နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 20 June 2010

တစ်ပတ်အတွင်း ဘလော့သတင်းပဒေသာ

မင်္ဂလာညချမ်းပါရှင်....မြန်မာသက္ကရာဇ် ၁၃၇၂ နယုန်လဆန်း (၉) ရက် ၊ ခရစ်နှစ် ၂၀၁၀ ၊ ဂျွန်လ (၂၀)ရက်နေ့ ခုချိန်မှစပြီး ဘလော့သတင်းများကိုကြေငြာပါတော့မယ်..။ တစ်ပတ်အတွင်း ဘလော့သတင်းကို အစီရင်ခံပါမယ်ရှင် ။

သတင်းခေါင်းစဉ်……

နှင်းမိုးမိုး ဘလော့၏ ပင်တိုင်ဘလော့ရေးသူ ကိုဇေတာရာ ဆိုသူ ကမ့်သွင်းခံရခြင်း ၊ တေလေမှတ်တမ်း လမ်းပေါ်မှကဗျာများ ၏ဘလော့ ပိုင်ရှင် နတ်ဆိုးလေး အိမ်ပြောင်းခြင်း ၊ ဘလော့ဂါ ဘွားအေကြီး အန်တီခင်ဦးမေ ဘလော့မရေးသည်မှာ ၃ ရက်ရှိခြင်း ၊ ဘလော့ဂါ ကိုမာန်နတ် ဖြေနေရသော စာမေးပွဲ အကြောင်း ၊ ဘလော့ကာ အန်ကယ် မောင်မောင် နှင့် မဗေဒါ (၈၈) တို့ ပိုစ့်အသစ်များဖြင့် ဘလော့လောက သို့ ပြန်လည် ၀င်ရောက် လာခြင်း ၊ ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း ပိုစ့် အသစ်မရေးခြင်း……..။

သတင်းအစုံအလင်ပါရှင်…..။

နှင်းမိုးမိုး ဘလော့၏ ပင်တိုင် ဘလော့ရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ကိုဇေတာရာ ခေါ် ကိုကိုဇေ သည် သောကြာနေည မှစတင်ပြီး ကမ့်သွင်းခံရ၍ ဘလော့လောက ၊ အွန်လိုင်းလောက နှင့် ခေတ္တအဆက်အသွယ်ဖြတ်ထား ပြီး တနင်္လာနေ့ညပိုင်းမှစတင်ပြီ အွန်လိုင်းပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဂျီတော့ သတင်းများမှ စုံစမ်းသိရှိရပါသည်….။

တေလေမှတ်တမ်းဟု အမည်တွင်သော ဘလော့ဖန်တီးရှင် ကိုနတ်ဆိုးလေးသည် ယခင် www.netsoelay1.blogspot.com အစားယခု www.netsoelay.tk ဟုပြောင်းလည်သွားပြီး ရွှေပြည်မှ စာဖတ်ပရိတ်သတ်များ ကျော်ခွစရာမလို ပဲစိတ်အေးချမ်းသာစွာ ဖတ်ရူနိုင်ပြီဖြစ်ကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည်…..။

ဘလော့ဂါကြီး အန်တီ ခင်ဦးမေ သည်လဲ ဘလော့မရေးသည်မှာ ၄ ရက်ရှိနေပြီဖြစ်သည့် အတွက် အန်တီခင်ဦးမေ နေများမကောင်း၍လား ၊ ခရီးများထွက်နေသလော စသဖြင့် ဘလော့ဂါများမှ စိတ်ပူနေကြောင်း ၊ သူမ နောက်ဆုံးတင်ထားသော ပိုစ့်မှာ အလကားနေ အလကား.....ငါ ဖြစ်ကြောင်း ဘလော့ဂါရပ်ကွက်မှ သတင်းရရှိပါသည် ။

စာမေးပွဲ ဖြေနေသည်ဟု ပြော၍ ပိုစ့် အသစ် မတင် သော ကိုမာန်နတ် သည်လဲ စာမေးပွဲ ဖြေနိုင်ကြောင်း ဂျီတော့ သတင်းဌာနမှ သိရှိရပါသည် ရှင်…..။

အန်ကယ်မောင်မောင် ၏ ဘလော့သည် ကတ်ပြားပျောက်မှုဖြင့်၎င်း ၊ မမဗေ (၈၈) သည်လဲ အမေစု အကြောင်း ဖြင့် ဘလော့လောကသို ပြန်လည် ၀င်ရောက် လာပါကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည် …..။

နောက်ဆုံးသတင်း အနေဖြင့် ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း သည်လဲ ပိုစ့်မရေးသည်မှာ ၅ ရက်ရှိပြီး သူမ၏ နောက်ဆုံးတင်ထားသော ပိုစ့်မှာ သွေးခွဲတဲ့ စကား ဖြစ်ကြောင်း ဘလော့ သတင်းဌာန မှ သိရှိရပါသည်ရှင်….။
ဤတွင်သတင်းများကိုကြေငြာလို့ပြီးပါပြီ ရှင်…။
ဟုတ်ကဲ့ ...ကျွန်မ နှင်းမိုးမိုး ပါရှင်...။

4 comments:

နတ်ဆိုးလေး said...

မနှင်းမိုးမိုးတို့ မောင်နှမ ကတော့ တစ်ယောက်တလှည့်စီ သတင်းကြေညာရင်း ဟုတ်နေတာပဲ..

နောက်ဆက်တွဲ သတင်း
ဘလော့ဂါ ကိုမာရ်နတ်မှာ စာမေးပွဲပြီးသော်လည်း
အိပ်ရေးပျက် ခေါင်းကိုက် အကြောင်းပြကာ အပျင်းထူနေသဖြင့် ပို့စ်မတင်နိုင်သေးကြောင်း

မာရ်နတ် said...

အယ်ဟဲ့
အကြောင်းတွေဖော်ပြီ မဖစ်ဘူး ပိုစ့်လေးတစ်ပုဒ်လောက်လှိမ့်တင်မှ

khin oo may said...

ကျေးဇူးတင်ရှိပါကြောင်း

Myanmar Good Knowledg Co., Ltd said...

နှင်းမိုးမိုးရေ
ကျွန်မအရမ်းကို မအားတဲ့ မားမားဖြစ်နေလို့ပါ။ သားလည်းနည်းနည်းချောင်းဆိုးနေတယ်လေ။ ရုံးကလည်း တက်ရသေးဆိုတော့ ဘလော့ဂ်ကို ခဏခွင့်ယူထားပါရစေ။ အားတဲ့အချိန်လေးမှာ သူများဘလော့ဂ်တွေလည်း ဖတ်ချင်သေးတယ်လေ။
ဘာပဲပြောပြော သတင်းထဲထည့်ပေးတာ ကျေးဇူးတင်ပါတယ်။
ခင်မင်လျှက်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...