြောပြီးရော ဖေဖေက သားမင်းအဆင်မပြေရင် ပါးတို့ကိုထားခဲ့ပါ တော်ကြာပါးတို့ ဘုရား ရောက်မှာနဲ့ ၊ မင်းစောင့်ရမှာနဲ့ ပြန်ပို့ရမှာနဲ့ဆိုရင် မင်းသူတို့စီကမန်းကတန်းသွားရင်အန္တရာယ် ဖြစ်လိမ့်မယ် ဖေဖေတို့ကိုချထားခဲ့ပါ ၊ သားသွားရမဲ့ နေရာကိုသာသွားပါတဲ့ ၊ မေမေကတော့ နိုင်ငံခြားပြန် သားမောင်းတဲ့ကားကို စီးပြီး ဘုရားဖူးရမဲ့ အရေးကို တွေးနေဟန်ရှိပါတယ် ။ အလတ်ကောင် စကားတခွန်းမှ မပြောတော့ပါ ။ မြေနီကုန်း မရောက်ခင် မှတ်တိုင်တခုမှာ ဇေတို့မိသားစု သုံးယောက်ကို ချထားခဲ့ပါတယ် ။ အဲမှာဖေဖေက မေ့မေ့ကို ဆင်းဘို့ပြောတော့ မေမေဟာ ရှိုတ်ကြီးတငင်ငင်ကို ငိုကြွေးပါတယ် ။ ဇေသိလိုက်တာကတော့ ဖေဖေမေမေ့ကို နှစ်သိမ့်နေကိုပါ။ အလတ်ကောင် တော်တော်မိုက်ရိုင်းပါတယ် ။ ကျွန်တော်တို့ သားမိသားဖသုံးယောက် တက္ကစီ စီးပြီးပြန်လာခဲ့ရပါတယ် ။ မေမေဟာ တလမ်းလုံး ငိုလာပါတယ် ။ ကားသမားက နောက်ကိုလှည့်ကြည့်ကြည့် လုပ်နေလို့ ဇေလဲရှက်ပါတယ် ။ ၊မေမေ ဒီလိုဝမ်းပန်းတနဲနဲ့ ငိုနေတော့ မေမေရာ တော်ပါတော့လို့ပြောမှိပါတယ် ။ ပါးကလဲ တအားချော့ နေပါတယ် ။ မေကြီးရာ ကိုလိုက်ပို့ပါ့မယ်လို့ နှစ်သမ့််နေပါတယ် ။ ဒါပေမဲ့ မေမေဟာ ၀မ်းပန်းတနဲနဲ့ ငိုကြွေးနေတုန်းပါ ။ အိမ်ရောက်တော့ ကိုကိုကြီး ပြန်ရောက်နေပါပြီ ၊ မေမေဟာ အခန်းထဲတန်းဝင်ပြီး ဟီးဟီးနဲ့ အော်ငိုနေတဲ့အသံဟာ အိမ်ရှေ့ခန်းက တောင်ကြားရပါတယ်။ ကိုကိုကြီးဟာ ပြူးပြူးပြာပြာနဲ့ ပြေးပြီး မေမေဘာဖြစ်လဲ ဘာဖြစ်လဲ ပြောစမ်းပါ ဆိုပြီး အော်မေးနေပါတယ် ။ မေမေစကားပြန်မပြောတော့ အိမ်ရှေ့ထွက်လာပြီး ဖေဖေနဲ့ဇေ့ကိုမေး ပါတယ် ၊ ဖေဖေကတော့လူကြီးဆိုတော့ အလတ်ကောင်မှန်တယ်ကြီးဘဲ ပြောနေလို့ ၊ဇေကမခံ ချင်တာနဲ့ ၊ မှားတယ် ဒီကောင်မိုက်ရိုင်းတယ် ဘာညာနဲ့ ၀င်ပြောတုန်း မဟုတ်ဘူးဇေရဲ့ ၊ ဖေဖေတို့ကြောင့် အချိန်နောက်နှေးရင် သူသွားရမဲ့နေရာကို ကတိုက်ကရိုက် သွားရမယ်လေ အဲကျတော့ ယဉ်တိုက်မှုတွေ ဘာတွေဖြစ်မယ်လေ ။ မဟုတ်ဘူးလား ကဲပါ မင်းတို့ မေမေကို သွားချော့လိုက်ပါလို့ ပြောပြီး အပေါ်ကိုတက်သွားပါတယ် ။ ပါးစပ်ကနေလဲ မေကြီးတော်တော့ဟေ့ ခလေးတွေရှိတယ် လို့ပြောပြီးသွားပါသေးတယ် ။ မေမေ့ကို ကိုကြီးနဲ့ဇေသွားချော့ပါတယ် ။ ကိုကိုကြီးက မေမေ ဟုတ်ပါတယ် ၊ ဒီကောင်မိုက်ရိုင်းတယ် ဒီကောင့်ကိုသားပြောလိုက်မယ် သိလားတိက်တိက် ဟုတ်ပ ဇေလဲပြောမယ် မေမေ မေမေငိုနေရင် ဇေတို့ကစိတ်ညစ်တာပေါ့ ဟုတ်ဘူးလား ဟုတ်ပ နဲ့အတိုင်အဖောက်ညီညီ ချော့ကြတော့ ငိုသံနဲနဲ လျှော့သွားပါတယ်။ ဒါပေမဲ့ မေမေဟာစကားပြော လာတယ် နားထောင်ကြည့်ပါခင်မျာ ဟီဟီး….ဟီး ငါက မင်းအဖေနဲ့ ကွဲသွားလဲဘာမှမဖြစ်ဘူးဟဲ့၊ နင့်အဖေက ဒါမျိုးလုပ်တယ်ဆိုရင်လဲ ငါခွင့်လွှတ်နိုင်တယ် ။ နင့်အဖေက ငါ့ယောကျာင်္းဆိုပေမဲ့ သွေး ဘဲတော်တာ သားမစပ်ဘူးဟဲ့ ။ နင်တို့က ငါ့ဗိုတ်နဲ့လွယ်မွေးထားတဲ့ သားတွေဟဲ့ ငါရင်သိပ်နာ တယ် ငါ့ကိုဒီလိုလုပ်တာ ငါမခံနိုင်ဘူး ငါဗိုတ်နဲ့လွယ်မွေးထားတဲ့ သားတွေက ငါ့ကိုဒီလိုလုပ်တာ ငါ အရမ်းခံခတ်တယ် ။ ဟီးဟီးဟီး အဲလိုပြောပါတယ် စာနဲ့ရေးပြတော့ ရီစရာကြီးလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ဒီစကားကို ငိုပြီးပြောနေတာက ဇေ့တို့ကို ကိုးလလွယ်ဆယ်လဖွာြး့ပီး ခြေလက်နှစ်လုံး ပခုံးလက်နှစ်သစ်ကနေ ဒီအရွယ်ရောက်အောင် ကြွေးမွေးစောင့်လျှောက်တာတဲ့မေမေပါ ၊ နားထောင်နေတာကသူ့ကိုတော်တော်လေးချစ်တဲ့ သူ့ထမိန်ကိုတောင် သားကြီးတန်မဲ့ လျှော်ဖွပ်ပေး နေတဲ့လူပါ တယောက်ကတော့ ဖေဖေလောက် မချစ်ပေမဲ့ ဖေဖေပြီးရင် လောကမှာ အချစ်ရဆုံး မိန်းမသားတဦးလို့ လက်ခံထားတဲ့ သားငယ်လေးတယောက်ပါ ။ ဒီစကားကို သူဒီလိုပုံစံနဲ့ပြောလာတော့ ၊ မျက်ရည်ကျမှိပါသလို ၀မ်းလဲတော်တော်နဲမှိပါတယ် ၊ စိတ်လဲတိုပါတယ် ကိုကိုကြီးကတော့ သားအလတ်ကောင်ကို ဆုံးမပေးပါ့မယ် ။ သူ့ကိုယ်စား တောင်းပန်ပါတယ်လို့ တဖွဖွပြောနေပေမဲ့ သူ ဟာအငိုမတိတ်ပါဘူး ၊ ဇေကလဲသွားလေရာ ချီးကားတိုက်သေမဲ့ဟိုအကောင် ခွေးမသားကို စိတ်တိုလွန်းလို့ ဘာလုပ်ချင်နေမှန်းကို မသိပါဘူး ၊ မေမေဟာ အငိုဓာတ်ခံအရမ်းရှိတဲ့လူပါ ဘာမဟုတ်တဲ့ ဇာတ်ကားတွေကြည့်ပြီးတောင် ငိုတဲ့လူပါ ၊ သားတွေဆီက ဘာမှမမျှော်လင့်ခဲ့ဘူးလို့ ခဏခဏ ပြောခဲ့ဘူးပေမဲ့ ၊ နိုင်ငံခြားပြန်သားတယောက်က မောင်းတဲ့ကားကိုစီးပြီး ဘုရားဖူးထွက်တာကိုတော့ သူလိုချင်မှိခဲ့ပါလိမ့်မယ် ၊ ဇေသာ မေမေနေရာဆို ဇေလဲဒီလောက်တော့ လိုချင်မှိလိမ့်မယ် လို့ထင်ပါတယ် ၊ ဒီစာကိုဖတ်တဲ့ အထဲမှာ အလတ်ကောင်လို သူငယ်ချင်းနဲ့ မိဘယှဉ်လာရင် သူငယ်ချင်းကို ဦးစားပေးမှိတဲ့ လူများပါလာခဲ့ရင် ၊ မင်းတို့ကိုမွေးခဲ့တဲ့မိဘကို ငိုအောင်မလုပ်ကြ ပါနဲ့လို့ တိုက်တွန်းရင်း ဇေ့တို့ရဲ့ မိသားစုအကြောင်းကို သင်္ခန်းစာတရပ်အနေနဲ့ တင်ပြလိုက်ပါတယ် ခင်မျာ….။ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ……။

5 comments:

Myanmar Good Knowledg Co., Ltd said...

ကျွန်မသားလေးကြီးလာရင် ကျွန်မလည်း အဲဒီအတိုင်းပဲဖြစ်မယ်ထင်တယ်။

မောင်မောင် said...

အိမ်က သားသားကြီးလာယင်တော့ အဲလို ဖြစ်မယ်
မထင်ပေါင် သူက သိပ်လိမ္မာတာ ဇေ ရေ။
အန်ကယ့်လိုပဲ အမေ ပြောစကား ဆိုသိပ်နားထောင်တာ။
အန်ကယ်က တစ်ခုပဲ နားမထောင်ဖြစ်ခဲ့ ဘူး။
"သား မိန်းမ မယူနဲ့ ဦး" ဆိုတာလေး တစ်ခုပါပဲ။
:D

နတ်ဆိုးလေး said...

အော်... အမေဆိုတော့လဲ ဟုတ်မှာပေါ့...
ကျွန်တော်ဆိုရင်လဲ (ဘယ်လိုမှတော့ သဘောမထားပါနဲ့ဗျာ) အလတ်ကောင် မိုက်ရိုင်းတယ်လို့ပဲ မြင်မိမှာပါ...
ဒါလဲ ဖြစ်တတ် ပါတယ်
ကိုဇေ့ အမေက တော်တော် အသည်းငယ်တာပဲ နော...

ကိုဇေရေ ကိုဇေ ပြောလို့ လာမန့်တာ မဟုတ်ပါဘူး.. ကျွန်တော် မန့်တဲ့ ပို့စ် တွေကို စာရေးတာ ဘယ်သူရေးတာလဲ ဆိုတာ ကြည့်ပြီးမှ မန့်တာ မဟုတ်ပါဘူးဗျာ..
မနှင်းမိုးမိုး ပို့စ်မလို့ ဆိုပြီး ခွဲခြားခွဲခြား လုပ်တာလဲ မဟုတ်ပါဘူး တိုက်ဆိုင်သွားတာပါဗျာ
နားလည်မယ်ထင်ပါတယ်...

မဗေဒါ (၈၈) said...

Dear မောင်ဇေ.. ( ဗိုလ်လိုနုတ်ဆက်တာ စိတ်ဆိုးတာတွေ ပြေအောင် ငါတူလေး ဟဲ)

အဟမ်း အဟမ်း.. နံပါတ် (၁).. ဇေ့မေမေကို အမကတော့ အတော်လေးချစ်သွားမိတယ်.. လေးလည်းလေးစားသွားတယ်.. နောက် နုလုံးလေးက နုနုလေးရယ်နော်.. သေချာတယ်.. မိသားစုကို သိပ်ချစ်တက်သလို.. သစ္စာရှိမဲ့ မိခင်.. ဇနီးကောင်း..။ အမက အားတော့ကျတယ်.. ဒါပေမဲ့လည်း မိသားစု အလုပ်တွေ အားလုံးကို မောင်ဇေ့မေမေလောက် မလုပ်ပေးနိုင်သေးပါဘူး ..။

နံပါတ်(၂) မောင်ဇေရေ... အမနဲ့ ချစ်ချစ်က ကလေး ၂ ယောက်စလုံးစီကနေ ဘာမှ မမျှော်လင့်ဘူးလို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ တကယ် အချိန်တခု ရောက်လာရင် ဘယ်လိုနေမယ်မှန်းမသိပါဘူး..။

နံပါတ် (၃) ဟုတ်တယ်..ပြောမဲ့သာပြောတာ အမေတွေက ပိုပြီး သားတွေနဲ့ ပတ်သက်ရင် မျှော်လင့်သလို.. အချစ်တွေလည်း ပိုပြ.. တက်သလို.. ပိုခံစားတက်ကြပါတယ်..။ အိမ်ကသားလေးလည်း အခုတော့ ပြောနေတာ အမေဆိုတာ ချစ်နေလိုက်ရတာ.. အင်း.. သိနေတယ်.. အချိန်တန်ရင် ကိုယ်တွေလိုပဲ လာမယ်ဆိုတာ..။ မေ့သွားမှာကိုပြောတာ..။

နံပါတ် (၄) မောင်ဇေရေ.. အကိုတွေကို စိတ်မဆိုးပါနဲ့..ုဒါတွေဟာ အချိန်တခုရောက်မှ သိတက် ခံစားတက်လာမှာပါ.. အသက်.. အချိန်.. အတွေ့အကြုံက စကားပြောပါလိမ့်မယ်.. အထူးသဖြင့် အကိုတွေအပေါ် မရိုင်းမိစေနဲ့ပေါ့..( ဆုံးမနေတာ)..။

နံပါတ်(၅) မောင်ဇေတို့ မိသားစုလေးက သိပ်ချစ်.. သိပ်ပျော်ဖို့ ကောင်းတယ်.. အားကျမိပါရဲ့.. အထူးသဖြင့် အမေတော်လို့ဆိုတာ ၁၀၀ ပါစန့် သေချာပါ၏ပေါ့..။

လူကို လာပြီး ရန်မထောင်ပါနဲ့.. အသစ်တင်ထားတယ် အခုချက်ချင်းလာမန့်ပါ.. ဒါပဲ..။ (စိတ်တိုဟန်ဖြင့်)..။ ဗီမာလို့ နုတ်ဆက်သွားလေရဲ.. ပြန်တော့မယ်.. ကားလောနေပြီတော့်..

မဗေဒါ (၈၈)

မဗေဒါ (၈၈) said...

မေ့သွားလို့ မောင်ဇေရေ..

ဟို သတင်းစာ ဖတ်တဲ့ကိစ္စလေးလည်း သဘောကျလို့ တယောက်တည်း ရယ်နေသေးတယ်..။ သတင်းဖတ်မှတော့ သူတိုင်းခန်းလှည့်လည်တာလည်း ထည့်ဖတ်မှ တရားမှာပေါ့.. ဟင်း..။

မဗေဒါ (၈၈)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...