နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 27 June 2010

တပတ်အတွင်းဘလော့သတင်း

 မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လကွယ်နေ့ ခရစ်နှစ်၂၀၁၀ခု ဇူလိုင်၂၆ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှ ၊ တပတ်အတွင်း သတင်းပဒေသာများကို စတင်ကြေငြာပါတော့မယ် ။

ရွှေပြည်ကြီး၏ မြို့တော်နေပြည်တော်တွင် အမျိုးသားကြီး၂၇ဦးမှာ အမျိုးသမီးဝတ် ကြိုးကြီးချိပ်ခေါ် အချိပ်လုံချည်တမျိုးကို  အရောင်အသွေးစုံလင်စွာ မော်ဒယ်မသုံးဘဲ အမျိုးသား  ကြီးများဝတ်ဆင်ကြေငြာသွားခြင်း ၊ ချောအစိမ်းရောင်လွင်ပြင်တည်ထောင်သူ မမချောခရီးမှပြန် လည်ရောက်ရှိခြင်း ၊ ဘလော်ကာ မကောင်းမွန်ဝင်း ပို့စ်အသစ်တင်ခြင်း ၊ ၂၀၁၀ အမတ်လောင်းမမ ဗေခေါ် မဗေဒါသည် ဆွီင်္ဒင်မှအပြန် ပိုစ့်သစ်တခုတင်ခြင်း ၊ ဘလော်ကာနှင်းမိုးမိုးခေါ် မိရွှေနှင်း သည်ဘလော့လဲမရေး ဘလော့ကိုလဲမစောင့်လျှောက်ဘဲ ရွာရိုးကိုးပေါက်လျှောက်လည်နေခြင်း ။

သတင်းအစုံလင်မှာ

ရွှေပြည်ကြီး၏ မြို့တော်ကြတ်ပြေးတွင် ပြီးခဲ့သည့်ဇွန်လ ၂၁ရက်နေ့တွင် ၊ ကြိုးကြီးချိပ်ခေါ် မိန်း မ၀တ် အချိပ်လုံးချည်တစ်မျိုးအား ၊ အမျိုးသားကြီးများ ၀တ်ဆင်ပြီး ပရိုမိုးရှင်းလုပ်ခဲ့ကြသဖြင့် ၊ ခါ တိုင်းကြေငြာနေကြဖြစ်သော အမျိုးသမီးမော်ဒယ်များမှာ ရင်ထုမနာတစိမ့်စိမ့်ကြေကွဲလျှက်ရှိပြီး အခန်းနားကိုတတ်ရောက်လာသော လာအိုနိုင်ငံမှ အရာရှိကြီးမှာ ဂေးများစုဝေးနေထိုင်တတ် သောထိုင်းနိုင်ငံကို ရောက်ရှိနေသလိုခံစားရပါကြောင်းပြောဆိုပြီး ၊ ရွှေနိုင်ငံသားတို့အနေဖြင့် ဤ ကဲ့သို့ ယောကျာင်္းရင့်မာကြီးတို့အနေဖြင့် ဤနည်းဤပုံဖြင့် ပရိုမိုးရှင်းလုပ်သည်မှာ နှစ်သုံးဆယ်အ တွင်း လွန်တရာမှထူးခြားကြောင်းနှင့် ၊တောင်ပြုံးနတ်ပွဲတာဝန်ခံမာမီတဦးမှလဲ နတ်ပွဲချိန်မဟုတ်ဘဲဤကဲ့သို့ဝတ်ဆင်ကြသည်မှာ ကိုကြီးကျော်ဟုခေါ်သောနတ်ကမကြိုက်ကြောင်း မန္တလေးမြို့မှ အချိပ်လုံချည်ရောင်းဝယ်ရေး တခုမှလဲ ၄င်းတို့တိုက်မှ ဇွန်လ၂၀ရက်နေ့ညတွင် မိန်းမ၀တ်အချိပ်လုံချည် ၂၇ကွင်း ၊ မောင့် ကျတ်သရေခေါင်းပေါင်း ၂၇ လုံး ၊ ကတ္တီပါ ခုံအမြင့်ဖိနပ် ၂၇ ရံမှာ ထူးဆန်းစွာပျောက်ဆုံးသွား ကြောင်း ၊ ပျောက်သွားသော ပစ္စည်းအားလုံးမှာ ၂၂ ရက်နေ့ နေ့စဉ်သတင်းစာတွင် လူတချို့ဝတ် ဆင်ထားတာတွေ့မြင်ရကြောင်း ပြည်တွင်းသတင်းများကိုကိုးကားပြီးသိရှိရပါသည်..။

ခရီးထွက်နေသော အစိမ်းရောင်လွင်ပြင်တည်ထောင်သူမမချောမှာ ခရီးမှပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းနှင့် စာပေများဆက်လက်ရေးသားလျှက်ရှိပါကြောင်း သတင်းရရှိပါသည် ။

စာတပုဒ်ရေးပြီးလျှင် ၊ နောက်တပုဒ်နှင့် အလှမ်းကွာဝေးလွန်းလှသော ဂျပန်နိုင်ငံအခြေဆိုက် မမကောင်းမွန်ဝင်းသည် ၊ ယနေ့ညပိုင်းတွင် ကွန်ပျုတာစောင့်နတ်၏ နိုးဆော်တိုက်တွန်းမှုကြောင့် ဒစ်စနေးဆီး ဟူသော ပိုစ့်အသစ်ကို တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။

၂၀၁၀အမတ်လောင်းကြီး မမဗေခေါ် ဗေဗေသည် အလုပ်မရှိအလုပ်ရှာပြီး ဟိုသွားဒီသွားသွားရာမှ လမ်းတွင် ဘောပင်တချောင်းကောက်ရသဖြင့် အသင့်ပါလာသော စာအုပ်တွင်တွေ့ရာမြင်ရာကို ရေးခြစ်ရင်း မတော်တဆ စာပိုဒ်ဖြစ်သွားသဖြင့် ကိုယ်ပိုင်ဗီဇာဖြင့်ခရီးသွားခြင်း ဟူ၍ အမည်ပေးခါ သူ၏ဘလော့တွင် တင်ထားကြောင်းသတင်းရရှိပါသည် ။

နှင်းမိုးမိုး ဘလော့ကိုတည်ထောင်သူ မရွှေနှင်းခေါ် ပေတိုးသည် အလုပ်မရှိအလုပ်ရှာပြီး ရွာရိုးကိုး ပေါက် ၊ လျှောက်လည်လျှက် စာလဲတလုံးမှမရေး ဘလော့သို့လဲမလာ သူ့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဖြစ်သော ၊ ထိုင်းနိုင်ငံတွင် ပညာရင်နို့သောက်စို့နေသော နောင်တချိန်ကမ္ဘာကျော် ဘလော်ကာကြီးတဦးဖြစ်လာမည့်အပြင် ၊ သူထက်ရုပ်ရော အသံပါ ကိုးဆကျော် ဆယ်ဆနီးပါးမ က သာလွန်သည့် ခုဝယ်ဆရာလေး နောင်သော်ဆရာကြီးဖြစ်လာ မည့်ကိုကိုဇေတာရာအား လခမပေးဘဲ ဘလော့ကိုအခမဲ့ကြည့်ရှုခိုင်းခြင်း ၊ အခမဲ့ရေးသားစေ ခြင်း စသောဘလော့၏ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ဇွတ်ရောအဓမ္မပါ တာဝန်ပေးအပ်ပြီး ၄င်းကိုယ်တိုင်ကမှု ရွာရိုးကိုးပေါက် လျှောက်လည်လျှက်ရှိကြောင်း ဂျီတော့သတင်းအရသိရှိရပါ သည် ။

မိုးလေ၀သအထူးသတင်း
ယနေ့ဂြိုလ်တုကပေးပို့သည့်ပုံကြီးအရကပ္ပလီပင်လယ်တွင်တိမ်အ သင့်တင့်ဖြစ်ထွန်းနေ ပါတယ်ရခိုင်ပြည်နယ်   ၊ မွန်ပြည်နယ်နှင့် တနလာင်္ရီတိုင်း အောက်ပိုင်းတို့တွင် အများအားဖြင့်သာယာပါ မယ် ၊ နေပြည်တော်နဲ့အနီးတ၀ိုက်အတွက် ခန့်မှန်းချက်ကတော့ ယနေ့မိုး ရွာရင်ရွာမယ်မရွာရင် မရွာဘူး ဤတွင် သတင်းများကိုကျေညာလို့ပြီးပါပြီ စက္ခုရှင်များ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာ ကြပါစေ။  ။
ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။

7 comments:

Myanmar Good Knowledg Co., Ltd said...

ကိုဇေတာရာရေ
ကျွန်မမှာတောင် အဲလို ထမိန်ကောင်းကောင်းတစ်တည်မှ မရှိဘူး။
အဆင်တွေအရမ်းလှတယ်နော်။
ဒါနဲ့ .....
ကျွန်မပို့စ်တွေ တစ်ခုနဲ့တစ်ခုအရမ်းဝေးတာ
ကိုတောင်လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုက်တယ်ကွာ
အပေါ်က ပုံကြီးက
အချိတ်ထမိန်ဆိုင်တွေမှာ ကြော်ငြာအနေနဲ့ ဒီဓာတ်ပုံကို ချိတ်ထားရမှာနော်..
ကြည့်ရတာ သတို့သားတွေနဲ့ နင်လား ငါလား..
ယတြယာချေတာလား မသိဘူး.. တစ်ခုခုတော့ တစ်ခုခုဘဲ..း)
သတင်းစုံလှချည့်....

mp Baydar said...

Dear Mg Zay,

hey, I am still in Sweden and your essay is good. Also the picture is really nice haaaaaaan. where did you get it____.

no burmese access right now.

have a nice day.

MP Baydar 88

နတ်ဆိုးလေး said...

အာ...... ကိုဇေ လုပ်လှချည်လား..
ဘုရားဘုရား
လက်ထိပ်စော်နံတယ်
ပြေးမှ..

The Queen said...

yoooo... like this new! wonderful writing.

သဒ္ဓါလှိုင်း said...

ဟုတ်ပါ့....ကြည့်ရတာ ယတြာချေတာဖြစ်မယ်..။
ဒါနဲ့ ပုဆိုးတွေပျောက်သွားတယ်ဆို........
ကြော်ငြာခိုင်းတာဆိုရင်တော့ ရောင်းအားကောင်းပါ့မလား.

ခင်မင်စွာ
သဒ္ဓါ

ကိုကိုးအိမ်(မန္တလေး) said...

ဇေရေ ပို့စ်လေးက လန်းလှချည်လားဟ
လက်သွက်တယ်နော် ခြေကလည်းမြန်ပါ့
အင်း ဘလော့ဂါအတင်း အဲလေ သတင်းတွေ အစုံသိရတာပေါ့

ကိုကိုးအိမ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...