နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 22 June 2010

ဘယ်သူသာမယ်ထင်သလဲ

မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည်ဖြစ်ရာ၏ ။ ပညာသည်လည်း လေးဆလွန်၏ ။ လုံ့လကား ခြောက်ဆ လွန်သည်လည်းဖြစ်၏ ။ ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏ ။ လောကနီတိ (၁၂၉)

အဲဒီအထဲက ကျန်တဲ့ဟာတော့မပြောချင်ပါဘူး ။ ယောကျာင်္းတို့ထက် ပညာလေးဆလွန်တယ် ဆိုတာကို ပြောချင်တာ ။ ဟုတ်နိုင်လား မဟုတ်နိုင်လားပေါ့ ။ ကျန်တာ မပြောပါဘူး ။ ဇေ့မေမေကိုကြည့်လိုက်
မေမေ ဇေ့အခုအသက်ဘယ်လောက်လဲ ၂၀ ထဲမှာ ၊ ဒီဇင်ဘာ ၃၁ ဆိုပြည့်မယ် ။
ကိုလတ်ကရော
သူက ၂၇ မတ်လကပြည့်ခဲ့ပြီ ။
ကိုကိုကြီးရော
ပြည့်သေးဘူး ၃၂ အတိကျပြောနိုင်ပါတယ် ။ ဘယ်သားတွေ ဘယ်အချိန် မွေးတယ် ၊ သူအတိအကျ မေးချင်တဲ့အချိန်မေး လုံးဝမမှားဘူး ။
မား ပါးနဲ့အိမ်ထောင်ကျတာ ဘယ်လောက်လဲ
၃၃ နှစ်ပြည့်ခဲ့ပြီ ။ မင်္ဂလာကိုဝါဆိုလကြီးဆောင်ခဲ့တာ ဘာတွေကြွေးတယ် ၊ အစတုန်းကမင်းဖေဖေက ငွေနှစ်ရာ မေမေက ၄၀၀ ဘဲရှိတယ် အဲကနေစပြီး ကုန်ကူးလိုက်တာ ဘာညာနဲ့ ယခုလက်ရှိအချိန်ထိ တိတိကျကျပြောနိုင်တယ် ။
မေမေဇေ့ကိုငွေလေးချေးပါအုံး မုန့်ဘိုးမရှိတော့လို့
ဟဲ့ကောင်လေး မင်းဟာ ငွေအင်မတန်သုံးတယ် ။ ဘာလို့ပေးရမလဲ ဟိုလက ၂၀၀၀၀ ယူထားသေးတယ်လေ ။ ဟိုနေ့ကလဲ ဈေးသွားမယ်ဆိုပြီး အင်္ကျီဘိုးငွေ ထုတ်ပေးလိုက်သေးတယ် မို့လား ။ မေမေမှာ ငွေတွေ တအားဝေ့ ဖြစ်နေတာ ။ မင်းကိုကိုကြီးကလဲ ချေးတယ် ။ အလတ်ကောင်လဲ ချေးထားသေးတယ် ။ နဲနဲဘဲရမယ် ။ ရှေ့လ မုန့်ဘိုးထဲကနှိမ်မယ် ဟုတ်ပြီလား ။
မေကြီး ကိုခင်မောင်ဝင်းနဲ့ မသန်းငြိမ်းတို့ငွေယူထားတာ ဘယ်လောက်ကြာပြီလဲ ။
လေးလပြည့် တော့မယ် ။ ဒီလကုန်ရင် လေးလပြည့်ပြီ ။
ဖေကြီး ရှင့်မွေးနေ့ရောက်တော့မယ်နော် သိလား ။ ကုသိုလ်လေး ဘာလေး လုပ်ရအောင် ဟုတ်ပြီလား ။
ဟုတ်လား ။ ဘယ်တော့တုန်း ။
ဒီစနေနေ့ဆို ရှင်မွေးနေ့ရောက်ပြီ ။ အဲလောက်ကို မှတ်ညာဏ်ကောင်းပါတယ် ။ 

ဇေတို့ ပြည်ပရောက်တာ ဘယ်လောက်ကြာမှန်း မသိသလို ၊ ငွေတွေ ဘယ်လောက်တောင်း သုံးမှန်းလဲမသိတော့ပေမဲ့ မေမေကတော့ အကုန်လုံးနီးပါး သိပါတယ် ။ မှတ်မှိပါတယ် ။ ဒါကြောင့် လောကနီတီဆရာက မိန်းမတို့သည် ယောကျာင်္းတို့ထက် ပညာလေးဆသာရာ၏ လို့ဆိုတာဖြစ်နိုင်ပါတယ် ။ 


မိန်းမများဟာ ယ္ခုမှ ဥာဏ်ကောင်းတာမဟုတ်ဘဲ ဟိုးရှေးရှေးကတည်းကဥာဏ်ကောင်းခဲ့ကြ ဟန်ရှိပါတယ် ။ လောကနီတိ သင်တုန်းက သင်ပေးတဲ့ အဘိုးက ပုံပြင်ပြောပြပါတယ် ။ ဒီအပိုဒ်ကို ရောက်တော့ မိန်းမများဟာ ဥာဏ်လေးဆ သာတယ်ဆိုက သာဓကရှိတယ်တဲ့ ။ ဟိုးတုန်းက ယောကျာင်္းတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်ကြရပါသတဲ့ ။ ၃ နှစ်သင်ပြီးရင် ပြန်လာကြသတဲ့ မွေးရပ်ကို လူငယ်တယောက်ဟာ တက္ကသိုလ်ပြည်မှာ အတွေးအခေါ်ဆိုင်ရာဒ ဿနိကဗေဒကို သင်ပြီးပြန်လာတော့ ရွာတရွာအရောက်မှာ ရေငတ်လို့ရေတွင်းမှာ ရေခတ်နေ တဲ့ကောင်မလေးတယောက်စီမှာ ရေတောင်းသောက်ပါသတဲ့ ၊ အဲဒီမှာ အချင်းချင်း  ချက်တင်ဝင် ကြတော့ မောင်ကြီးဘယ်ကကြွလာတုန်း တက္ကသိုလ်ပြည်ကပါ ဘာသွားလုပ်တာတုန်း ပိုကာသွား ဒေါင်းတာလား မဟုတ်ပါဘူး နှမလေးရယ်မောင်ကြီးက ဖီလော်ဆိုဖီသွားသင်တာ အောဟုတ်သ လား ဒါဆို ပညာလေးဘာလေးပြိုင်ရအောင်လေ ကောင်းတာပေါ့နှမရယ် ဒါနဲ့ ကောင်မလေးက ရုတ်တရက် အောင်မလေးကယ်ကြပါအုံး ရှင် ကယ်ကြပါအုံးလို့ရုတ်တရုက်အော်လိုက်သတဲ့ အဲချိန်မှာ တက္ကသိုလ်ကမောင်က ပြူးပြာသွားတယ် ဟဲ့ဘာလို့အော်တာတုန်း လူတွေလာနေပြီ ဟာဒုက္ခဘဲ အော်မောင်ကြီးရယ် ဒါကလွယ်လွယ်လေးပါ မောင်ကြီးက  အတွေးအခေါ်ရှိတယ်မို့ လား အတွေးအခေါ်နဲ့ဖြေရှင်းပေါ့ လို့ပြောတော့ မလုပ်တတ်တော့ပါဘူးဗျာ ကယ်တော်မူပါလူ တွေဝိုင်းရိုက်လို့သေပါလိမ့်မယ်လို့ပြောတော့ ၊ အို ဒါလေးများလွယ်လိုက်တာဆိုပြီး သူငယ်မက တက္ကသိုလ်ကျောင်းသားကို ရေထဲတွန်းချလိုက်ပါတယ်တဲ့ လူတွေရောက်လာတော့ဘာဖြစ်တာ လဲကောင်မလေးလေး ဘာညာနဲ့မေးတော့ မဟုတ်ပါဘူးရှင် ဟိုမှာလူတယောက်ရေတွင်းထဲကျ သွားလို့တဲ့ ၊ ဒါကမိန်းခလေးတွေ ညာဏ်ကောင်းတဲ့သာဓကတရပ်ပါ…..။


ဧရာဝတီမြစ်ကမ်းနဘေး ကောင်းမှုတော်အနီးက ဗြဲထရော်ဆိုတဲ့ရွာကိုကြားဘူးကြလားမသိ ဘူးနော် အဲဒီရွာကမိန်းခလေးများဟာ ယနေ့တိုင် ကဗျာစီစာစပ်ညာဏ်ကောင်းကြသတဲ့ ၊ ဒါကို သိလို့ ဘုရင့်လေထိုးသားတယောက်ဟာ ပညာသွားစမ်းမယ်ဆိုပြီး ဗြဲထရော်ရွာကိုရောက်လာသ တဲ့ လူတွေကစတွေ့ရင်မေးလေ့မေးထရှိတာက ၊ ဘယ်မှာနေပါလဲ ဘာလုပ်သလဲ နာမည်က ဘယ်လိုခေါ်သလဲ ဆိုတာမျိုးတွေမေးတတ်ကြတယ်လေ ၊ ဒီလှေထိုးသားက သူတို့ကျန်တာတွေ သာကဗျာစပ်လို့ရစေရမယ် ငါ့နာမည်ကဗျာစပ်လို့မရစေရဘူးဆိုပြီး ၊ ကောင်မလေးတွေနဲ့တွေ့ တော့မောင်ကြီးကဘယ်ကလဲ မန္တလေးကပါ ဘာလုပ်ကိုင်ပါသလဲရှင် ဘုရင်လှေတော်ထိုးပါတယ် ညီမတို့ ၊ နာမည်ကရောရှင် မောင်ဂွတ်ဂွတ်ဂွမ်းပါညီမတို့ အဲလိုပြောပြီး မကြာခင်မှာဘဲ ခလေးမ တယောက်ဟာ ကဗျာချက်ချင်းစပ်လိုက်သတဲ့ နန်းရွှေမြို့ပေါ် ၊ လှေတော်ကွဲ့မှု့ထမ်း ၊ ဗြဲထရော် သူလာစမ်းတယ် ၊ မောင်ဂွတ်ဂွတ်ဂွမ်းတဲ့…။ 


နောက်တခုကလဲရှေးပုံပြင်လေးတခုပါဘဲ ကဗျာဆရာတဦးမှာ တပည့်နှစ်ယောက်ရှိသတဲ့အဲဒီထဲ မှာတယောက်ကမိန်းခလေးတဲ့ ၊ ညာဏ်ကောင်းလိုက်ပုံများ နှင်းနဲ့နင်လားငါလားဆိုသလို အခုက ဗျာရေးနည်း သင်ပေးလိုက် တော်ကြာကဗျာစပ်တတ်သွားတယ်တဲ့ ၊ နောက်တယောက်ကယော ကျာင်္းလေး အတယ်တဲ့ ကောင်မလေးနဲ့ကဗျာ ပြိုင်စပ်တိုင်းသူကြီးရှုံးသတဲ့ အဲဒါနဲ့ဒီမောင်ဟာကြံ တယ် ၊ ငါသူ့ကို ဒီလိုအေးဆေးပြိုင်ရင်တော့ရှုံးမယ် ၊ ဒီတော့ သူသတိမထားမှိတဲ့အချိန်မှာကဗျာ ချိုးပြီး မြင်းစီးပြေးလိုက်ရင်တော့ သူဟာ ငါ့ကိုပြန်ချိုးနိုင်မှာမဟုတ်ဘူးဆိုပြီး ၊ မြင်းပိန်တကောင်ကို စီးပြီး ကောင်မလေးအိမ်နားကိုသွားသတဲ့ ၊ အဲချိန်မှာကောင်မလေးက အ၀တ်ရှော်နေသတဲ့ ရှော် ပြီးသားစောင်တထည်ကိုလဲ အိမ်မှာကပ်ပြီးလှမ်းထားသတဲ့ အဲဒါကိုကြည့်ပြီး မြင်းပေါ်ကမောင်ရင် က ဒွေးချိုးအခံပိုဒ်တခုကို အခုလိုစပ်လိုက်တယ်  စောင်တင်းတိမ်နဲ့ ၊ ချင်းအိမ်ဟဲ့ တဲ့အဲဒါကို ကောင်မလေးလဲကြားရော အ၀တ်လျှော်တာချက်ချင်းရပ်ပြီး မြင်းနောက်ကိုပြေးလိုက်ပြီး ကြည့် လိုက်တော့မြင်းက မြင်းပိန် စီးတဲ့လူကဆံထုံးထုံးထားတာ ဆံပင်မသန်လို့သေးသေးလဲအဲဒါကို ကြည့်ပြီး ဟိုလူကိုလှန်းပြီး ကဗျာအအုပ်ပိုဒ် ချက်ချင်းဒီလိုစပ်လိုက်တယ် ယောင်ဖျင်းသိမ်နဲ့ ၊ မြင်း ပိန်ဟဲ့ ၊ တဲ့ ဒါဆိုရင်မိန်းခလေးတွေဟာ ယောကျာင်္းတွေထက် တင်္ခဏုပ္ပတ္တိညာဏ်ရင့်သန်တာကို သိကြလောက်ပြီလို့ထင်ပါတယ် …။


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထပ်ကနေ သမ္မတဂျော့ဘွစ် လက်ထက်ထိသ မ္မတွေရဲ့ အထူးအကြံပေးတွေထဲမှာ မစ္စက် ကွန်ဒိုလီဇာရိုက်ပါတယ်လေ ဘွတ်စ်လက်ထပ်ရောက် တော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သွားတယ် ၊ စူပါ ပါဝါနိုင်ငံကြီးများကို အကြံပေးတဲ့လူတွေထဲမှာ အဲ ကလိုမိန်းမသားတွေပါသလို ရွှေတို့နိုင်ငံကြီးမှာလဲ ဘဲ  မသိမသာရော သိသိသာသာရော အကြံပေးနေတာ မိန်းမတွေပေါ့ ဒါပေမဲ့ အောက်ဖိုစ့်တက္ကသိုလ်ရဲ့ သုတေသနစာတမ်းတခုမှာ တော့ မိန်းခလေးများဟာယောကျာင်္းလေးတွေထက်ညာဏ်ရည်သာတာမှန်ပါတယ်တဲ့ သို့သော် သေးငယ်တဲ့ကိစ္စလေးတွေကိုသာ ယောကျာင်္းတွေထက်ပိုမြင်အမြင်စူးရှ ကြတယ်လို့ဆိုပါတယ် ၊ ကြီင်္းမားတဲ့ ကိစ္စရပ်တွေမှာတော့ ယောကျာင်္းတွေကသာ ပိုမိုထက်မြတ်ကြပါတယ်လို့မှတ်သားဘူး ပါကြောင်း … စာဖက်ပရိတ်သက်များအနေနဲ့ ဘယ်သူကပိုညာဏ်ကောင်းတယ်ဆိုတာကို ဝေဘန် အကြံပြုကြပါအုံးလို့  ..။ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…..။

6 comments:

နတ်ဆိုးလေး said...

ဟုတ်လိုက်လေဗျာ မှန်လိုက်လေဗျာ..
ထောက်လဲ ထောက်ခံပါတယ်
မထောက်ပဲနဲ့လဲ ခံပါတယ်..
ကိုဇေ .. မှတ်သားသွားပါတယ်

Myanmar Good Knowledg Co., Ltd said...

ဒီပို့စ်ကဘာလို့ ဒီလောက်ကောင်းနေပါလိမ့် ဆိုတာ တခြားသူ(မိန်းမ)တွေကိုလည်း သိစေချင်လိုက်တာ။

:P said...

ပထမဆုံးပုံပြင်ရေးပုံ ကြိုက်လိုက်တာ

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲမိန်းမဆိုတော့
ခုလိုမိန်းမကိုချီးကျူးထားတာလေးတော့
ဟုတ်သည်ရှိမဟုတ်သည်ရှိ သဘောကျမိသား
တော်လိုက်တဲ့ ဇေ..း)
ကြီးပွားဦးမယ်...
စကားမစပ် ခရီးက ပြန်ရောက်ပြီကွယ်..
ခရီးသွားတယ်လို့ ကြေငြာထားပေးတာ ကျေးဇူးနော် .. ကြုံမှ မုန့်ကျွေးမယ်..း)

အားထိုက် said...

မှန်လိုက်သမှသောက်သောက်လဲကိုမှန်တာ...တစ်ကယ်
ဒါလည်းဘုရားပေးတယ့်လက်ဆောင်ပေါ့...
အဲ့လိုပညာသာယောကျာ်းတွေမှာရှိရင်...
ကမ္ဘာကြီးလည်းဇောက်ထီးပဲဆိုသလိုတွေဖြစ်ကုန်မှာပေါ့နော့်...မိန်းမတွေဆီမှာရှိတာပဲကောင်းပါတယ်....ဗျာ

မိုးခါး said...

မချောပြောသလိုပဲ .. :D
ဖတ်လို့ကောင်းးးးးး)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...