နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 2 June 2010

ဖေဖေ့ ဒိုင်ယာရီ



လူတော်တော်များများ ဒိုင်ယာရီရေးကြတယ်လေ ။ ဖေဖေလဲပါတယ် ရေးတဲ့အထဲမှာ ဒါပေမဲ့ဖေဖေဟာ နေ့တိုင်းရေးတာမဟုတ်ဘူး ။ ဘာလို့အဲလိုပြောနိုင်လဲဆိုရင် ဖေဖေ ဒိုင်ယာရီကိုခိုးဖက်ကြည့် ရင်အလွတ်စာရွတ်တွေများကြီးဘဲ ။ ဘယ်လိုအခါတွေ ရေးတတ်လဲဆိုရင် သူပျော်တဲ့အခါတွေ တရံတခါ မိသားစုအကြောင်း မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ပျော်ရွင်စရာနေ့လေးတွေတို့ ဇေတို့ ညီကိုယ်တွေ တညွတ်တညွတ်တည်း သူ့ကို ညာတဲ့အခါတို့မှာ ဖေဖေဟာ ထည့်ရေးတယ် ။ အောက်မှာလဲ မှတ်ချက်ပါထည့်ရေးသေးတယ် ။ ဒါနဲ့ဆိုဘယ်နှစ်ကြိမ်ရှိပြီ ပေါ့လေ ၊ အဲလိုလေးရေးတာ ငါဘာတွေပြု ပြင်ရအုံးမယ် ဒါတွေလဲရေးတတ်တယ် ။ တရံတခါမှာ ဖေဖေသူငယ်ချင်းတွေက ဖေဖေ့ကို ကွက်ကျော်ရိုက်သွားတာတွေ ၊ ငွေအလွဲသုံးစား လုပ်သွားတာတွေ ၊ ဒါတွေလဲ ထည့်ရေးတတ်ပါတယ် ။
မေမေအကြောင်းလဲ သူရေးတယ် မေမေ့ကို အပြင်မှာ မေကြီးလို့သာခေါ်ပေမဲ့ စာအုပ်ထဲမှာတော့ မေမေနာမည်က ချစ်ချစ် တဲ့ ။ ခိုးဖတ်စတုန်းကဆိုရင် ဖေဖေနောက်မိန်းမ ယူတော့မယ် မှတ်လို့ ။ ၀မ်းနည်းလိုက်တာ ဘယ်ဟုတ်မလဲ နောက်စာရွတ်တွေလိုက်ဖက်ကြည့်တော့မှာ ချစ်ချစ် ဆိုတာ မေမေရဲ့ ကလောင်ခွဲမှန်းသိတယ် ။ အဲကျမှ သက်ပြင်းချမိတယ် ။ အားလဲကျတယ် သူက အသက်ကသာကြီးတာ မေမေကိုချစ်တာကြတော့အမြဲနုပျိုနေတတ်တဲ့ လူကြီးပေါ့ ။ မေမေ့ကို ပြန်ပြောပြတော့ ပြုံးလို့ ဟုတ်ပ ဇေ့ဖေဖေက ကလေးကလားတဲ့ ဘာညာနဲ့ ရှက်ပြုံးလေးပြုံးနေ တယ် သိသားဘဲ သူလဲဖေဖေ့ကိုချစ်မှာပေါ့ ။
နောက်သားတွေရဲ့အပေါ်မှာတော့ သူကသူငယ်ချင်း လိုဘဲ အကြီးနှစ်ကောင်က မေမေကို ပိုချစ်တယ်ထင်တယ်။ ဒါကြောင့် ဖေ့ဖေ့ဒိုင်ယာရီမှာ အကြီးကောင်တွေအကြောင်း သိပ်မတွေ့ရဘူး ၊ ဇေ့အကြောင်းဘဲ ပါတာများတယ် ။ ဇေကဖေဖေ့ ကိုပိုချစ်တယ် ။ မေမေ့ကိုတော့ သဘောလောက်ဘဲချစ်တယ် ။ ဖေဖေဆီကိုရောက်ရင် ဇေဘယ်အရွယ် ရောက်နေတယ်မှန်း ကိုယ့်ကိုကိုယ်သတိမထားမှိပေမဲ့ ၊ ဇေလို့ ခေါ်တဲ့ဖေဖေအသံက ဇေ့ကို ခလေးလေးလိုဖြစ်စေတယ် ။ ဖေ့ဖေ့ကိုဖက်တတ်တယ် ၊ မုန့်သွားဝယ်စားတယ် ၊ စီဒီခွေသွားငှား တယ် ၊ လက်ကိုဆွဲပြီး ဒါမှမဟုတ် နောက်ကနေ ဖေဖေ့ကျောကိုတွန်းပြီး လမ်းထွက်လျှောက်တယ် ။ မသိရင်သမီးရီးစားစုံတွဲလိုဘဲ ၊ ရန်ဖြစ်တယ် စကားများတယ် ၊ဘောလုံးကန်တယ် စက်ဘီးထွက်စီးတယ် ၊ ဖေဖေပါမှ သွားတယ် သူမပါရင်မသွားဘူး ။
ညဘက်တွေဗိုက်ဆာရင် ဖေ့ဖေ့ကို သွားနိုးတယ် ၊ သမိုင်းက ဦးရေခဲလမ်းက မုန့်ဟင်းစားသွားဘို့လေ ညဘက်ဆိုစားလို့တအားကောင်းတယ် ။ ဖေဖေတခါမှ မငြင်းခဲ့ဘူး အေး... ဇေခဏစောင့်ဆိုတဲ့ အသံဘဲကြားရတယ် ။ ဟိုနှစ်ကောင်က မနာလိုတာပေါ့ ။ ပါးဒီကောင့်ကိုအလိုသိပ်မလိုက်နဲ့နော် မျက်စိနောက်တယ် ဘာညာ ၊ ၀ိုင်းထောင်ကြတာ ၊ ဒီနှစ်ကောင်ဟာ စိတ်ကောင်းတော်တော်နည်းတယ် ။ ဇေ့ကိုလဲမနာလိုတာတအားဘဲ ။ ပါးကအေးပါကွာ မင်းညီလေးဘဲဟာ ဘာညာနဲ့စကားဖြတ်ပြီး နှစ်ယောက်ထဲ သွား စားပြီး ပြန်ရင် သူတို့ဘို့လဲ ပါခဲ့တာဘဲကို ဘာတွေကိုမကျေနပ်နေကြတာ မှန်းမသိဘူး ။ နောက်ပြီး ဖေဖေ့ကို နုတ်ခမ်းမွေးနုတ်ပေးရတာကြတော့ ဇေကနုတ်ပေးရတာ ။ ဘယ်လောက်ခက်တယ် မှတ်နေလဲ မနာအောင်ဖြေးဖြေးလေးနုတ်ရတယ် ။ သိပ်ခက်တာဘဲ ဒီကမျက်စိ မှုန်တော့ ပိုခတ်ခဲတာပေါ့ ။ ဒါတွေကျတော့ သူတို့က လုပ်မပေးချင်ဘဲ အခွင့်ရေးကျတော့တန်းတူလိုချင်တယ် ။
ဒါကတော့ ဘယ်ဖြစ်မလဲဟုတ်တယ်မလား ။ ဒါကြောင့် ဖေဖေက သူတို့အကြောင်းတွေ ဒိုင်ယာရီထဲ မှာထည့်မရေးတာပေါ့ ၊ ဇေကမကြာမကြာပါတယ် ဇေကဖေဖေရဲ့ဒိုင်ယာရီမင်းသား ၊ ဖေဖေ့အကြောင်းကို ဟိုနှစ်ကောင်ထက် ပိုသိချင်တယ် ၊ ဒါမို့လို့ ဖေဖေ့စာအုပ်ကို သွားသွားခိုးဖတ်တာ အစတုန်းကတော့ ခိုးဖတ်တာပါ ။ ဖေဖေတို့ ကုတင်ဘေးမှာမှာ မီးအိမ်တင်တဲ့ ခုံပုလေးရှိတယ် ။ အံဆွဲပါ တယ် ၊ အဲထဲမှာ ထားတာစာအုပ်က သွားခိုးဖက်တုန်း ဖေဖေက ဖြုန်းကနဲ ရောက်လာတာ ပက်ပင်း မိတော့ ဖေဖေကအစပိုင်းမှာ ပိုက်ဆံခိုးတယ်မှတ်လို့ ၊ နောက်ကျမှ ဖေဖေ့ဒိုင်ယာရီကို ဖတ်ချင် လို့ပါ ကိုကိုတွေထက် ဖေဖေအကြောင်းပိုသိချင်လို့ လို့ပြောတော့ ဖေဖေကတအားသဘောကျ သွားတာ ၊ နောက် ခိုးဖတ်စရာမလိုဘူးတဲ့ တရားဝင်ဖက်တဲ့ ။ နှစ်ဟောင်းက စာအုပ်တွေက အောက်ဆုံးမှာ ထားတယ်တဲ့ ။ အဲကနေစပြီး တရားဝင်စာဖက်ခွင့်ရသွားတာ ။ နောက်နေ့ကျတော့ ဇေ့စာအုပ်ခိုးဖက်တာ ဒိုင်ယာရီထဲပါလာရော ရေးထားတာကတော့ မကောင်းတာရေးထားတာပါ ။ သူကိုမတိုင်ပင်ဘဲ စာခိုးဖတ်လို့ ဒါပေမဲ့ဇေကပျော်တယ် ။ ဘယ်လိုဘဲဖြစ်ဖြစ်ဇေက ဖေဖေ့ဒိုင်ယာရီထဲမှာ ပါသွားပြီလေ ။
ဇေမှတ်မှိတာက ၂၀၀၄မှာ စဖတ်တာပါ ၊ နောက်အဟောင်းတွေအားရင်သွား ဖတ်တယ် ၊။ ၂၀၀၀ခုနှစ်မှာ စာအုပ်ထဲမှာ ဖေဖေက ကိုကိုကြီးအကြောင်းရေးထားတယ် ။ ကိုကိုကြီး နိုင်ငံခြားမှာ ဆေးကျောင်းတစ်ခု တတ်နေတာပါ ။ အဲနှစ်မှာဘဲ မြန်မာပြည်ကိုပြန်လာရမှာ ပြန်လာခါ နီးကို ဖေဖေက သူ့နောက်ကိုလိုက်သွားပြီး လိုက်လည်ပြီးတာနဲ့ တူတူပြန်လာ အဲလိုစီစဉ်ပြီးလိုက် သွားတာပါ ။ ဟိုမှာ ကိုကိုတို့နေရတာက အဆောင်လိုဘဲ သူငယ်ချင်းတွေစုပြီး အိမ်ငှားထားတာ ပါ ။ ဖေဖေ ရောက်တော့ ဖေဖေ့အတွက် ကုတင်လေးတလုံးရတယ်လေ ။ အဲအတွက်လဲငွေပေးရ တယ်ထင်တယ် ။ နောက်၅ရက်လောက်ကြာတော့ ဖေဖေက မေမေဆီ ဖုန်းဆက်တယ်တဲ့ မင်း သားကိုမေးကြည့်ပါအုံး ငါလာတာ သူနေရထိုင်ရတာအဆင်မှ ပြေရဲ့လားမသိဘူး ။ ငါ့မေးရင်တော့ သူကအဆင်ပြေတယ် ပြောမှာဘဲတဲ့ မင်းသေချာမေးကြည့်လိုက်ပါ ငါရှိလို့ သူအဆင်မပြေရင် ငါမသိချင်ယောင်ဆောင်ပြီး ပြန်လာခဲ့မယ်တဲ့ မေမေဟာငိုပါတယ် ။ ဖေဖေကိုလဲ တော်တော်လေးဒေါသဖြစ်တယ် ။ ကိုယ်မွေးထားတဲ့သားတွေကို ဒီလောက်ညှာတာလို့ပါ ၊ အဲအကြောင်းတွေ တွေကို ရေးထားတာပါ ၊ အောက်ဆုံးကမှတ်ချက်မှာ ဖေဖေဟာ ဒီလိုလေးရေးထားပါတယ် ငါသားတွေဆို ပေမဲ့ ငါသိတတ်ပေးရမယ်တဲ့ အလိုက်မသိတဲ့ဖခင်တယောက်မဖြစ်လိုဘူးချစ်ချစ်ရေ တဲ့..ဇေလဲ တော်တော်စိတ်မကောင်းဘူး မေမေ့ကိုမေးကြည့်တော့ ခုနကအဖြစ်ပျက်ကိုပြောပြတယ် ။ အဲလို အဖေမျိုးဆီမှာ သားဖြစ်ရတာ သိပ်ကံကောင်းတာပေါ့ ဟိုနှစ်ကောင်ထက်ပိုကံကောင်းတာက သူတို့ထက် ဖေဖေက ဇေ့ကိုချစ်တာလေ ။ ဖေဖေပြန်လာတော့ ဖေဖေ့ကို တအားဖက်နမ်းပလိုက်တယ် ကျောကုန်းပေါ်လဲခွတတ်လိုက်တယ် ။
ဇေတို့ဖေဖေက သားတွေကိုသိပ်ချစ်တဲ့ဖေဖေလေ သိပ်တော်တဲ့ဖေဖေပေါ့ ၊ နောက်ဇေလဲဒီရောက်တော့ ဖေဖေ့ဒိုင်ယာရီတွေမဖက်ဖြစ်တော့ဘူး ဒါပေမဲ့ ၊ ပြန်ရောက်တာနဲ့ အခြားစာအုပ်တွေထက် ဖေဖေ့ဒိုင်ယာရီစာအုပ်ကို တအားဖက်ဖြစ်ခဲ့ပါတယ် ။ အခုဖေဖေ အသက်ကြီးလာပြီလေ ဖေဖေဒိုင်ယာရီတွေမှာ ဘာသာတရားတွေအကြောင်း တွေ့လာရတယ် ။ ဖေဖေဟာ ရိပ်သာဝင်တယ် သူ့စာအုပ်မှာ မူလ သစ္စာဒီပကဆရာကြီးဦးကြည်ရဲ့ တန်ဆောင်မုန်းလ (၇)ရက်တရားစခန်းတွေ မဟာသင်္ကြန် တရားစခန်းတွေ အကြောင်းတွေဘဲများ များစားစားတွေ့ရတယ် ။ ချစ်ချစ်အကြောင်းရော ကိုကိုတွေအကြောင်းရော ဇေ့အကြောင်းရော သိပ်မပါလာတော့ဘူး ။ ကွက်ကြားကွက်ကြားဘဲ ပါတော့တယ် ။ အဲဒီဦးကြည်ဆိုတဲ့ လူကြီးကို ကြည့်လို့ကိုမရဘူး ။ တရားဆရာလားဘာလားတော့မသိဘူး ၊ ဒိုင်ယာရီမှာ သူ့အကြောင်းတွေဘဲပါလို့ တအားစိတ်တိုတယ် ။ မိသားစုအကြောင်းရေးရမဲ့ဟာကို ဒီဦးကြည်ဆိုတဲ့လူကြီးက ၀င်ရှုတ်တယ် ။ ဒီတခေါက်ပြန်သွားတော့ ဖေဖေ့ဒိုင်ယာရီမှာ စာပိုဒ်လေးတွေနဲ့ ထူးထူးခြားခြား ရေးထားတာ တွေ့ခဲ့ရပါတယ် ။ ခေါင်းစဉ်လေးက ( ဒီအတိုင်း ကျင့်ကြံ နေထိုင်သွားနိုင်တဲ့သူဖြစ်ရပါလို၏ ) တဲ့
၁။ စကားများများ ပြောချင်းမှ ၊ရှောင်ရှားနိုင်ရပါလို၏ ။
၂။ငယ်ရွယ်သူများနှင့် ဆက်ဆံရာတွင် အသေးစိတ် အချက်လက်များကို အထပ်တလဲလဲ မပြောမှိစေရန် သတိထားနိုင်ရပါလို၏ ။
၃။ပတ်ဝန်းကျင်ရှိလူများက ယင်းတို့၏ ဒုက္ခဝေဒနာခံစားမှုကို မိမိထံလာရောက်ပြောပြသောအခါ စိတ်ကောင်းစေတနာကောင်းထားပြီး သီးခံနားထောင်နိုင်ရပါလို၏ ။
၎။မိမိ၏ ဝေဒနာခံစားချက်များကို သူတပါးအားပြောပြလိုစိတ် တဖွားဖွားဖြစ်ဖြစ်ပေါ်ခြင်းကို ချုပ်တီး နိုင်သူ ဖြစ်ရပါလို၏ ။
၅။ ငါအသက်ကြီးပြီ ၊အတွေ့အကြုံများပြီ မမှားနိုင်ဟူသောအယူအဆကို ဖယ်ထားပြီး ငါလဲမှားနိုင် တာဘဲဟူသော အယူအဆကို လက်ခံနိုင်သောသူဖြစ်ရပါလို၏ ။
၆။မိမိ၏အတွေ့အကြုံပညာမှ ရရှိသော ဘ၀သင်္ခန်းစာများကို အချည်းနှီးမဖြစ်အောင် ဆင်ခြင်သုံး သပ်နိုင်ရပါလို၏
၇။ မိမိ၏ နောက်ဆုံးအရွယ်ကို ကလျှာဏမိတ္တမိတ်ဆွေများကြားတွင် ခိုလှုံရပါလို၏ ။
အောက်က မှတ်ချက်ထဲမှာလဲ ဒီလိုလေးရေးထားပါတယ် ။ ဒီလိုအသိဥာဏ်တွေကို ဖြစ်အောင်အသိ ပေးခဲ့တဲ့ ကိုကြီး ဦးစန်းငွေ + မကြီးဒေါ်စန်းနွဲ့ မိသားစု ၊ အမှတ်(၅က) ၊ ကန်ရိပ်သာလမ်း ၊ ၁၀ ရပ်ကွတ် ၊ မရမ်းကုန်း ကိုလဲ အထူးပင် လေးစားအားကျ အတုယူမိပါတယ်လို့ ရေးထားပါတယ် ။ ဒီလူ တွေကိုမသိပေမဲ့ ဖေဖေလေးစားရတဲ့တွေမို့လို့ နဲနဲတော့ မနာလိုမိပါတယ် ။ ဖေ့ဖေ့ကိုလဲပိုပြီး လေးစားမိသလို ပိုလဲချစ်မိပါတယ် ၊ သူဟာ သားတွေအပေါ် တအားချစ်တဲ့လူဖြစ်သလို ၊ မေမေအပေါ်မှာလဲ အရမ်းခင်တွယ်တတ်တဲ့ ယောကျာင်္းကောင်းတဦင်္းပါ ။ လူကြီးလူကောင်းတဦင်္းဖြစ်ဘို့ အချိန်နဲ့အမျှ ကြိုးစားနေသလို အဖေဆိုတာ ဒါလို့ထင်သာမြင်သာအောင် သားတွေကိ၊ု အလုပ်အကျင့်စာရိတ္တ ၊ စိတ်ဓာတ် ၊ အနေအထိုင်တွေနဲ့ စံပြလုပ်ပြနေတဲ့လူပါ ။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဘူးခဲ့ပေမဲ့ ဖေဖေကို ဗိုလ်ချုပ် ထက်ပိုလေးစားခဲ့ပါတယ် ။ မောစီတုန်းရဲ့ ခေါင်းဆောင်မှုကို အားကျပေမဲ့ ဖေဖေ့ရဲ့ခေါင်းဆောင်မှု့ကို ပိုအားကျပါတယ် ။ ဖေဖေရဲ့ ဒိုင်ယာရီကို ဖတ်တိုင်း ကျွန်တော်တွေးမိတာ တခုကတော့ ကျွန်တော့ဖေဖေလို ဖေဖေတယောက်ဖြစ်ဘို့ တော်တော်လေး ကြိုးစားရအုံးမယ်ဆိုတာပါဘဲ…… ။
ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ..။


3 comments:

မောင်မောင် said...

ဇေတာရာ ရဲ့ ဖေဖေ့ ဒိုင်ယာရီ ကို ဖတ်လို့ ပြီးတော့
နောက်ဆုံးနားလေးမှာ ခြံအမှတ် ၅ (က) ကန်ရိပ်သာလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်း က လိပ်စာဖတ်မိတယ်။
အဲဒီလမ်းမှာ ငယ်စဉ်တောင်ကြေးကလေးဘ၀ တည်းက ကြီးပြင်းလာလို့  ခြံနံပါတ်အတော်များများ အလွတ်ရပါတယ်။
ခြံနံပါတ် ၅ ဟာ အယင်က နှင်းဆီခြံ လို့ ခေါ်တဲ့
ကျောင်းဆရာမကြီး မိသားစုနေသွားတာပါ။
သူ့ဘေး က ကပ်လျှက် က ခြံနံပတ် ၄ က ဘဘ ဦးဘအေး နဲ့ ရုပ်ရှင်စတို၊ ခြံနံပတ် ၃ က ဘဘဗိုလ်မှူးအောင်ညွှန့် ၊ ခြံနံပါတ် ၃၈ D လို့ ခေါ်တာ က မောင်မောင်ကျော်ခြံ ပေါ့။
ခြံနံပါတ် ၅ ဟာ ငယ်ငယ်တုန်း က နှင်းဆီပန်းတွေ စိုက်တာ မို့ လို့  နှင်းဆီခြံ လို့ လဲ ခေါ်တယ်ကွဲ့ ။အခုတော့ လူသစ်တွေပေါ့။ အဲဒီတုန်း က ဦးကျော်တင့် နဲံ ဆရာမကြီး ဒေါ်ခင်ဆွေမြင့် တို့ မိသားစုနေသွားတာပေါ့။ အခုတော့ အော်စီ မှာ အခြေ ချသွားကြပြီ။
သူတို့ ခြံရှေ့ က ကန်ရိပ်သာလမ်းမကြီး ပြီးတော့ ဘုရားလေးကန်လို့ ခေါ်တဲ့ ရေကန်ကြီး ရှိပါရဲ့ ။
ပြီးတော့ ၈၆ လောက်က ပြောင်းလာတဲ့ သမ္မတဟောင်း ဦးစိန်လွင် အိမ်နဲ့ ဆို မျက်စောင်းထိုးပေါ့လေ။
ကန်ရိပ်သာလမ်း နဲ့ ကမ္ဘာအေး ဘုရားလမ်းထောင့် မှာတော့ ယူနန် အသားကင်ဆိုင် ရှိပါလေရဲ့ ဗျာ။
အခု လူသစ်တွေ အားလုံး တစ်ယောက်မှ မသိတော့ပါခင်ဗျာ။
ငယ်ငယ်က နေခဲ့တဲ့နေရာလေး တွေ့ လို့ ဝင်လျှာရှည်လိုက်ရပါတယ်။
ခင်တဲ့
အန်ကယ်မောင်မောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇေ
ဇေ့ဖေဖေရဲ့ ဒိုင်ယာရီအကြောင်းသေသေချာချာ ဖတ်ဖြစ်တယ်...
သားသမီးတွေအပေါ် ဖခင်ဆိုတဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးမချဘဲ နားလည်မှု၊ စာနာမှုလေးတွေထားတတ်တဲ့ ဇေ့ဖေဖေကို လေးစားလိုက်တာ..
ဇေတို့လဲ ဒီလို ဖခင်တစ်ယောက်ရဲ့ သားဖြစ်ခွင့်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်ကွယ်.. ဇေ့ ဖေဖေရဲ့ အချစ်တွေကို ခံယူခွင့်ရတဲ့ ဇေ့မေမေလဲ သိပ်ကံကောင်းပါတယ်..
ကြုံရင်ပြောလိုက်ပါနော်.. ဇေ့ဖေဖေကို လေးစားမိပါတယ်လို့...
ပျော်ရွှင်ပါစေနော်..

Aye Myat Mon said...

After i am reading about Zay's father story,i wanna go back home very much & miss my dad and mom..:(

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...